မြိတ် အထပ်သားစက်ရုံ ယာယီရပ်နား

0
473

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စု ကုန်းဖေါက်(၂)ရပ်ကွက်ရှိ မြိတ် အထပ်သားစက်ရုံကို ဇူလှိုင်လ ၂၆ ရက်မှစပြီးယာယီ ရပ်နားသွားမည်ဖြစ် ကြောင်း ယင်းစက်ရုံမန်နေဂျာ ဦးပီတာ ထံမှ သိရသည်။

အထပ်သားစက်ရုံမှ သစ်ပါးလွှာ များကို ထုတ်ယူနိုင်ရန်အတွက် လိုအပ် သည့် ကညင်နှင့်ဆီ အမျိုးအစား သစ်များကို မြန်မာ့သစ်လုပ်ငန်းနှင့် တင်ဒါစနစ်တို့မှ ဝယ်ယူအသုံးပြုနေပြီး လက်ရှိတွင် ကုန်ကြမ်းမရတော့ဟု ယင်း စက်ရုံမှ သိရသည်။
” သစ်ကုန်ကြမ်းမရလို့ ယာယီနား လိုက်တာပါ၊ ယာယီက တစ်နှစ်လည်း ဖြစ်ချင်ဖြစ်မယ်၊ ခန့်မှန်းပြောလို့မရဘူး၊ သစ်ကုန်ကြမ်း ပြန်ရခဲ့ရင် စက်ရုံပြန် လည်ပတ် သွားပါမယ်” ဟု စက်ရုံမန် နေဂျာ ဦးပီတာက ပြောသည်။

 
ယခု ၂၀၁၆-၂၀၁၇ ခုနှစ်တွင် နိုင်ငံတော်မှ သစ်ထုတ်လုပ်ခွင့် တစ်နှစ် ရပ်နားထားကြောင်း မြိတ်မြို့နယ် သစ် တောဦးစီးဋ္ဌာနမှ သိရသည်။
အထပ်သားစက်ရုံမှ ထွက်ရှိသည့် သစ်ပါးလွှာများကို ရန်ကုန်မြို့မှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ကုန်ချောသစ်ပါးလွှာ အဖြစ် တင်ပို့ ရောင်းချနေပြီး ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က သစ်ပါးလွှာ တန်ချိန် ၂၅၀၀ တင်ပို့ခဲ့ကြောင်း ယင်းစက်ရုံမှ သိရသည်။
ယင်းကဲ့သို့ စက်ရုံကို ယာယီရပ်နား လိုက်သည့်အတွက် စက်ရုံအလုပ် သမား ၁၀၀ ဦးကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး အလုပ်သမားများက နစ်နာ ကြေးများကို အပြည့်အဝရရေး တောင်း ဆိုခဲ့သည်။

 
ယင်းအတွက် မြိတ်မြို့နယ် အုပ် ချုပ်ရေးမှူး၊ လူမှုဖူလုံရေး ဦးစီးဌာနနှင့် အလုပ်သမား ညွှန်ကြားရေး ဦးစီးဋ္ဌာန တို့ပါဝင်သည့် မြို့နယ် ညှိနှိုင်းဖြန့်ဖြေ ရေးအဖွဲ့က ဇူလှိုင်လ ၂၁ ရက်က အလုပ်ရှင်နှင့် အလုပ်သမားတို့ အကြား ဝင်ရောက်ဖြေရှင်းပေးခဲ့သည်။
” သစ်ကုန်ကြမ်းမရတော့ အလုပ် သမားတွေကို အလုပ်ခန့်လို့ မရတော့ ပါဘူး။ အလုပ်သမားတွေကို ဥပဒေပါ အတိုင်း နစ်နာကြေးတွေကို ဇူလိုင်လ ၃၀ ရက်နေ့မှာ ပေးသွားပါမယ် ”  ဟု အထပ်သားစက်ရုံ ဦးစီးလုပ်ကိုင်နေသူ အိန္ဒိယနိုင်ငံသား မြ. ဗညိ့ကူဩငညက ပြောပြသည်။

 
ယင်းစက်ရုံသည် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံသား တစ်ဦးပိုင်မှ စတင် လုပ်ကိုင်ခဲ့ရာမှာ ၂၀၁၃ ခုနှစ်မှစပြီး အိန္ဒိယလုပ်ငန်းရှင် အချို့က အငှား စနစ်ဖြင့် လည်ပတ်ခဲ့ကြောင်း မြိတ်မြို့ နယ် အလုပ်သမားညွှန်ကြားရေး ဦးစီး ဋ္ဌာနမှ သိရသည်။
အဆိုပါ အထပ်သားစက်ရုံတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တို ဘာလက တစ်ရက်လုပ်ခ ၃၆၀၀ ကျပ် မရရှိသဖြင့် အလုပ်သမား ၁၇၀ ဦး ကျော်မှ လစာမထုတ် အလုပ်မဆင်း ကြဘဲ ဆန္ဒထုတ်ဖော်ခဲ့ဖူးသည်။