သာဓုတစ်ကြိမ် ကျန်သေး၏

0
555

တနင်္သာရီအစိုးရသစ်က သတ္တုတွင်း များကို စိစစ်မည်ဟုဆိုသည်။

သာဓုနှစ်ကြိမ် ခေါ်ပါ၏ ။


မယုံ၍မဟုတ်။ လွယ်မယောင် နှင့် ခက်မည့်ကိစ္စဟု မှန်းဆမိသဖြင့် ပြီး မြောက်အောင်မြင်သောအခါမှ စိတ်ဒုံးဒုံး ချ နောက်ဆုံး သာဓုကို ခေါ်လိုခြင်းသာ ဖြစ်သည်။ အရင်အစိုးရအဆက်ဆက် တုံဏှိဘာဝေလုပ်နေခဲ့သော ကိစ္စကို နှုတ် မနှေးဘဲ တနည်းဆို သော် နှုတ်ဆွံမနေဘဲ ရဲရဲတင်းတင်း ကိုင်တွယ်မည်ဆိုခြင်းမှာ ကြိုဆိုရမည်မဟုတ်လော။ အပြောမဟုတ် အလုပ်နှင့် သက်သေပြရန်သာ လိုတော့ သည်။

sardu_linnaing
တိုင်းအတွင်းရှိ သတ္တုတွင်း လုပ် ငန်းများသည် နှစ်ပေါင်းများစွာ လူပြော များစရာ ဖြစ်နေသည်မှာ ငြင်းမရသော ကိစ္စဖြစ်သည်။ နုံးအတိဖြင့် ဝါထိန်နေ သော မြစ်ချောင်းများ၊ ယမန်နှစ်များ အတွင်း ခပ်စိပ်စိပ် ဆန္ဒပြမှုတောင်းဆို မှုများနှင့် ဒေသခံများမှ တရားစွဲဆို ရင် ဆိုင်သည်အထိ ဖြစ်ရပ်များက သက်သေ ပင်။ ယခု စတင်ကြပ်မတ်မည်၊ စည်းကမ်း နည်းလမ်းတကျဖြစ်စေမည် ပြောလာပြီ။

 
ဘယ်က စမည်နည်း။
ကာလရှည် မဖြေရှင်းခဲ့သော ကိစ္စ ကို အခုမှ စတင်ကိုင်တွယ်ရမည်မှာ ပမာပြုရလျှင် နာတာရှည်ရောဂါသည် တစ်ဦးအား ဆေးကုရသလိုပင် ဖြစ်မည် ထင်၏။လတ်တလော ဝေဒနာသက်သာရန် ကြိုးပမ်းရမည်ဖြစ်သလို ရောဂါဇာစ်မြစ် ကို ဖော်ထုတ်ကုသနိုင်မှ နာလန်ထူနိုင်မည် မဟုတ်လား။

 

ရေတို ရေရှည် ဆိုပါစို့။
သတ္တုလုပ်ကွက်များ စိစစ်ရေးကော် မတီကို ဖွဲ့စည်းပြီးဖြစ်သည်။ တိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ ဝန်ကြီးဦးဆောင်သည်။ သို့သော် ထားဝယ်ခရိုင်ဖြစ်သည်။ ရည်ရွယ်ရင်း နှစ်ချက်မှာ သဘာဝပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး နှင့် ဥပဒေ နည်းဥပဒေ များကို လိုက်နာမှု ရှိ^မရှိ စစ်ဆေးကြပ်မတ်နိုင်ရန်ဖြစ်သည် ဟု ဆိုထားသည်။ထုတ်ပြန်ထားသော စာအရ စိစစ် ရေးအဖွဲ့၏ အလုပ်မှာ အထက်ပါနှစ် ချက်အပြင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာ ရေး ထိခိုက်မှု ရှိ၊ မရှိ စစ်ဆေးရန်၊ ဒေသခံ သဘောထားတို့အား စိစစ်ရန်၊ ဒေသခံများပါဝင်သော စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့ရန်ဖြစ်သည်။ ခြုံငုံ၍ ဆိုရလျှင် ဘာတွေလုပ်မည် ဆိုထားခြင်း ဖြစ်သည်။

 

