ကျွန်းပေါ် ကာစီနိုဝိုင်းများ အစိုးရ ကိုင်မည်

0
433

ကော့သောင်းမြို့နယ် အတွင်းရှိ နာမည်ကြီး ကျွန်းနှစ်ကျွန်းပေါ်ရှိ ဟိုတယ်များတွင် ဖွင့်လှစ်ထားသည့် ကာစီနို လောင်းကစားလုပ်ငန်းများကို ဖျက်သိမ်းရန် လုပ်ဆောင်သွားမည် ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။


ထိုလုပ်ငန်းများကို စစ်အစိုးရလက် ထက်ကတည်းက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ယခုဖျက်သိမ်းရန် ပြည်ထောင်စုအစိုးရ နှင့် တွေ့ဆုံညှိနှိုင်းသွားမည် ဖြစ် ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်က ပြောကြားသည်။ မည်သို့ လုပ်ဆောင်သွားမည်ကို အသေးစိတ် ပြောဆိုခြင်းမရှိပေ။

andaman_club
” အရင် အစိုးရလက်ထက်က ဘယ် လိုနားလည်မှု ရယူပြီး ဆောင်ရွက်ထား တယ် ဆိုတာကို အသေအချာမသိတော့ အသေအချာစိစစ် လေ့လာပြီးတော့မှ အကောင်းဆုံး ဆောင်ရွက်သွားမယ်” ဟု ဒေါက်တာလဲ့လဲ့မော်က ဆိုသည်။
ကော့သောင်းမြို့နယ်တွင် သူဌေး ကျွန်းနှင့် ရတနာကျွန်းပေါ်ရှိ ဟိုတယ်နှစ် လုံးတွင် ကာစီနိုလောင်းကစားဝိုင်းများ ဖွင့်ထားသည်။
သူဌေးကျွန်းပေါ်ရှိ Grand Andaman ဟိုတယ်ပေါ်ရှိ လောင်း ကစားဝိုင်းများကို ၁၉၉၅ ခုနှစ်ကတည်း က တည်ဆောက်ခဲ့ပြီး ၁၉၉၆ ကျောင်း သား အားကစားပွဲတော် ဂုဏ်ပြုသီချင်း တစ်ခုတွင်ပင် ထည့်သွင်းစပ်ဆိုခဲ့သည်။
၁၉၉၆ ကျောင်းသား အားကစား ပွဲတော်ကို တနင်္သာရီတိုင်းတွင် ကျင်းပ ခဲ့ပြီး ယင်းကိုဖွဲ့ဆိုသော “လှလိုက်တဲ့ တနင်္သာရီ “သီချင်းတွင် “သူဌေးကျွန်း လည်း မဝေးပါ မြန်မာပြည်တောင် ဘက်ပိုင်း” မှာဟု စပ်ဆိုခဲ့သည်။ “၁၉၉၅ ခုနှစ်ကတည်းက နိုင်ငံ တော်ရဲ့တရားဝင်ခွင့်ပြုထားတဲ့ လုပ်ငန်း ပါ။ သေချာတာကတော့ တရားမဝင် လုပ်ငန်း လုံးဝမဟုတ်ပါဘူး ” ဟု Grand Andaman ကုမ္ပဏီလီမီတက် ဒါရိုင်တာ ဦးမျိုးဝင်းသန်းက ပြောကြား သည်။
ထိုကျွန်းများပေါ်တွင် အဓိက လာ ရောက် လောင်းကစားသူများမှာထိုင်းလူမျိုးအများဆုံး ဖြစ်သည်။
ဟိုတယ်တစ်ခုလျှင် ထိုင်းနိုင်ငံသား ၂၀၀ ဝန်းကျင်ခန့် နေ့ချင်းပြန်လာရောက် လေ့ရှိကြောင်းGမညေိ ဗညိamညေ ဟိုတယ် တာဝန်ရှိသူက ဆိုသည်။