ထားဝယ်တွင် အာဇာနည်နေ့အခမ်းအနား လူထောင်ချီ တက်ရောက်ဂါရ၀ပြု

0
562

ဇူလိုင်လ ၁၉ ရက်နေ့ မနက်ပိုင်းက ကျင်းပပြုလုပ်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသို့ တိုင်း ဒေသကြီး ဝန်ကြီးချုပ်အပါအဝင် လူ ထောင်ချီတက်ရောက်ပြီး ဂါရ၀ပြုကာ လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုခဲ့ကြသည်။


dawei_july19အာဇာနည်နေ့ အခမ်းအနားကို ထားဝယ်မြို့ စည်ပင်သာယာဝင်း အ တွင်းရှိ လွတ်လပ်ရေးကျောက်တိုင်တွင် နှစ်ပေါင်း ၂၅ နှစ်ခန့်အတွင်း ပထမဆုံး အကြိမ် ပြန်လည်ကျင်းပခွင့်ရခဲ့ခြင်း ဖြစ် သည်။

 

ယင်းနေရာ၌ ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် နှစ်ကြိမ်၊ သုံးကြိမ် ခန့်သာ ကျင်းပခွင့်ရခဲ့ပြီးနောက် ကျင်းပ ခွင့်မရတော့ကြောင်း ၁၉၈၈ ခုနှစ် နောက်ပိုင်း ကျင်းပစဉ်က ဘင်ခရာအဖွဲ့ ဝင်အဖြစ် ပါဝင်ခဲ့သည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦး က ဆို သည်။
“၈၈နောက်ပိုင်း တပ်မတော်အစိုးရ တက်ပြီး သုံးကြိမ်လောက်ပဲ ကျင်းပ ခွင့်ရပြီး တောက်လျှောက် ကျင်းပခွင့် မရတော့ဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။ပြီးခဲ့သည့် အာဇာနည်နေ့ အခမ်း အနားများကို ထားဝယ်မြို့တော်ခန်းမ အရှေ့ရှိ ဗိုလ်ချုပ် မြင်းစီးကြေးရုပ်တွင် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း များ၏ စောင့်ကြည့် ခံရမှုများစွာဖြင့် ကျင်းပခဲ့ကြသည်။