ဘယ်လို လုပ် မည်ဟု တိတိကျကျမဆိုထား။ တစ်နည်း ဆိုရလျှင်What to do   သာဖြစ်ပြီး  How to do မဟုတ်သေး။
သတ္တုတွင်းများက ပေးသော လတ်တလော ဝေဒနာမှာ မြစ်ချောင်းများ တစ်နည်းဆိုလျှင် ရေအရင်းအမြစ်များ ပျက်စီးယိုယွင်း လာခြင်းဖြစ်သည်။ ဒေသခံများက ညစ်ညမ်းသည်ဟု စွပ်စွဲ သည်။ သုတေသနများ၊ စမ်းသပ်စစ် ဆေးမှုရလဒ်များ ထုတ်ပြသည်။ အစိုးရ က ဘာမှ မတုံ့ပြန်။ ကုမ္ပဏီက မဆိုင် သလို နေခဲ့သည်။ အဖြေကား မထွက်။

 
ထိုသို့ ထပ်မဖြစ်စေရန် နည်းလမ်း တစ်ခုမှာ အတူတကွ စစ်ဆေးစမ်းသပ်ခြင်း ဖြစ်သည်။ တကယ်ညစ်ညမ်းမှု ရှိ^မရှိ ဓာတု ဆေးဝါး သုံးစွဲမှု ရှိ^မရှိကို ဒေသခံ များ၊ အစိုးရဌာန ၊ ကုမ္ဗဏီတို့ပါဝင်သော ပူးပေါင်းအဖွဲ့ ဖြင့် စစ်ဆေးရန် လိုသည်။ သိပ္ဗံနည်းကျ ရလဒ်များကို အခြေပြုမှသာ အရေးယူဆောင်ရွက်ရန် လို/မလို အဖြေ ထွက်နိုင်မည့် အခြေအနေဖြစ်သဖြင့် ထိုသို့ ပူးတွဲစစ် ဆေးရန် အခွင့်အလမ်းကို ဖန်တီးပေးရန်လိုသည်။ လက်ရှိအနေ အထားအရ ပြည်တွင်းရှိ အစိုးရ အသိ အမှတ်ပြု ဓာတ်ခွဲခန်းများ သာမက နိုင်ငံ တကာ ဓာတ်ခွဲခန်းများကိုပါ လက်လှမ်း မီနိုင်သော အခြေအနေဖြစ်သဖြင့် မခဲ ယဉ်းလှပါ။ မည်သည့်နေရာမှာ မည် သည့် အချိန်စစ်မည်ကို ပညာရှင်များ၏ အကြံပြုချက်ဖြင့် အသေးစိတ်ညှိနှိုင်းရန် သာ လိုပါသည်။

 
မြစ်ချောင်းများ ညစ်ညမ်းမှုသည် သောက်သုံးရေရှားပါးခြင်း၊ သဘာဝအလှ အပများကို ပျက်စီးစေခြင်းသက်သက် မဟုတ်။ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများ ကိုပါ ထိခိုက်စေခြင်းဖြစ်သည်။ တချို့  တိုင်းရင်းသားကျေးရွာများတွင် ခရစ်ယာန် ထုံးတမ်းအရ နှစ်ခြင်း ခံခြင်းကို မြစ် ချောင်းများတွင် ပြုလုပ်သဖြင့်သန့်စင် သောနေရာဟု သတ်မှတ်ခြင်းမျိုးဖြစ် သည်။  နောက်ဥပမာတစ်ခုမှာ ထားဝယ် အရှေ့ဘက် ပကာရီမှ ကျားခုန်းအိုင် ဖြစ် သည်။ အခုတော့ ဘုန်းတော်ကြီး၏ ဘေးမဲ့ငါးများမှာ မိုင်းရှောင် ဒုက္ခသည် များအဖြစ် အရပ်တစ်ပါးသို့ ပြောင်းရွှေ့ သွားကြောင်း အများသိ ဖြစ်၏။

 
မြေယာပြဿနာမှာလည်း အရေး ပေါ်စဉ်းစားရမည့် ကိစ္စဖြစ်သည်။ သတ္တု မိုင်းများမှာ မြေဧရိယာများစွာ လျှောက် ထားလေ့ရှိသဖြင့် ဒေသခံများ၏ လယ်ယာဥယျာဉ်များ၊ မိရိုးဖလာကျေးရွာ နယ်နိမိတ်အတွင်းရှိ သစ်တော မြစ် ချောင်းများပါ ပါသွားလေ့ရှိရာမှ ထိုပြဿနာစသည်ဟု ဆိုရမည်။ လုပ် ကွက်ချပေးရန် စိစစ်စဉ်က မည်သည့် မြေပုံများ၊ အချက်အလက်များကို မှီငြမ်း သည်ဟု မသိနိုင်။ သေချာသည်ကတော့ လက်ရှိ လုပ်ငန်းစဉ်ဖြင့် မလုံလောက်တော့ ပေ။

