ဥပဒေ မလိုက်နာသဖြင့်သတ္တု ကုမ္ပဏီနှစ်ခု ယာယီရပ်ရမည်

0
896
ဟိန္ဒား သတ္တုတွင်း တစ်နေရာ ဓာတ်ပုံ - ရဲထွဋ်

ဥပဒေ မလိုက်နာသဖြင့်ထားဝယ် ဒေသအတွင်း သတ္တုတူးဖော်နေသည့်မြန် မာပွန်ပီပက်နှင့် အရှေ့တိုင်း သတ္တုကုမ္ပဏီနှစ်ခုကို ယာယီရပ်နားထားရန် အစိုးရက ညွန်ကြား လိုက်သည်။

တနင်္သာရီတိုင်း ဒေသကြီးအမှတ်၂ သတ္တုတွင်းလုပ်ငန်းက ဇွန်လကုန်တွင် ညွန်ကြားခဲ့ခြင်းဖြစ်ပြီး မြန်မာပွန်ပီပက်မှာ ဟိန္ဒား  သတ္တုလုပ်ကွက်တွင် သတ္တုတူးဖော် နေသည့်ကုမ္ပဏီဖြစ်ပြီး အရှေ့တိုင်း ကုမ္ပဏီမှာ ဘ၀ပင် သတ္တုလုပ်ကွက်တွင် သတ္တုတူးဖော် နေသည့်ကုမ္ပဏီ ဖြစ် သည်။

ဟိန္ဒား သတ္တုတွင်း တစ်နေရာ  ဓာတ်ပုံ - ရဲထွဋ်
ဟိန္ဒား သတ္တုတွင်း တစ်နေရာ၊ ဓာတ်ပုံ – ရဲထွဋ်

သတ္တုတွင်း ဥပဒေပါ အချက်များ ကို လိုက်နာမှု အားနည်းသဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ညွှန်ကြားထားသည့် အချက်များအား မေလအကုန်အပြီး အကြောင်းပြချက် မရှိဘဲလုပ်ဆောင်ရန် မြန်မာပွန်ပီပက်နှင့် အရှေ့တိုင်းကုမ္ပဏီ နှစ်ခုအစိုးရက မေလလယ်က သတိပေး စာပေး ပို့ခဲ့ဖူး သည်။

ယင်းနောက် တိုင်းသယံဇာတ နှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဦးဆောင်သည့် ထားဝယ်ခရိုင် သတ္တု လုပ် ကွက်စိစစ်ရေးကော်မတီက ဇွန်လ၁၂ ရက်နေ့တွင် ထပ်မံသွားရောက် စစ်ဆေးခဲ့ ရာ ညွှန်ကြားချက်များ ပြီးစီးအောင် မလုပ် ဆောင်ထားသဖြင့် ယာယီရပ် နားရန် ညွှန်ကြားလိုက်ခြင်း ဖြစ်သည်။

သတ္တုလုပ်ကွက်များ ကိုကွင်း ဆင်းစစ်ဆေးချက်များအရ သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု များရှိနေခြင်း ကြောင့်ထိခိုက်မှု မရှိစေရေးအတွက်စနစ် တကျပြန်လည် ပြင်ဆင်ပြီးမှသာလုပ်ငန်း လည်ပတ်ရန် ယင်းကုမ္ပဏီနှစ်ခုကိုညွှန် ကြားခဲ့သည်။

“အချိန်ကာလ ကတော့သူတို့ အပေါ်မူတည်တယ်။ မြန်မြန်လုပ်ရင် တော့ မြန်မြန်ပြန်ရမှာပေါ့”ဟု တနင်္သာရီတိုင်း ဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိန်းရေး ဝန်ကြီး ဦးမြင့်မောင်က ပြောသည်။

သတ္တု လုပ်ကွက်များကိုထပ်မံကွင်း ဆင်းစစ်ဆေး သွားမည်ဖြစ်ပြီးစနစ်တကျ လုပ်ဆောင်ရန် ညွှန်ကြားထားသည့် အချက်များကို လုပ်ဆောင်ပြီးမှသာ လုပ်ငန်းပြန်လည်ပတ်ခွင့် ပြုမည်ဖြစ် ကြောင်း ဝန်ကြီးဦးမြင့်မောင်က ပြော သည်။

လုပ်ငန်း ရပ်နားထားသည့် ကာလ အတွင်း ဝန်ထမ်းများကိုလစာပေးရန်ကို မူကုမ္ပဏီနှင့် ညှိနှိုင်းသွားမည် ဖြစ် ကြောင်း ဝန်ကြီးက ဆိုသည်။

“လုပ်ငန်း နားထားတာ ၁၄ရက် လောက်ရှိပြီ။ ပြန်တော့ပြန်လည်မယ်ပြော တယ်”ဟု မြန်မာပွန်ပီပက် ကုမ္ပဏီမှ လုပ်ကိုင်နေသည့် ဟိန္ဒားသတ္တုတွင်း အနီးရှိ မြောင်းပြို ကျေးရွာဒေသခံတစ်ဦး ကပြောသည်။

အမှတ်၂ သတ္တုတွင်းလုပ်ငန်း၊ တနင်္သာရီတိုင်း ဒေသကြီးရုံးမှ မြန်မာပွန် ပီပက်နှင့် အရှေ့တိုင်းကုမ္ပဏီနှစ်ခုကိုဇွန် လ ၂၉ ရက်နေ့တွင် စာပို့ညွှန်ကြားခဲ့ သည်။