ထားဝယ်ရှိ အအေးခန်းစက်ရုံတွင် ဓာတ်ငွေ့ယိုစိမ့်၊ အနီးဝန်းကျင်နေသူများ အသက်ရှုကြပ

0
445

ထားဝယ်မြို့ရှိ ဟိုင်ယွမ်ငါးအအေး ခန်းစက်ရုံတွင် ဇူလိုင်လ ၂၂ ရက် ညနေ ပိုင်းက အမိုးနီးယားဓာတ်ငွေ့ ယိုစိမ့်ကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသဖြင့် ပတ်ဝန်း ကျင်နေသူများ အသက်ရှုကြပ်ခြင်းနှင့် မျက်လုံး ပူစပ်ခြင်းများ ခံစားခဲ့ကြရ သည်။


ယိုစိမ့်ထွက်လာသည့် အမိုးနီးယား ဓာတ်ငွေ့ကြောင့် မျက်လုံးများ ပူစပ်လာ သည်ဟု ယင်းစက်ရုံ အနီးနေထိုင်သည့် အသက် ၁၉ နှစ်အရွယ် အမျိုးသမီး တစ်ဦးက ဆိုသည်။ ” တစ်ဖြည်းဖြည်းနဲ့ အသက်ရှုကြပ် လာတယ် ”  ဟု အဆိုပါ အမျိုးသမီးက ဆိုသည်။
ကလေးများ၏ မျက်စိ ထိခိုက်မည် ကိုစိုးရိမ်သဖြင့် လောင်းလုံးမြို့နယ်ရှိ ဆွေမျိုးအိမ်သို့ ချက်ခြင်းပို့လိုက်ရကြောင်း အသက် ၃ နှစ်ခွဲ အရွယ်နှင့် ၅နှစ်ခွဲအရွယ် ကလေးနှစ်ဦး ရှိသည့် ကလေးမိခင်တစ်ဦး က ဆိုသည်။

dawei_fish_factory
စက်ရုံအတွင်း ၁လက်မခွဲအရွယ်ရှိ သည့် အမိုးနီးယား ပိုက်လိုင်းတွင် ပိုက် ဆက်နေရာမှ (ပိုက်ဆက်နေရာတွင် ကြားခံထားသည့် မီးခံပါကင်ပြား) ယို စိမ့်ခြင်းဖြစ်ကာ ငါးမိနစ်ခန့်အကြာတွင် ပိတ်လိုက်နိုင်ကြောင်း ယင်းစက်ရုံတာ ဝန်ခံ ကဆိုသည်။
” ဖြစ်တာနဲ့ မီးသတ်ကို အကြောင်း ကြားလိုက်တော့ မီးသတ်ကားတစ်စီး    ရောက်လာပြီး ရေဖြန်းပေးသွားတယ်” ဟု အဆိုပါ စက်ရုံတာဝန်ခံက ပြော သည်။
အမိုးနီးယား ဓာတ်ငွေ့မှာ ရေနှင့် ထိတွေ့ပါက ရေတွင်ပျော်ဝင်နိုင်ပြီး   ရေရှည် ရှုမိပါက မူးမေ့နိုင်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ဟိုင်ယွမ် ငါးအအေးခန်း စက်ရုံမှာ မတ်လ ၇ ရက် ညပိုင်းတွင် အလုပ်ရှင်နှင့် အလုပ်သမားအချို့ စကား များ ရန်ဖြစ်ကြသည့်အပေါ် ရပ်ကွက် တာဝန်ရှိသူများမှ အကူအညီတောင်း သဖြင့် ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖျန်ဖြေစဉ် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး ယင်း စက်ရုံမှ အလုပ်သမားတစ်ဦးမှာ ရဲတပ် ဖွဲ့ဝင်တစ်ဦး၏ ရိုက်နှက်မှုကြောင့် သေဆုံးသွားခဲ့ဖူးသည်။