 
မြေယာနှင့် အခြားသဘာဝအရင်း အမြစ်ကို ယခုထက်ပိုမို စနစ်ကျစွာ စီမံခန့်ခွဲနိုင်ရန် ပကတိအခြေအနေကို ဖော်ပြနိုင်သော အချက်အလက်စင်တာ များ (Database) များရှိရန် လိုပါသည်။ လက်ရှိ သတ္တုတွင်းသန်းခေါင်စာရင်းဟု ဆိုနိုင်သော ငြညငညါ ဃadasအမန ပင် အခြားနိုင်ငံများကဲ့သို့ တစ်နေရာတည်း တွင် နည်းပညာသုံး၍ စုစည်းထားပြီး ဖော်ပြနိုင်ခြင်းမရှိသေးသော မြန်မာနိုင်ငံ တွင် ဆက်လုပ် စရာများစွာကျန်သေး သည်ဟု ဆိုရပါမည်။

 
သတ္တုလုပ်ကွက်များ စတင်လျှောက် ထားစဉ်က အဆိုပြုထားသော မည်သို့ တူးဖော်မည်ဆိုသော နည်းစနစ်များ၊ ဒီဇိုင်းများကိုလည်း မျက်မှောက်ကာလနှင့် ဆီလျော်ခြင်း ရှိ/ မရှိ စိစစ်ခြင်း၊ EIA SIA များသာမက Environmental Management Plan – EMP များ ရှိပါက လက်တွေ့ကျ/မကျ၊ လိုက်နာ/ မနာ လည်းစစ်ရမည့် ကိစ္စပင်။တိုင်းအစိုးရ အစကောင်းလွန်းမှပင် နောက်တွင် ဆက်လက်ဖြေရှင်းရမည့် ခွင့်ပြချက်မရှိပဲ တူးဖော်နေသော ရွှေ ဖောင်များ၊ သတ္တုမိုင်းများ ၊ ကုန်းပေါ်တွင် သာမက ရေထဲက ကျွန်းများပေါ်တွင်ပါ မျက်စိကျလာကြသော သတ္တုသယံဇာတ များ ကိစ္စများတွင်ပါ အနှောင်းသေချာ မည်ဖြစ်၏။
ရေရှည်တွင် ထိုပြဿနာများ ထပ်မ ဖြစ်စေလိုပါက တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ သဘောထား မှတ်ချက်ပေးစဉ်က တည်းက တူးဖော်မည့်နည်းစနစ်နှင့် ကာလ၊ ဒေသသည် မိမိတို့ပြည်သူများ နှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက် မည်ဆိုပါက ခွင့်မပြုဟူသော အခြေခံမူကို ကိုင်စွဲထားရန်လိုသည်။

 
ဒေသခံများပါဝင်သော စောင့်ကြည့် ရေးအဖွဲ့များကရော ဘာဆက်လုပ်ကြမည် နည်း။
ဘယ်သူတွေက ဘာကို ဘယ်လို စောင့်ကြည့်မည်နည်းဟု မေးခွန်းရှိ၏။ဥပဒေ စည်းမျဉ်းစည်းကမ်းများအား လိုက်နာ၏၊ မနာ၏ ထိုသူတို့အား စောင့် ကြည့်ခွင့်အပြည့်အဝပေးရမည်။ အပြည့် အဝ ဆိုသည်မှာ မည်သည်တို့ကိုသာ စောင့်ကြည့်ရမည်ဟု မကန့်သတ်သင့်ဟု ဆိုလိုရင်း ဖြစ်သည်။ မည်သည်တို့ကိုစောင့်ကြည့်မည်ကို အစိုးရက ပြည်သူများနှင့် တိုင်ပင်သင့် သည်။ တိုင်းပြည်ရှိ သယံဇာတများ၏ မူလပိုင်ရှင်မှာ နိုင်ငံသားပြည်သူများဖြစ် သည် မဟုတ်လား။
ပြည်သူပိုင် သယံဇာတများကို ပြည်သူများမှ မည်သို့မည်ပုံစောင့်ကြည့် လိုကြောင်း၊ ထုတ်ယူသုံးစွဲမှုများကို မည်သို့ဖြစ်စေလို ကြောင်း တင်ပြချက်ကို ပြည်သူ့ကိုယ်စား ထိုသယံဇာတများကို စီမံခန့်ခွဲမှုပြုသော အစိုးရက အကောင် အထည် ဖော်ပေးရမည် ဖြစ်သည်။
သို့မှသာ ပြည်သူ့အစိုးရဟု လက်ခ မောင်းခတ်နိုင်မည်ဖြစ်၏။သယံဇာတ တူးဖော်ထုတ်လုပ်မှု များကို စနစ်တကျ ရေးကြိုးပမ်းရာတွင် စီမံခန့်ခွဲခွင့်အပ်နှင်း ထားသူ အစိုးရနှင့် မူလပိုင်ရှင် နိုင်ငံသား တို့အပြင် သယံဇာတများကို စနစ်ကျစွာ ထုတ်ယူပြီး ပြည့်စီးပွားကို တိုးစေမည့် စီးပွားရေးလုပ်ငန်းများပါ အားတက်သ ရော ပါဝင်လာစေရန် လို၏။ မယုံသဖြင့် စောင့်ကြည့်ရသည်ဆိုသည့်အစား ကိုယ့် အလုပ်ကိုယ်လုပ်ကြရာဝယ် အပြန်အလှန် စောင့်ကြည့် ထိန်းညှိကြခြင်းဆိုသည့် မူကို လက်ခံကာ မျက်နှာချင်းဆိုင် ညှိနှိုင်းဆွေးနွေးရန် ၊ တိုင်ပင်ဆုံးဖြတ်ရန် အလွန်အရေးကြီး ပါသည်။

