ကျိုက်မရောဒေသခံများ ကျောက်မီးသွေး ဆန့်ကျင်ရေးလှုပ်ရှားမှု ဆက်တိုက်ပြုလုပ်

0
454

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အတွင်းရှိ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားဖြင့်လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံ (Mawlamyine Cemant Ltd. (MCL))  အား ကန့်ကွက် သည့် လှုပ်ရှားမှုကို ကျိုက်မရောဒေသတွင် ဆက်တိုက်ပြုလုပ်လာ ကြသည်။


ကျိုက်မရောဒေသရှိ သံဃာတော် များဦးဆောင်ပြီး လူငယ်များပါဝင်သည့် “ကျောက်မီးသွေး အလိုမရှိ “စတစ်ကာ လှုပ်ရှားမှု တစ်ရပ်ကို ဇူလိုင်လ ၁၈ ရက်က ဘိလပ်မြေစက်ရုံတည်ရှိရာ အနီး ဝန်းကျင် ကျေးရွာပေါင်း ၁၂ ရွာခန့်တွင် ပြုလုပ်ခဲ့သည်။
ယင်းလှုပ်ရှားမှုအတွက် စတစ်ကာ ပေါင်း ၂၀၀၀ ကျော် အသုံးပြုခဲ့သည်။

coal_kyaikemayawr
” ပြီးခဲ့တဲ့လကလည်း ဆိုင်းဘုတ် စိုက်ထူတာလက်ကမ်း စာစောင်ဖြန့်ဝေ တဲ့ လှုပ်ရှားမှုလုပ်ခဲ့ပြီးပြီ” ဟု ကော့ ပနောကျေးရွာ ကျောင်းထိုင်ဆရာတော် ဦးသုမနက မိန့်ကြားသည်။ကျောက်မီးသွေးသုံးပြီး လည်ပတ် မည့် ဘိလပ်မြေစက်ရုံ စီမံကိန်းကို ဒေသခံများကန့်ကွက်သည်ကို အများ သိရှိစေရန်နှင့် ကျောက်မီးသွေးစက်ရုံ ကြောင့် နောက်ဆက်တွဲ ကျန်းမာရေး၊ စီးပွားရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုအခြေအနေများကို ဒေသခံတို့ သိရှိနားလည်လာအောင် ယခုကဲ့သို့သော လှုပ်ရှားမှုမျိုးကို လုပ်ဆောင်ခြင်း ဖြစ် သည်ဟု လှုပ်ရှားမှုဦးဆောင်သူများက ပြောသည်။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားဖြင့် လည်ပတ်မည့် ယင်းစက်ရုံ ရပ်တန့်ပေးရန် ဒေသခံ ၃၇၀၀ ကျော် တို့က လက်မှတ်ထိုးပြီး ဧပြီ ၂၅ ရက်က မွန်ပြည်နယ်အစိုးရနှင့် မွန်ပြည်နယ် လွှတ်တော်တို့ထံ တင်ပြထားသည်။ဒေသခံတို့၏ တိုင်ကြားချက်အရ လွှတ်တော်က ဇွန်လ ၁ ရက်က လွှတ် တော် ဒုဥက္ကဋ္ဌ ဦးဆောင်ပြီး လွှတ်တော်မှ ဖွဲ့စည်းထားသည့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ တိုင်ကြားစာနှင့်အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေး ကော်မတီ ဝင်များ၊ ဥပဒေပြုရေး စိစစ်ရေးကော်မတီ ဝင်တို့က စက်ရုံကို ကွင်းဆင်းသွားရောက် စစ်ဆေးခဲ့ပြီဖြစ်သော်လည်း တစ်စုံ တစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပေ။
ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ် အားဖြင့် လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံသည် အမေရိကန် ဒေါ် လာသန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင် လည်ပတ်သွားမည်ဟု စက်ရုံစီမံကိန်း အစီရင်ခံစာအရ သိရသည်။
ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ် ဓာတ်အား ၄၉ မဂ္ဂါဝပ် လိုအပ်ပြီး ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်း များမှ ၄၀ မဂ္ဂါဝပ်ကို လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သောလေပူ Waste Heat Generator  မှ ၉ မဂ္ဂါဝပ်ကို လည်းကောင်း ထုတ်ယူသုံးစွဲသွားမည်ဟု စီမံကိန်းအစီရင်ခံစာတွင် ပါရှိသည်။