အခြေခံ ပညာစာမေးပွဲရလဒ် A B C D ဖြင့် အောင်စာရင်း ထုတ်မည်

0
489

လက်ရှိ၂၀၁၆-၂၀၁၇ ပညာသင်နှစ် မှ စ၍ ပထမတန်းမှ န၀မတန်း အထိ စာမေးပွဲရလဒ်ကို အမှတ်ဖြင့်မထုတ်ပြန် တော့ဘဲ ဗဃြီ အဆင့်သတ်မှတ်ချက် ဖြင့်ထုတ်ပြန်သွားမည် ဖြစ်ကြောင်း  တနင်္သာရီတိုင်းဒေသကြီး ပညာရေး မှူးရုံးထံမှ သိရသည်။


လပတ် စာမေးပွဲများနှင့် နှစ်ဆုံးစာ မေးပွဲတွင်လည်းတစ်ဘာသာချင်း အ လိုက် ရမှတ်များနှင့် ဘာသာရပ်အားလုံးပေါင်းရမှတ်များကိုလည်း အမှတ်ဖြင့် ဖော်ပြသွားမည် မဟုတ်တော့ဘဲ အဆင့် သတ်မှတ်ချက်သို့ပြောင်းလဲ မည်ဖြစ် ကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပညာရေးစီမံကိန်းများကြီးကြပ် အကဲ ဖြတ်အဖွဲ့ဒုတိယညွှန် ကြားရေးမှူးက ဆိုသည်။

 
လပတ် စမ်းစာမေးပွဲများတွင် ဘာသာရပ် အလိုက် ရမှတ် ၁၀၀ မှ ၈၀ အထိအား A အဆင့်(အလွန်တော်)၊ ရမှတ်၇၉ မှ ၆၀အထိအား B အဆင့် (တော်)၊ ရမှတ် ၅၉မှ၄၀အထိ C အဆင့် (သင့်) နှင့် ရမှတ် ၄၀အောက်အား D အဆင့်( ကြိုးစားရန်လို) ဟုသတ်မှတ် ထားပြီးဘာသာရပ် ရမှတ်ပေါင်းတွင်တစ် ဘာသာကျရှုံးပါက ရလဒ်အား D အဖြစ် သတ်မှတ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ သိရသည်။
ယင်းကြောင့် ပညာရေးနှင့်ပတ် သက်၍ ပြိုင်ဆိုင်မှုပြင်းထန်သည့် အ တွက် မိဘများက သားသမီးအပေါ်ဖိအား ပေးယှဉ်ပြိုင်မှု နည်းပါးသွားမည်ဖြစ် သလို အချို့ဆရာ/ဆရာမများ၏ အဂ တိ လိုက်စားမှုများပါ ပျောက်သွား နိုင်ကြောင်း ဒုညွှန်ကြားရေးမှူးဒေါ်သန်း သန်းနွယ်က ပြောသည်။

 
” ဒီလိုလုပ်လိုက်တော့ ကလေးတွေ ကပတ်ဝန်းကျင်မှာ အသင်းအဖွဲ့နဲ့နေ တတ်လာပြီး ငါတတ် ငါတော်ဖြစ်နေတဲ့ ငါအစွဲတွေလည်း ပျောက်သွားလိမ့်မယ် ထင်တယ် ”  ဟု ဒုညွှန်ကြားရေးမှူးဒေါ်သန်းသန်းနွယ်က ဆိုသည်။
သို့ရာတွင် အတန်းတင်စာမေး ပွဲတွင်မူပျမ်းမျှရမှတ် ပြန်ရှာပြီးအောင် ^ရှုံး အားအဆင့် သတ်မှတ်ကြောင်းတိုင်း ပညာရေးမှူးရုံးမှ သိရသည်။