 
ရေရှည်တွင် ကောင်းမွန်သော သယံ ဇတစီမံအုပ်ချုပ်မှုဖြစ်စေရန် မူဝါဒ ကောင်းများကို ပြည်သူ့အသံနားစွင့်၍ ဖော်ထုတ်နိုင်ရမည်။ နားသာစွင့်ရုံလည်း မလုံလောက်သေး၊ ပြည်သူများကိုပါ ထိုသို့ မူဝါများ ချမှတ်ရာတွင် ပါဝင်ဆွေး နွေးနိုင်လာစေရန် လက်ကမ်းရမည်။
ခေတ်အဆက်ဆက် ရွှေပြည်ကြီး တွင် မူဝါဒချမှတ်ခြင်း ၊ ဆုံးဖြတ်ချက်ချ ခြင်းတို့ကို ပြည်သူများနှင့် လားလား မျှမဆိုင်ဟု အာဏာရှင်တို့က သတ်မှတ်ခဲ့ သည်မဟုတ်လား။ ဆယ်စုနှစ်ပေါင်းများ စွာကြာအောင် ပျောက်ဆုံးသွားသော အခွင့်အရေးကို ပြည်သူများထံ ပြန်ပေး အပ်ပါမှ ပြည်သူကို ဗဟိုပြုသောစနစ် ထွန်းကားနိုင်မည်ဖြစ်သည်။

 
ပြည်သူများပိုင်ဆိုင်သော သယံ ဇာတများအလဟသဿ ဆုံးရှုံးမှုမဖြစ် စေရန် ၊ သယံဇာတ ကျိန်စာမသင့်စေရန်၊ အိမ်တိုင်ချွတ် ရောင်းသကဲ့သို့သော အနှိုင်းအဆမဲ့ သဘာဝ အရင်းအမြစ်ထုတ် ယူရောင်းစားမှုကို မှီခိုနေရသော တိုင်း ပြည်ဘ၀မှ လွတ်ရန် ပြည်သူများတောင့် တနေသည်။ တိုင်းအစိုးရအဖွဲ့ နှင့် သယံ ဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးကိုလည်း ပြည်သူများ စောင့်မျှော် အားပေးနေမည် ဖြစ်သည်။

 
နောင် ငါးနှစ် ကာလကြာပြီး နောက်တွင် မေတ္တာမြို့ အလွန် ကြည် လင်နေသော တနင်္သာရီမြစ်ထဲတွင် ဝန် ကြီးအား ဖိတ်ခေါ်၍ ရေအတူသွား ကူးချင်လှသည်။ ဖထီးများလည်း ပါ မည်။ဖြစ်နိုင်၊ မဖြစ်နိုင် ဝန်ကြီးအပေါ် တွင် မူတည်သည်။
ယခုတော့ ဝမ်းမြောက်အားပေးမှုဖြင့် ထောပနာပြုပါ၏
သာဓု . . .၊ သာဓု . . . ။