” လက်တွေ့ကျကျ လုပ်တဲ့အခါမှာ ရဲတစ်ခုတည်းနဲ့ လုပ်လို့မရဘူး ” -တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုး

0
566

လက်တကမ်းအလိုသို့ ရောက်လာသော မူးယစ်ဆေးဝါး တစ္ဆေကိုနှိမ်နင်းရန် မည်သို့ လုပ်ဆောင်မည်နည်း။ လူငယ်များအကြား ရောက်လာမှုကို မည်သို့ဟန့်တားမည်နည်း။ ထိုကိစ္စများနှင့်ပတ်သက်၍ တိုင်းရဲတပ်ဖွဲ့က ရပ်မိရပ်ဖ၊ ပြည်သူလူထု အခြေပြု အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး နောက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးနှင့် တွေ့ဆုံမေးမြန်းထားမှုကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

တနင်္သာရီ။ ။ရပ်ကွက်တွေ အတွင်းမှာ မူးယစ်ဆေးဝါး သုံးစွဲနေတဲ့ ကလေးရှိတဲ့ မိဘတွေကို အိမ်တိုင်ရာ ရောက် ဆွေးနွေးပညာ ပေးမယ်ဆိုတာ ဘယ်အချိန် လောက်စလုပ်ဖြစ်မလဲ ဆို တာလေး ပြောပြပေးပါ ခင်ဗျား။

police_naymyo
တိုင်းရဲတပ်ဖွဲ့မှူး။ ။အခုမှ စည်း ဝေးတာဆိုတော့လေ စလုပ်ဖြစ်မယ့် အချိန်က ငါတို့ ပြန်ညှိရအုန်းမှာလေ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက သူတို့ စာရင်းတွေ ရလာပြီးမှ သူတို့က ပြောမှာ ဖြစ်တယ်ပေါ့နော်။

 

ဒီအစည်းအဝေးပြီးရင် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး မှူးတွေ လူမှုအဖွဲ့အစည်းတွေက သူတို့ စာရင်းဇယားတွေနဲ့ အခြေ အနေတွေကို ပြန်ပြီးဆွေးနွေးပြီးတော့မှ အဲဒီစာရင်း တွေ အပေါ်မူတည်ပြီး ဆက်လုပ်ရမှာ ပေါ့။ အတိုင်းအတာကာလကတော့ ပြောလို့မရသေးဘူး။ ဒါပြီးရင်တော့လုပ် မယ်။ ပြန်ပြီးတော့ သူတို့နဲ့ ပေါင်းစပ်ရ မှာတွေ ရှိသေးတယ်။ ပေါင်းစပ်မှ အချက် အလက်တွေရမှာ စာရင်းဇယားတွေရမှာ။

 
တနင်္သာရီ။    ။ဒီနှစ်ထဲမှာ လုပ်ဖြစ်မလား။ ဒါမှမဟုတ် ၂၀၁၇ ထဲမှာ လုပ်သွားမလားပေါ့။
တိုင်းရဲတပ်ဖွဲ့မှူး။    ။ ၂၀၁၇ တော့ မနေပါဘူး။ ဒါက ပေါင်းစပ် ညှိနှိုင်းပြီးရင် ဒီနှစ်ထဲမှာ ဖြစ်သွားနိုင် တာပဲ။ တစ်လနှစ်လ အတွင်းပေါ့။ အတိ အကျသာ ပြောလို့  မရသေးတာ။

