သံလွင်တံတား တည်ဆောက်မှု ၅၆ ရာခိုင်နှုန်းပြီးစီး

0
544

မော်လမြိုင်မြို့ဘက်ကမ်း မုပွန်နှင့် ချောင်းဆုံဘက်ကမ်း ကညှော်သို့ ဆက် သွယ်တည်ဆောက်လျက်ရှိသည့် သံလွင် တံတား (ချောင်းဆုံ) စီမံကိန်း တည် ဆောက်မှု ၅၆ ရာခိုင်နှုန်းထိ ပြီးစီး နေပြီဟု သံလွင်တံတား (ချောင်းဆုံ)တည်ဆောက်ရေးအဖွဲ့ထံမှ သိရသည်။


ယင်းစီမံကိန်ုးကို ခန့်မှန်းငွေတန်ဖိုး ကျပ်သန်းပေါင်း ၅၉၈၀၀ ဖြင့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလခန့်က စတင် အကောင် အထည်ဖော် တည်ဆောက်ခဲ့ပြီး ၂၀၁၆ ခုနှစ် ဇူလိုင်လ တတိယအပတ်တွင်             ၅၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။” ခက်ခဲတဲ့အပိုင်းတွေကိုလည်း တည်ဆောက် ပြီးပြီ၊ ရေလယ်တိုင် ၅ တိုင်ကိုလည်း တူးပြီးပြီ၊ ကမ်းနှစ်ဘက် သံဘောင်တွေလည်း တင်ဆင်နေပြီ ” ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန တံတားဦးစီးဌာနမှ တည်ဆောက်ရေး အဖွဲ့ (၄) မှ သံလွင်တံတား (ချောင်းဆုံ)တည်ဆောက်ရေး စီမံကိန်း တာဝန်ခံ ဦးသိန်းမြင့်မွန်က ပြောသည်။

 
သံလွင်တံတား (ချောင်းဆုံ) စီမံ ကိန်းကို ၂၀၁၇ ခုနှစ် မတ်လခန့်တွင် သွားလာအသုံးပြုနိုင်ရန် လျာထားတည် ဆောက်လျက် ရှိသည်။
တံတားစီမံကိန်းကြီးတစ်ခုလုံးတွင် တံတားနှင့် လမ်းတည်ဆောက်မှု နှစ်ပိုင်း ရှိကာ တံတားတည်ဆောက်ရန်အတွက် ငွေကျပ် သန်းပေါင်း ၅၅၀၀၀ ကို ပြည်ထောင်စုဘတ်ဂျက်မှရရှိပြီး လမ်း တည်ဆောက်ရန်အတွက် ပြည်နယ်ဘတ် ဂျက်မှ ငွေကျပ်သန်းပေါင်း ၄၀၀၀ ကျော်ရရှိသည်ဟုတံတားစီမံကိန်း တာဝန်ခံထံမှ သိရသည်။

 
အရှည် ၅၂၀၃ ပေ၊ အကျယ် ၂၈ ပေရှိသည့် နှစ်လမ်းသွားသံလွင်တံတား (ချောင်းဆုံ)သည် သံမဏိသံဘောင် ဂုံးတံတားဖြစ်ပြီး၊ မော်လမြိုင်ဘက်ကမ်း ပုမွန်ချဉ်းကပ်လမ်း အရှည်ပေ ၇၅၇ ခန့်ရှိပြီး ဘီလူးကျွန်း ကညှော်ဘက် ချဉ်းကပ်လမ်း အရှည် ၁၆၉၈၀ ပေခန့် ရှိသည်။
တံတားကိုမော်လမြိုင်နှင့် ဘီလူးကျွန်းအကြား ဖြတ်သန်းစီးဆင်းနေ သည့် သံလွင်မြစ်၏ အကျဉ်းဆုံးနေရာကို ရွေးချယ်ထားပြီး ဆောက်လုပ်ရေးဝန်ကြီး ဌာနတံတားဦးစီးဌာနမှ တည်ဆောက် ရေးအဖွဲ့ (၄) နှင့် တည်ဆောက်ရေးအဖွဲ့ (၁) တို့က တာဝန်ယူ အကောင်အထည် ဖော် ဆောက်လုပ်လျက်ရှိသည်။
သံလွင်တံတား (ချောင်းဆုံ) ပြီးစီးသွားပါက မော်လမြိုင်ဘက်ကမ်း နှင့် ချောင်းဆုံဘက်ကမ်းသို့ အလွယ် တကူ ဆက်သွယ်သွားလာနိုင်မည် ဖြစ် ကာ ချောင်းဆုံဒေသဖွံ့ဖြိုးတိုးတက်လာ မည်ဟု ဒေသခံတို့က မျှော်လင့်နေကြ သည်။