လွှတ်တော်မှာ မလိမ်မိကြစေဖို့

0
429

လာမည့် ဇူလိုင် ၂၁ ရက်တွင် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး ပြန်လည် ကျင်းပ တော့မည်။ ” ဒုတိယအကြိမ် တိုင်းဒေသ ကြီးလွှတ်တော် ဒုတိယပုံမှန်အစည်း အဝေး ” ဟု ခေါ်တွင်သည်။ထိုအစည်းအဝေးတွင် တိုင်းဒေသ ကြီး လွှတ်တော် ကိုယ်စားလှယ်တို့၏ မေးခွန်းမေးသံများ၊ တိုင်းအစိုးရအဖွဲ့ဝင် တို့၏ ဖြေဆိုသံများ စကြားရတော့မည် ဖြစ်သည်။


ယင်းသည် ဒုတိယအကြိမ် တိုင်း လွှတ်တော်၏ ပွဲဦးထွက် အမေးအဖြေ အစည်းအဝေးဖြစ်သည်။ အနိုင်ရကိုယ် စားလှယ်များ လွှတ်တော်စတက်ခွင့်ရပြီး ၅ လ ကျော်ကြာမှ တိုင်းလွှတ်တော်မှ အမေးအဖြေသံ စထွက်လာခြင်းပင် ဖြစ်၏။၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၈ ရက်တွင် ဒုတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး ပထမနေ့ စတင်ခဲ့ သည်။လွှတ်တော်ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌများ ရွေးသည်။ တိုင်းလွှတ် တော်ဥက္ကဋ္ဌသစ်က” ပြည်သူ့အသံလွှတ် တော် အသံ၊ ပြည်သူ့ဆန္ဒလွှတ်တော်ဆန္ဒ၊ ပြည်သူ့မျှော်လင့်ချက် လွှတ်တော်ကဖော် ဆောင်ရွက်ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသ၍ ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဂတိပြုခဲ့၏။

donot_lie_at_parliment
ယင်းသို့ ကတိပြုပြီးနောက် (၁ လ နှင့် ရက် ၂၀ ကြာပြီးမှ) မတ်လ ၂၈ ရက် တွင် နိုင်ငံတော်သမ္မတမှ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဝန်ကြီးချုပ်အဖြစ် အမည် စာရင်း ပေးပို့ထားမှုကို ခန့်အပ်တာဝန်ပေး ပြီး တိုင်းလွှတ်တော်မှ သဘောတူကြောင်း ဆုံးဖြတ် အပြီးသတ်၏။ ယင်းနောက် ကျင်းပသည့် လွှတ်တော် အစည်းအဝေး များတွင် တိုင်းဒေသကြီးဝန်ကြီးဌာနနှင့် ဝန်ကြီးဦးရေသတ်မှတ်ကာ ဝန်ကြီးစာရင်း ကို အတည်ပြုပေး၏။ ဥပဒေချုပ်နှင့် စာရင်းစစ်ချုပ်တို့ကို ခန့်အပ်ခြင်း၊ လွှတ်တော် ကော်မတီ ၃ ခု နှင့်ရေးရာ ကော်မတီ ၃ ခု တို့ကို ဖွဲ့စည်းခဲ့၏။

ယင်းနောက် တိုင်းလွှတ်တော် ၂ လ ကျော်ကျော် အိပ်ပျော်သွားလေသည်။
ကြားထဲတွင် ထားဝယ်ခရိုင်အတွင်း သောက်သုံးရေရှားပါးသည့် ဒေသများသို့ ရေလှူဒါန်းနိုင်ရေး ဆွေးနွေးပွဲကဲ့သို့သော လုပ်ဆောင်ချက် အနည်းငယ် ရှိခဲ့သော် လည်း ” ပြည်သူတို့ မျှော်လင့်ချက် လွှတ် တော်က ဖော်ဆောင်ရွက်” အဆင့်ထိ တက်မလာခဲ့။
အထက်တွင် ဖော်ပြခဲ့သည့် တိုင်း လွှတ်တော်၏ လုပ်ဆောင်ချက်များသည် ဥပဒေ၊ နည်းဥပဒေများအရ လွှတ်တော် တစ်ခုမှ ]]မဖြစ်မနေ လုပ်ဆောင်ရမည့် လုပ်ငန်းများ” သာဖြစ်သည်။ ” လုပ်ရိုး လုပ်စဉ်”  ပင်မမည်။ လုပ်ရိုးလုပ်စဉ်က လာမည့် ဇူလိုင် ၂၁ ရက်(ကျော်သွားနိုင်) အမေးအဖြေအစည်းအဝေးမှ စမည်။ လွှတ်တော်ဟူသည် မေးကြဖြေကြ ပြော ဆိုဆွေးနွေးကြသည်က လုပ်ရိုးလုပ်စဉ် မဟုတ်ပေလော။
ထူးခြားကွဲပြားသော စွမ်းဆောင်မှု တို့ကား မမျှော်လင့်ရဲသေး။ ပြည်ထောင်စု လွှတ်တော်များနှင့်တကွ အခြားတိုင်းနှင့် ပြည်နယ်လွှတ်တော်အသီးသီးတွင် မေးကြဖြေကြ ထိုင်ထမဲခွဲ ခြိမ့်ခြိမ့်သဲ နေချိန် တနင်္သာရီတိုင်း လွှတ်တော်ကား အရင်အပတ်က (တနင်္သာရီအပတ်စဉ် အယ်ဒီတာ့အာဘော် စကားလုံးအရ ဆိုလျှင်) ” မှိုတက်”  နေခဲ့သည်။

တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်များကား မေးခွန်းတပြင်ပြင်နှင့် စောင့်နေကြသည်ကို တွေ့သိရသည်။ စိတ်လေးမိသည်က ကိုယ်စားလှယ်များ၏ မေးမြန်းချက်များကိုဖြေဆိုရန် တိုင်းအစိုး ရအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးတို့ အဆင် သင့် ဖြစ်မဖြစ် ကိစ္စ..။
၂၀၁၅ ရွေးကောက်ပွဲ၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များက တနင်္သာရီတိုင်းလုံးကျွတ် အနိုင်ရထား သဖြင့်မေးကြတော့မည့် လွှတ်တော် ကိုယ်စားလှယ်များနှင့် ဖြေကြရမည့် တိုင်းအစိုးရအဖွဲ့ဝင်များ အားလုံးသည် တစ်ပါတီတည်းမှ ဖြစ်နေသည်။ သီအိုရီ အရ သက်တမ်းနုသေးသည့် အစိုးရအား အကြပ်တွေ့စေမည့် မေးခွန်းများ ရှောင် ရှားကြလိမ့်မည်။

 
သို့သော် မေးသူဖြေသူအားလုံးမှာ ပြည်သူက ရွေးချယ်လိုက်သူများ ဖြစ် သောကြောင့် ပြည်သူကို မျက်နှာမူရ တော့မည်။ မေးသူကလည်း တိုင်းသား များ ကိုယ်စား မေးတော့မည်။ ဖြေသူ ကလည်း တိုင်းသားများ စိတ်ကျေနပ် အောင် ဖြေရတော့မည်။ သို့မှသာ “ပြည်သူ့ဆန္ဒ လွှတ်တော်ဆန” ဖြစ်ပေ မည်။တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ အနေဖြင့် မေးခွန်းများဖြေဆိုရန်အတွက် မည်သို့ ပြင်ဆင်ထား၏နည်း။
အရင်သက်တမ်းဝန်ကြီးများကား လွှတ်တော်မေးခွန်းများ ဖြေဆိုရာတွင် သက်ဆိုင်ရာဌာနများကိုသာ အားကိုးခဲ့ သည်။ ကိုယ်တိုင် ကွင်းဆင်းစိစစ်မှု သို့မ ဟုတ် သက်ဆိုင်ရာဌာနက တင်ပြသည် များကို မှန်မမှန် ဟုတ်မဟုတ် စိစစ်နိုင် စွမ်း မရှိခဲ့ဟု ယူဆသည်။
အခြားကြောင့်မဟုတ် ၂၀၁၅ ခုမဲ ပေးရန် ၁ လခန့်အလိုတွင် ပြည်ခိုင် ဖြိုးအစိုးရ၏ တိုင်းတွင်းတစ်ဦးတည်း သော အတိုက်အခံ အမတ်ဦးထွန်းမြင့် (တိုင်း ရင်းသားစည်းလုံးညီညွတ်ရေး ပါတီ)က “တိုင်းဝန်ကြီးများ လွှတ်တော် အတွင်း လာလိမ်နေတယ်”ဟု ရဲရဲ တောက်ထောက်ပြခဲ့လေ၏။
လွှတ်တော်ကိုယ်စားလှယ်များ မေး မြန်းသည့် မေးခွန်းများကို ကွင်းဆင်းလေ့ လာခြင်းမရှိဘဲ သက်ဆိုင်ရာဌာနများက တင်ပြသည့် စာရင်းဇယားများ၊ အချက် အလက်များဖြင့် ဌာနကပြောသမျှ ဟုတ် မှန်းမသိ မဟုတ်မှန်းမသိ လာရောက် ဖြေဆိုနေခြင်းမှာ လွှတ်တော်တွင် တရား ဝင် လာလိမ်နေကြခြင်းပင် ဖြစ်ကြောင်း အောက်ပါ (၂) ချက်ကို အခြေခံကာ ဖော်ထုတ်ပြခဲ့သည်။
(၁) ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် ၁၁ ကြိမ်မြောက်လွှတ် တော်တွင် တိုင်းအစိုးရအဖွဲ့ဝန်ကြီးက ရေဖြူမြို့နယ်တွင်း မြေယာပုံစံ(၇)ထုတ် ပေးမှု ရာနှုန်းပြည့် ပြီးစီးခဲ့ပြီဟု ဖြေ ကြားခဲ့သော်လည်း ပုံစံ (၇) မရှိသဖြင့် ၂၀၁၅ ခုနှစ်ချေးငွေ ထုတ်မရသည့် တောင်သူရေဖြူတွင် ထက်ဝက်ခန့်ရှိနေ ခဲ့ခြင်း။
(၂) ယင်း ၁၁ ကြိမ်မြောက်အစည်း အဝေးတွင်ပင် ထားဝယ် ဟိန္ဒားသတ္တု တွင်းဆေးရုံတွင် ဆေးဝါးကုသပေးနေ သည်ဟု ဖြေခဲ့သော်လည်း လက်တွေ့တွင် ဆေးရုံ ပိတ်ထားခြင်း။

