မြေကွက်လျှောက်ပေးမည် ဟုဆိုကာ သိန်းထောင်ချီလိမ်သည့်အဖွဲ့ တစ်ဖွဲ့လုံးမိပြီ

0
994

မြိတ်မြို့နယ်တွင် အိမ်ယာမဲ့ ဆင်းရဲ နွမ်းပါးသူများအား မြေကွက်လျှောက် ပေးမည်ဟုဆိုကာ စာရွက်စာတမ်း အတု များဖြင့် ကျပ်သိန်းထောင်ချီ ငွေလိမ်လည် ထားသည့် အဖွဲ့တစ်ဖွဲ့လုံးကို ဖမ်းမိထား ပြီဟု မြိတ်မြို့မရဲစခန်းမှ သိရသည်။


ယင်းအဖွဲ့မှ ဥက္ကဋ္ဌ(၂) ဖြစ်သူ ဦး အောင်သန်းကို ဇူလိုင်လ ၇ရက်က ဖမ်း မိခဲ့ပြီး နောက်ထပ် ၁၁ဦးကို ဇူလိုင်လ ၁၅ရက်တွင် ဖမ်းဆီးနိုင်ခဲ့သည်ဟု အ ထက်ပါ ရဲစခန်းမှူး ဦးဝင်းဇော်ဦးက ပြောသည်။ ဦးအောင်သန်း၏ ထွက်ဆိုချက်အရ ဥက္ကဋ္ဌ (၁) ဖြစ်သူ ဦးလှစိန်နှင့် ဒေါ်စိုးစိုး ဝါတို့ကို ခေါ်ယူစစ်ဆေးခဲ့ပြီး ၎င်းတို့ ၃ ဦး၏ ထွက်ဆိုချက်အရ မြိတ်တောင် လူမှုအကျိုးဆောင်ကော်မတီမှ ဦးလှမြင့် ပါ ၉ ဦးတို့ ပါဝင်နေသည်ကို သိရသဖြင့် ယင်းသို့ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အဖွဲ့သည် မြေကွက် လျှောက်ထားလိုသူတစ်ဦးလျှင် ကနဦး ငွေ ကျပ် ၆ သောင်းမှ ၈ သောင်းအထိ ကောက်ခံခဲ့ကြောင်း ငွေလိမ်ခံရသူ တစ်ချို့က ပြောသည်။
ထို့အပြင် ယင်းသို့လိမ်လည်ရာ တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ အမည်ကိုလည်း အလွဲသုံးခဲ့သည်ဟု မြိတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ သိရသည်။ကောက်ခံသည့် ငွေများအနက် ကျပ် ၅ သောင်းကို မြိတ်တောင်ကျေးရွာ အုပ်စု တောထွက်ကြီးကျေးရွာချင်းဆက် လမ်းဖောက်လုပ်ရာတွင် ထည့်ဝင်ကာ ကျန်ငွေများကို မြေကွက် လျှောက်ထား ရန်အတွက် အသုံးပြုသွားမည်ဟု ပြော ဆိုကာ ကောက်ခံခဲ့သည်ဟု အလိမ်ခံရသူ တချို့က ပြောသည်။

 
ဦးအောင်သန်းကို ဖမ်းဆီးစဉ်က ငွေကျပ် ၁၆၇ သိန်းကျော်နှင့် ကမ္ဘောဇ ဘဏ်တွင် အဖွဲ့ဝင်သုံးဦး၏ အမည်ဖြင့် အပ်နှံထားသည့် ငွေကျပ်သိန်း ၃၀၀ ပါ ငွေစုစာအုပ် တစ်အုပ်တို့ကို သိမ်းဆည်း ရမိခဲ့ပြီး ကျန်အဖွဲ့ဝင်များထံမှ ငွေ သား ၄၇ သိန်းနှင့် Click I မော်တော် ဆိုင် ကယ်တစ်စီးတို့ ထပ်မံသိမ်းဆည်း ရမိခဲ့ သည့်အတွက် စုစုပေါင်း သိမ်းဆည်း ရငွေ ၅၁၄ သိန်းကျော်ရှိကြောင်း ရဲစခန်း မှ သိရသည်။ထို့ပြင် ထပ်မံသိမ်းဆည်းရန် ကျန် ငွေများ အနက် ဒေါ်စိုးစိုးဝါထံမှ ကျပ် ၄၅ သိန်း၊ ဦးအောင်သန်းမှ မြေကွက်ဝယ်ယူ ထားရှိသည့် ငွေကျပ်၇၅ သိန်း စုစုပေါင်း ကျပ်သိန်း ၁၂၀ ရှိနေသေးကြောင်း ရဲစခန်းမှ သိရသည်။
” ကျန်တဲ့ငွေတွေ ပြန်လည်ရရှိအောင် ထပ်မံပြီး ဖော်ထုတ် စစ်ဆေးသွားပါမယ်” ဟု စခန်းမှူး ဦးဝင်းဇော်ဦးက ပြောပြ သည်။
အဆိုပါဖမ်းဆီးရမိသည့် ဦးအောင် သန်းနှင့် ကျန်အဖွဲ့ဝင် ၁၁ ဦးတို့ကို လိမ်လည်မှုဖြင့် ရာဇသတ်ကြီး ပုဒ်မ (ပ)၇၂၇ /၂၀၁၆၊ ပုဒ်မ ၄၂၀ / ၄၆၈ /၁၁၄ တို့ဖြင့် အမှုဖွင့်ထားကြောင်း မြို့မရဲစခန်းမှ သိရသည်။