ထိုင်းလူသတ်မှုပြီးနောက် မြန်မာအလုပ်သမားများ မော်တောင်နယ်စပ်မှ ပြန်ခွင့်ပိတ်

0
436

ပြီးခဲ့သည့် ရက်သတ္တပတ်က ဘန် ကောက်မြို့တွင် ထိုင်းအမျိုးသမီး တစ်ဦး အသတ်ခံရပြီးနောက် တနင်္သာရီတိုင်း မောတောင်နယ်စပ်ဂိတ်မှ အလုပ်သမား များ ပြည်တော်ပြန်ခွင့်ကို ပိတ်ပင်လိုက် သည်။


မြိတ်ခရိုင်အတွင်းရှိ မောတောင် နယ်စပ် တစ်ဖက်ခြမ်းရှိ ထိုင်း နိုင်ငံစင်း ခွန်နယ်စပ်ဂိတ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ဇူလိုင်လ ၁၀ရက် နေ့မှစပြီး နေရပ်ပြန်ခွင့် မပြုတော့ ကြောင်း  မောတောင်နယ်ဂိတ် စခန်းရှိ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော သည်။
“တရားခံကိုရှာနေတာပါ နယ်စပ် ဂိတ်ကနေ ထွက်သွားမှာစိုးလို့ ထိုင်း ဘက်ကပိတ်ဆို့ပြီး ရှာဖွေနေကြတာပါ” ဟု အထက်ပါ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်က ပြောသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ပြီး ခဲ့သည့် ဇူလိုင်လ ၉ ရက်က ထိုင်း အမျိုး သမီးတစ်ဦးအသတ်ခံခဲ့ရပြီး မြန်မာ အလုပ်သမားများက သတ်ဖြတ်ခဲ့ ကြောင်း ထိုင်းမီဒီယာအချို့တွင် ရေး သားထားသည်။” မနေ့တုန်းက တောင်ခြေကို ခဏ ဆင်းသွားတော့ မြန်မာအလုပ်သမား အယောက် ၂၀ လောက်တွေ့ရတယ်။ ထိုင်းဘက်က ပေးမဝင်တော့ အများစုက ပြန်သွားကြတယ်” ဟု မောတောင်ဒေသခံ ဦးအေးမင်းကိုက ပြောပြသည်။သို့သော် စင်းခွန်းဂိတ်မှတဆင့် ပရာကျွတ်မြို့သို့ မြန်မာနိုင်ငံသားများ အတွက် ၃ ည အိမ် ၄ ရက်ခရီးစဉ်အဖြစ် သွားလာလည်ပတ်ခွင့် များကိုမူ ပုံမှန် အတိုင်းသွားလာခွင့် ပြုထားသည်။
ထိုင်းနိုင်ငံ သားများအနေဖြင့် မြန် မာနိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်သန်းခွင့် လက်မှတ် (Border Pass – BP)  ဖြင့် ၁၃ ညအိပ် ၁၄ ရက်၊ ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် Temporary Border Pass(TBP) ဖြင့်၆ ညအိပ် ၇ ရက် သွားလာခွင့်ကိုလည်း ပုံမှန် အတိုင်း ခွင့်ပြုထားသည်။