ဘီလင်းတွင် ကျောင်းသားနှင့် ဒေသခံအယောက် ၄၀ ခန့် အစာအဆိပ်သင့်

0
462

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မုသင်ကျေးရွာ အထက်တန်းကျောင်းခွဲမှ ကျောင်းသူ၊သားများနှင့် ဒေသခံ စုစု ပေါင်း အယောက် ၄၀ ခန့် အစာအဆိပ် သင့်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံ တာဝန် ရှိသူများထံမှ သိရသည်။

မုသင်ကျေးရွာ အထက်တန်း ကျောင်းခွဲမှ ကျောင်းသူ၊ သားများနှင့် အပြင်လူ ၉ ဦးခန့် စုစုပေါင်းအယောက် ၄၀ ခန့်တို့က ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းခန့်တွင် ဗိုက်နာခြင်း၊ အော့အန်ခြင်းများဖြစ်ပွားခဲ့ကြောင်း မုသင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ကိုအေး က ပြောသည်။လက်ရှိတွင် အားလုံး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာကြပြီဖြစ်ကြောင်း ဆေးရုံတွင် ဆက်လက်ကုသ လျက်ရှိနေ သေးကြောင်း ဦးအောင်ကိုအေးက ပြော သည်။
အစာအဆိပ်သင့် ခံစားရသူများသည် မုသင်ကျေးရွာ အထက်တန်းကျောင်းခွဲမှ ၈ တန်းကျောင်းသားများ အပါအဝင် KG တန်း၊ မူလတန်းအစရှိသည့် အတန်း စုံမှ ကျောင်းသားများပါဝင်ကြောင်း ဒေသခံတာဝန်ရှိသူတို့က ပြောသည်။

 
ဇူလိုင်လ ၂၂ ရက် နံနက်တွင် အစာ အဆိပ်သင့်သူများ ပြန်လည်ကောင်းမွန် လာပြီး ဖြစ်ပွားသည့် အကြောင်းအရင်းကို ပြည်နယ်ကျန်းမာရေးဌာနက ဆက်လက် စစ်ဆေး လျက်ရှိသည်ဟုဘီးလင်းမြို့ နယ် အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါ်သီရိရတနာက ပြောသည်။