 
ယင်းသည် ထင်သာမြင်သာသည့် ဥပမာ များသာ။ မထင်သာမမြင်သာသည့် ကိစ္စရပ်များ၊ လူထုနှင့်မီဒီယာ လက် လှမ်းမမှီသည့် နေရာဒေသများတွင် မည်မျှ အလိမ်ခံခဲ့ကြရမည်ကိုမခန့်မှန်းနိုင်။ တချို့အမတ်များက ပါတီတစ်ခု တည်းမှ ဖြစ်နေပြီး ဇာတ်တူသားမစားလို၍ ကြိတ်မှိတ် မျိုသိပ်လိုက်ရသည့် ဖြေဆို ချက်များ များမြောင်စွာ ရှိနေနိုင်သည်။ လူထုကလည်း အရင်လွှတ်တော်အား များစွာစိတ်မဝင်စား။ တချို့ ဘာလုပ် နေသည်ကိုပင် မသိ။ သိလျှင်ပင် “ပြော နေလည်း ထူးမည်မဟုတ် ” ဟု ယူဆကာ အရေးမစိုက်။

 
ယခုခေတ် လွှတ်တော်ကား မ လွယ်။ လူထု၏ နိုင်ငံရေးရေချိန်၊ ဆက် သွယ်ရေးလက်တံတို့က အရင်နှင့် လား လားမျှမဆိုင်။ တစ်ချက် လွဲသည်နှင့် ကမ္ဘာကျော်သွားနိုင်သည်။ အထူး သတိချပ်ရမည်မှာ မေးခွန်း များနှင့်စပ်လျဉ်း၍ အစိုးရအဖွဲ့၏ ဖြေ ကြားမှုအားလုံးသည် ကတိကဝတ် အဖြစ် မှတ်တမ်းဝင်သည်။ ဖြေကြား ချက်များ၊ ကတိပြုခဲ့သော အာမခံချက်များ၊ ကတိ များနှင့် တာဝန်ခံချက်များ အားလုံးသည် လွှတ်တော်နှင့် ပြည်သူကို ပေးသော ကတိကဝတ်ပင် ဖြစ်သည်။ ဖြေကြား ချက်များ မှန်ကန်မှု ရှိမရှိ၊ ကတိကဝတ် များ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိအား ” တိုင်းဒေသကြီး လွှတ်တော်အာမခံချက် များ၊ ကတိများ၊ တာဝန်ခံချက်များနှင့် တိုင်ကြားစာ၊ အသနားခံစာဆိုင်ရာ စိစစ် ရေးကော်မတီ “မှ စိစစ်ရလိမ့်မည်။ တိုင်း တွင်းသားနှင့် မီဒီယာသမားတို့ကလည်း စောင့်ကြည့်ထောက်ရှုနေလိမ့်မည်။

 
အရင်အစိုးရအဖွဲ့က လွှတ်တော် တွင် လာလိမ်သော လူလိမ်ကြီးများဟု အပြောခံခဲ့ရသည်။ သိက္ခာကျ အရှက်ရ ခဲ့သည်။
မှိုတက်အိပ်ပျော်နေသည့် တိုင်း လွှတ်တော်သစ်၏ ပွဲဦးထွက် အမေး အဖြေပွဲတွင် ယခု အစိုးရအဖွဲ့သစ်က ယင်းသို့မဖြစ်အောင် မည်သို့ စွမ်းဆောင် ကျော်လွှားမည်ကို စောင့်ကြည့်နေပါ သည်။
လွှတ်တော်အမတ်များ၏ စွမ်း ဆောင်ရည်ကိုလည်း စောင့်ကြည့်နေပါ သည်။