 
တနင်္သာရီ။    ။ဒီလို လုပ်ဆောင် သွားခြင်းအားဖြင့် မူးယစ်ဆေးဝါး ကိစ္စမှာ အောင်မြင်မှုရမယ်လို့ ရဲမှူးကြီး အနေနဲ့ ထင်ပါသလား။
တိုင်းရဲတပ်ဖွဲ့မှူး။ ။အောင်မြင်မှုဆို တာကတော့ ရနိုင်တာပဲ။ ဘယ်အရာ မဆိုပေါ့နော်။ တို့က ပြောတဲ့ဟာနဲ့ လက်တွေ့ကျကျ လုပ်တယ်။ လက်တွေ့ ကျကျ လုပ်တဲ့အခါမှာ ရဲတစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ တို့လည်းလုပ်မယ်။ ပြည်သူကလည်း ပါရမယ်။ မိဘတွေက လည်း ပါရမယ်။ မိဘဆိုတာ အကုန်လုံး ပေါ့နော်။ ဒီမှာရှိတဲ့ လူမှုအသင်းအဖွဲ့ အဖွဲ့အစည်းအသီးသီးက ကိုယ့်နိုင်ငံ ကိုယ့်ဟာကို တိုးတက်စေချင်တယ်။ မူးယစ်ဆေးဝါး သုံးစွဲသူနည်းမှ၊ ဒီလူငယ် တွေက နိုင်ငံ့ ခေါင်းဆောင်ပဲလေ။

 
ဆိုတော့ သူတို့တွေက မူးယစ် ဆေးဝါးသား ကောင်မဖြစ်မှ တို့နိုင်ငံတိုး တက်မယ်။ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ဖို့လိုတယ်။ စောစောကလူကြီ ;တစ်ယောက်ပြောသွား သလိုပဲ (ဆွေးနွေးပွဲတွင် ဝင်ရောက်ဆွေး နွေးခဲ့သည့် ရပ်မိရပ်ဖကို ဆိုလိုသည်)။ ရဲကလည်း တာဝန်ယူရမယ်။ နိုင်ငံတော် မှာ ရှိတဲ့အစိုးရနဲ့ ဌာနဆိုင်ရာအဖွဲ့ အစည်းတွေရော ပြည်သူတွေကရော အကုန်လုံး တာဝန်ယူနိုင်မှရမယ်။ အစက နေ အဆုံးထိ အားလုံးဝိုင်း လုပ်ရမယ်။

 
တနင်္သာရီ။    ။ဒီကိစ္စမှာ ပြည်သူ တွေက ဘယ်လောက် အထိ တာဝန်ယူဖို့ လိုအပ်ပါသလဲ။
တိုင်းရဲတပ်ဖွဲ့မှူး။ ။ပြည်သူရဲ့ တာဝန်ကတော့ သတင်းပေးမယ်။ ပေး ရင်တို့က လုပ်မယ်။ တို့လည်း သတင်း ယူမှာပဲ။ ပြည်သူတွေက ပြည်သူထဲမှာ ပဲဆိုတော့ သူတို့က သိတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူး တွေရောရပ်ကွက်ထဲမှာ ဘာဖြစ်နေလဲဆိုတာ သိတယ်။ သိတဲ့ သူကတို့ကို သတင်းပေးရင်ရပြီ။ တို့က သတင်းပေးနိုင်ဖို့ ကတ်ပြား(တိုင်းရဲတပ်ဖွဲ့ စခန်းအသီးသီး၏ ဖုန်နံပါတ်များပါသည့် ကတ်ပြား) တွေ ထုတ်ပေးထားမယ်။

 
တနင်္သာရီ။    ။နောက်တစ်ခု သိချင်တာက ၁၉၉ ပေါ့နော်။ ၁၉၉ ကို ဒီ့ပြင်တိုင်းနဲ့ ပြည်နယ်တွေမှာ အကောင် အထည် ဖော်တာရှိနေပြီ။ တနင်္သာရီတိုင်း မှာ ကျတော့ကြိုးဖုန်းနဲ့ပဲ အဆင်ပြေတယ် ဆိုတော့ ဘယ်အချိန် လောက်များရနိုင် မလဲ။
တိုင်းရဲတပ်ဖွဲ့မှူး။။ဆက်သွယ် ရေးနဲ့ ညှိပြီးတော့ ဖုန်းတစ်လုံးရအောင် လုပ်မယ်။Call Center အတွက်။ လောလောဆယ်ကတော့   ပေးထားတဲ့ ဖုန်းနံပါတ်တွေ ဆက်သွယ်လို့ရပါတယ်။

