မွန်တွင် ရွှေ့ပြောင်း အိမ်ထောင်စု ၂၀၀ ကျော်ကို အိမ်ထောင်စုစာရင်း ထုတ်ပေးမည်

0
505

မွန်ပြည်နယ်တွင် အိမ်ထောင်စု စာရင်း ထုတ်ပေးရမည့် ရွှေ့ပြောင်း အလုပ် သမား အိမ်ထောင်စု ၂၀၀ ကျော်ရှိ သည်ဟု အမျိုးသား မှတ်ပုံတင်ရေးနှင့် နိုင်ငံသားဦးစီးဌာန မွန်ပြည်နယ် ဦးစီးမှူး ရုံးမှ သိရသည်။


ပြည်နယ်အတွင်း ရွှေ့ပြောင်း နေထိုင်သည့် အိမ်ထောင်စု ၉၀၀၀ နီးပါးရှိသည့်အနက် ၂၄၀ ခန့်ကိုသာ အိမ်ထောင်စုစာရင်း ထုတ်ပေးမည်ဟု ပြည်နယ်ဦးစီးမှူးရုံမှ ညွှန်ကြားရေးမှူး ဦးရှိန်ဝင်းက ပြောသည်။
ရက် ၁၀၀ စီမံချက်အရ ရွှေ့ပြောင်း နေထိုင်သူများအား အိမ်ထောင်စုစာရင်း ထုတ်ပေးရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ် အတွင်း ၆ လမှ ၃ နှစ်အထိ နေထိုင် သူဖြစ်ရမည်ဖြစ်ပြီး၊ စည်းကမ်းချက် များနှင့် အညီ နေထိုင်ပြီး ပြစ်မှုမရှိသူ၊ အိမ်ထောင်စု စာရင်းထုတ်ယူရန် ဆန္ဒ လည်းရှိပြီး အချက်အလက်လည်း မှန် ကန်မှုရှိသူကို ထုတ်ပေးခြင်း ဖြစ်သည်။