တောင်မင်းပြောင် စာသင်ကျောင်း မြေကိစ္စ ဒုသမ္မတထံတိုင်

0
407

လောင်းလုံးမြို့နယ် တောင်မင်း ပြောင်ကျေးရွာရှိ အခြေခံပညာမူလတန်း လွန်ကျောင်းမြေတွင် ကျူးကျော် အိမ် ဆောက်မှုများ ရှိသည်ဟုဆိုကာ ဇူလိုင် လ ၁ရက်က နေပြည်တော်ရှိ လယ် ယာ မြေစုံစမ်းရေး ဗဟိုကော်မရှင် ဥက္ကဋ္ဌ (ဒု-သမ္မတ) ထံ လိပ်မူပြီး တိုင်ကြားထား သည်။


ကျောင်းပိုင်မြေ ၁.၁၀ဧကအတွင်း ယခင်(ရ၀တ)ဥက္ကဋ္ဌဟောင်း ဦးဝင်း အောင်မှ အိမ်ဆောက်ခြင်းနှင့် ရွာသား တစ်ချို့မှ ကျူးကျော် နေထိုင်ရန် ကြိုး ပမ်းနေသည်ဟု ယင်းစာတွင် ဖော်ပြပါ ရှိသည်။ရွာအတွင်း လူနေမှုများပြားလာကာ ကျောင်းသားဦးရေ တိုးတက်လာ သည့် အတွက် ကျောင်းအဆောက်အအုံများ တိုးချဲ့ဆောက်လုပ်ရန် ယခင်ရှိခဲ့သည့် မြေအကျယ် အဝန်းအတိုင်း ပြန်လို ကြောင်း တောင်မင်းပြောင်ရွာ အုပ်ချုပ် ရေးမှူးက ပြောသည်။

 
“သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်း ပြီး ဆက်လက် ဆောင်ရွက်သွားမယ်” ဟု အုပ်ချုပ်ရေးမှူးက ပြောသည်။
ဦးဝင်းအောင်ကမူ အိမ်ဆောက် ထားသည့်နေရာအား ၂၀၀၀ခုနှစ်က ငွေကျပ် ခြောက်သောင်းခန့်ဖြင့် ဒေသခံ တစ်ဦးထံမှ ဝယ်ယူထားခြင်းဖြစ်ပြီး ဝယ်ယူပြီးကတည်းက တောက်လျှောက် မြေခွန်ဆောင်လာခဲ့သည်ဟု ပြောသည်။

 
” ထွက်ပေးဖို့လည်း အခြားမြေ နေရာ မရှိဘူးလေ၊ နေလာတာလည်း ၁၆ နှစ်လောက်ရှိပြီ” ဟု ဦးဝင်းအောင် ကပြောသည်။့
တိုင်ကြားမှုအပေါ် ဇူလိုင်လ ၁၂ ရက်အထိ တစ်စုံတစ်ရာ အကြောင်း မပြန်ကြားချက် မရသေးဘဲ အကြောင်း ပြန်ကြားစာရမှသာ ယင်းစာအပေါ် မူတည်၍ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကျောင်း အကျိုးတော် ဆောင် အဖွဲ့ဝင်က ဆိုသည်။
အဆိုပါကိစ္စအား သက်ဆိုင်ရာ ဌာနများသို့ တင်ပြခဲ့ဖူးသော်လည်း အကြောင်းမထူးဘဲ တိုင်းပညာရေး မှူးရုံးကမူ ကျောင်း မြေဧရိယာအတွင်း ကျူးကျော်သူများအား တရားစွဲဆိုရန် ညွှန်ကြားလာသည်ဟု သိရသည်။

 
” ဆရာမဖြစ်နေတော့ သင်ကြား ရေး၊ စီမံအုပ်ချုပ်မှုတွေက ရှိနေလို့ တရား မစွဲဖြစ်တာပါ “ဟု ကျောင်းအုပ် ဆရာမကြီးက ပြောသည်။
လက်ရှိအချိန်တွင် ကျောင်းမြေ နေရာမှာ ကျဉ်းမြောင်းနေသည့်အတွက် ဆရာ/ဆရာမ ဝန်ထမ်းအိမ်ယာ၊ KG တန်းအတွက် အဆောက်အအုံနှင့် အ လယ်တန်းကျောင်းဆောင် ဆောက် လုပ်ရန်အတွက် အခက်အခဲ ဖြစ်နေရ ကြောင်း ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၆ခုနှစ် ဖေဖော် ဝါရီလအတွင်းကလည်း ဒေသခံပြည်သူ ၁၅၀ဦးမှ လက်မှတ်ရေးထိုးကာ ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြခဲ့ဖူး ကြောင်း ဒေသခံများထံမှ သိရသည်။