ဒေါ်အောင်ဆန်းစုကြည် အမည်သုံးကာ ကျောင်းထိုင်ဘုန်းကြီးထံမှ ငွေလိမ်

0
1083

ထားဝယ်မြို့နယ်၊ ဟာမြင်းကြီး ကျေးရွာရှိဘုန်းကြီးကျောင်း ကျောင်း ထိုင်ဆရာတော်ထံမှ နေပြည်တော်မှ ဒေါ်အောင်ဆန်းစုကြည်အဖွဲ့ဟု ဆိုကာ ငွေကျပ် သိန်းသုံးဆယ်ကို အဖွဲ့လိုက် လာရောက် လိမ်လည်သွားခဲ့ကြောင်း ဟာမြင်းကြီးကျေးရွာ ဆယ်အိမ်မှူး ဦးသန်း ဝင်းက ပြောကြားသည်။
ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်း က ဝန်ကြီးချုပ်ကမြေချပေးမည် ဟုဆို ကာ အဖွဲ့လိုက်ငွေလိမ်သူများ ကိုမြိတ် မြို့နယ်အတွင်းဖမ်းဆီးရမိပြီး နောက် ထားဝယ်မြို့နယ်တွင် ဖြစ်ပွားလာခြင်း ဖြစ်သည်။

 
နေပြည်တော်မှလာသော “အောင် ဆန်းစုကြည်အဖွဲ ” မှဟုဆိုသော အသက် ၄၀ကျော်အရွယ် အမျိုးသားနှစ်ဦးသည် ဇူလိုင်လ၃ရက်တွင် ဆိုင်ကယ်ဖြင့် ရောက်လာပြီး ထိုအဖွဲ့အနေနှင့် ဆရာ တော်အားသိန်း ၁၅၀ ထုတ်ပေးရန် အစီ အစဉ်ရှိသဖြင့် အခမ်းအနား ကျင်းပရန် သိန်းသုံးဆယ်ကုန်ကျမည် ဖြစ်ကြောင်း ပြောဆို၍ ဆရာတော်ထံမှ ငွေကျပ်ဆယ် သိန်းယူဆောင် သွားခဲ့ကြောင်းဦးသန်း ဝင်းက ပြောသည်။

 
ယင်းနောက် ဇူလိုင်လ ၉ ရက်တွင် နံပါတ်ပြား အနီတပ်ဆင်ထားသော အဖြူရောင်Pro Box ဖြင့် အသက်၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးနှင့် အသက်၂၅နှစ်ဝန်းကျင်အရွယ် အမျိုး သမီးသုံးဦး ရောက်လာ၍ ဇူလိုင်လ ၃ ရက် နေ့က ပေးရန်ကျန်ရှိသော ငွေကျပ် သိန်း နှစ်ဆယ်အား လာရောက် လိမ် လည်ယူဆောင်သွား ခဲ့ကြောင်း ဦးသန်း ဝင်းက ပြောသည်။
“ဆရာတော်က သူတို့ထွက်သွားပြီး နာရီဝက် လောက်ကြာမှ ကျေးရွာ အုပ် ချုပ်ရေးမှူးကို အကြောင်းကြားတယ်။ ရွာကသိပြီးလိုက်တော့ မမီတော့ဘူး”ဟု ၎င်းကပြောသည်။

 
လာရောက် လိမ်လည်သူအားလုံး မှာ ဗမာစကားပြောသူများဖြစ်ပြီး လိမ် လည်ခံရသော ဟာမြင်းကြီးဘုန်းကြီး ကျောင်းတွင် သက်တော် ၈၇ နှစ်ရှိ ကျောင်းထိုင် ဆရာတော်တစ်ပါးသာ နေထိုင်ကြောင်း ဦးသန်းဝင်းက ပြော သည်။ယင်းကျောင်းတွင် လာရောက် မလိမ်လည်မီ ကျေးရွာအနီးအနားရှိ ပိန္နဲ ချောင်းကျေးရွာနှင့် မြင်းမကပ်ကျေးရွာများရှိဘုန်းကြီး ကျောင်းများတွင်မင်္ဂလာ စုံတွဲထီကို အကြောင်းပြ လာရောက်လိမ် လည်ခဲ့သော်လည်း ဆရာတော်များကနှင်ထုတ်လိုက်သောကြောင့် အထမ မြောက်ခဲ့ကြောင်း ဦးသန်းဝင်းက ပြော သည်။