ယာဉ်ထိန်းရဲများ တာဝန်ချိန်ဖုန်းမပွတ်ရ

0
468

တိုင်းအတွင်းရှိ ယာဉ်ထိန်းရဲများတာဝန်ချိန်တွင်ဖုန်းပွတ် (အင်တာနက် သုံး-ဗီဒီယိုကြည့်)ပါက ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရေးယူသွား မည်ဖြစ်ကြောင်း တနင်္သာရီတိုင်းရဲတပ် ဖွဲ့မှူးက ပြောကြားသည်။


ယာဉ်ထိန်းများ တာဝန်ချိန်တွင်ဖုန်း ပွတ်နေခြင်းကို သတိပေးလက်မှတ်ထိုး ခိုင်းသွားမည်ဖြစ်ပြီး နောက်ထပ်ထပ်မံ ကျူးလွန်ပါက ရာထူးအဆင့်လျော့ချခြင်း နှင့် နယ်ပြောင်းခြင်းများဖြင့် အရေးယူ သွား မည်ဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုးက ဆိုသည်။
” တို့သွားတဲ့ အချိန်မှာဖုန်းပွတ်တာ မတွေ့ဘူးပေါ့ကွာ၊ ဒါပေမယ့်တို့ကွယ် ရာမှာပွတ်နေမှာပဲ” ဟုရဲမှူးကြီးက ပြောသည်။
ယာဉ်စည်းကမ်းနှင့် ပတ်သက်၍ ထိန်းသိမ်းရန် ယာဉ်ထိန်းရဲများကိုတာဝန်ချထားခြင်းဖြစ်ပြီး တာဝန်ချိန်တွင် ဖုန်းပွတ် နေပါက ပြည်သူများ အတွက် ထိခိုက်မှုများ ရှိနိုင်ကြောင်း ထားဝယ်မြို့ ခံဦးနိုင်မျိုးသွင်က ဆိုသည်။

road_police_dawei
ယင်းကိစ္စအား ဇူလိုင်လ၁၅ရက် ကရဲဇာနည်ခန်းမတွင် ပြုလုပ်သည့်တိုင်း ရဲတပ်ဖွဲ့မှ ရပ်မိရပ်ဖ၊ပြည်သူလူထု အဖွဲ့ အစည်းများ၊ မီဒီယာများနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် တာဝန်ချိန် ဖုန်းပွတ်နေ သည့်ယာဉ်ထိန်းရဲများအား ပြည်သူများ က ဓာတ်ပုံရိုက်ကာ တိုင်ကြားနိုင်ကြောင်း တိုင်းဒေသကြီး နယ်/လုံဝန်ကြီးက ပြောကြားခဲ့သည်။ကိုင်တွယ် ဆောင်ရွက်ရလွယ်ကူ စေရန် နယ်/လုံဝန်ကြီးမှ ဓာတ်ပုံရိုက်ပြီး တိုင်ကြားရန် ပြောခဲ့သော်လည်း ပြည် သူများမှ ဓာတ်ပုံရိုက်ရန် မလွယ်ကူဘဲ ယင်းကဲ့သို့ ဖုန်းပွတ်နေခြင်းအား တာဝန်ရှိသူများမှ စောင့်ကြည့် ကာထိထိ ရောက်ရောက် ကိုင်တွယ်ဖြေရှင်း သင့် သည်ဟု ဦးနိုင်မျိုးသွင်က ဆိုသည်။
” တစ်နေ့လုံး ရပ်ခိုင်းထားတာ မဟုတ်ဘူးလေ၊ နားနားနေနေနဲ့ ပြည်သူ တွေကိုယာဉ်စည်းကမ်းလမ်းစည်းကမ်း ကို ယဉ်ယဉ်ကျေးကျေး ပညာပေးစည်း ရုံးသွားမယ်ဆို ပြည်သူနဲ့ ပူးပေါင်း ရာလည်းကျတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောသည်။ထားဝယ်ဒေသတွင် ယာဉ်ထိန်းရဲ အများစုမှာ ပုံမှန်လမ်းမရှင်းခြင်း အပါ အဝင်အခြား ကိစ္စများနှင့်ပတ်သက် ၍ ပြည် သူများအကြားဝေဖန်မှုများ ကျယ် ကျယ်ပြန့်ပြန့် ထွက် ပေါ်လျက်ရှိသည်။