လာမည့် အင်္ဂါနေ့တွင် ကျရောက်သည့် ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားအတွက် အရပ်ဒေသအသီးသီးတွင် ပြင်ဆင်နေကြသည်။သက်ဆိုင်သူအသီးသီးကလည်း မည်သို့ ချီတက်အလေးပြုမည်၊ အထိမ်း အမှတ်ပွဲများ မည်သို့ပြုလုပ်ကြမည်ကို ထုတ်ဖော်ပြောနေကြသည်။
အာဇာနည်အဖြစ် သတ်မှတ်ချီးမြှောက်ခံရသည့်သူများအား ဦးညွှတ် အလေး ပြုရန် စိတ်အားထက်သန်နေကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဗိုလ်မှူးကြီးဗထူး ရာပြည့်အခမ်းအနားကို ကျင်းပသည်။ ဗိုလ်မှူးကြီး ဗထူးကြေးရုပ်ရှိရာသို့ ချီတက်အလေးပြုကြသည်။
သူရဲကောင်းများကို ကိုးကွယ်ကြ၊ ဦးညွှတ်ကြသည်။
သို့သော် လက်တွေ့ကျင့်သုံးရန်မှာ အားနည်းလွန်းလှသည်။
ဗိုလ်ချူပ်အောင်ဆန်း၏ ရိုးသားမှုအား ဦးညွှတ်ရင်း မိမိကိုယ်တိုင်မှာ ရိုးသား ရန် မေ့နေကြသည်။
ဗိုလ်ချူပ်အောင်ဆန်း၏ ကိုယ်ကျိုးမငဲ့မှုကို လေးစားရင်း ကိုယ်ကျိုးစွန့်ရန် တွန့်ဆုတ်နေကြသည်။
ဗိုလ်ချူပ်အောင်ဆန်း၏ ကိုယ်ချင်းစာနာမှုအား အားကျရင်း ကိုယ်တိုင်မှာ အတ္တကြီးနေကြသည်။
အာဇာနည်ခေါင်းဆောင်များသည် ၎င်းတို့အား ဦးညွှတ်နေခြင်းထက် ၎င်းတို့ ၏ ဘ၀တွင် တိုင်းပြည်နှင့် လူမျိုးအတွက် လက်ကိုင်ထားခဲ့သည့် မူများ၊ ဘ၀ဟန် ပန်များ ကို တတ်အားသမျှ ကျင့်သုံးသည်ကို ပိုလိုချင်ပေမည်။
လေးစာဦးညွှတ်ခြင်းသည် ကောင်းသည်။
သို့သော် ထိုသူများအား မိမိလေးစား ဦးညွှတ်ရသည့် အကြောင်းအချက်များ၊ မူများ၊ ကျင့်ဝတ်များ၊ ဘ၀ဟန်များကို ကိုယ်တိုင် ကျင့်သုံးခြင်းက သာ၍ ကောင်း သည်။