 
တနင်္သာရီ။ ။နောက်တစ်ခုက ပင်လယ်ပြင်မှာ ခုနက ရေလုပ်ငန်းရှင် တင်ပြသွားတဲ့ ပုံစံမျိုးပေါ့နော်။ ပင် လယ်ပြင်က ငါးဖမ်းလုပ်ငန်းတွေမှာ ဒီမူးယစ်ဆေးဝါးက ပျံနှံ့နေတဲ့ အပေါ် ဘယ်လိုကိုင်တွယ် သွားဖို့ရှိလဲ။
တိုင်းရဲတပ်ဖွဲ့မှူး။  ။ တို့ရဲ့ ရဲတပ် ဖွဲ့ကတော့ များသောအားဖြင့် ကုန်းမြေ ပေါ်မှာပဲ လုပ်တာများတယ်။ ရေပြင်ကို စိုးမိုးနိုင်ဖို့အတွက် ရေကြောင်း ရဲတပ်ဖွဲ့ ကို ဖွဲ့တယ်။ ဒါပေမယ့် ရေ ကြောင်း ရဲတပ်ဖွဲ့ကလည်း သူ့ရဲ့အင်အားနဲ့ လှည်းကင်းလုပ်မယ့် Sစနနိ ဩအေ ဘုတ်လေးတွေက အားနည်းနေသေး တယ်။ တချို့ဟာ တွေက စက်ပိုင်းဆိုင်ရာ သိပ်မကောင်းတာ ရှိတယ်။ သူတင် ကိုယ်တင် မလိုက်နိုင်ဘူးပေါ့နော်။

 
လက်ရှိမှာလည်း မြိတ်တစ်စီး၊ ကော့သောင်းတစ်စီး ဆိုတော့ ဒီအင် အားနဲ့လည်း မစိုးမိုးနိုင်ဘူး။ ရေကြောင်း ရဲတပ်ဖွဲ့ကတော့ များများတိုးချဲ့ဖို့ လိုတယ်။ ပြီးလို့ရှိရင် ပင်လယ်ပြင်မှာ လက်ရှိမြန်မာ့ တပ်မတော်ရေကလည်း ရှိတဲ့အတွက် တို့မလွှမ်းခြုံနိုင်သေးခင် အချိန်မှာ တပ်မတော်ရေရယ်၊ ရေ ကြောင်း ရဲတပ်ဖွဲ့ရယ် ပေါင်းပြီးတော့ လုပ်နိုင်မှာ ပေါ့နော်။ ဒီ Boat တွေ များများ ရဖို့။

 

အင်အားတွေများများ ရဖို့ ဒီအနေ အထားတွေကို တင်ပြမယ်။ တို့နယ်မြေက ရဲလည်း သတင်းရလို့ရှိရင် သတင်းအတိအကျရလို့ ရှိရင်ရွာတွေနဲ့ ညှိပြီးတော့မှ မြန်နှုန်းမြင့်တဲ့ စက်လှေ တွေကို ငှားမှဟိုကောင့် ကိုယှဉ်လို့ရမှာ ဖြစ်တဲ့အတွက် တကယ်အတိအကျရမှ အဲဒီစက်လှေကို ဆွဲပြီးတော့ တို့သွားပြီး တော့မှ လုပ်မှာ။ သတင်းမရရင်တော့ လုပ်လို့မရဘူး။ သတင်းကိုတော့ တို့ဖော် ထုတ်မယ်။ ဒေသခံတွေနဲ့ ပေါင်းစပ်ပြီး တော့ ဖော်ထုတ်နိုင်အောင် ဆောင်ရွက် မယ်။