၂၁ ရာစု ပင်လုံညီလာခံ အတွက် မွန်အမျိုးသား ညီလာခံ ကျင်းပမည်

0
403

၂၁ ရာစုပင်လုံညီလာခံတွင် မွန် တစ်မျိုးသား တစ်ရပ်လုံးကိုကိုယ်စားပြု နိုင်သည့် အသံတစ်သံတည်းဖြင့် တင်ပြ နိုင်ရန်အတွက် မွန်အမျိုးသားညီလာခံ တစ်ရပ် ကျင်းပရန် မွန်နိုင်ငံရေးအင်အား စုများက စီစဉ်လျက်ရှိသည်။


အဆိုပါ မွန်အမျိုးသားကွန်ဖရင့်ကို မွန်ပြည်သစ်ပါတီက ဦးဆောင်ကျင်း ပမည်ဖြစ်ပြီး မွန်နိုင်ငံရေးပါတီများ၊ မွန် လူမှုအဖွဲ့အစည်းများ၊ မွန်သံဃာတော် များ၊ မွန်မျိုးချစ်ပုဂ္ဂိုလ်များ အစရှိသည့် အားလုံးပါဝင်နိုင်သည့် ညီလာခံတစ်ရပ် လည်း ဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက ပြောသည်။
” အခုအစိုးရဖိတ်ခေါ်နေတဲ့ ပြည် ထောင်စုညီလာခံလို့ခေါ်တဲ့  ၂၁ ရာစုပင် လုံညီလာခံနဲ့ ဆက်စပ်ပြီးတော့ ကျွန် တော်တို့ မွန်အမျိုးသားထဲမှာ ပြင်ဆင် စရာရှိတာတွေကို ပြင်ဆင်နိုင်ဖို့၊ တစ်မျိုး သားလုံးကိုယ်စားပြုပြီးတော့ ညီလာခံမှာ အသံတစ်သံတည်းပြောနိုင် ဆိုနိုင်ဖို့ဆို ပြီးတော့ အားလုံးပါဝင်နိုင်တဲ့ အစည်း အဝေးကြီး တခုကို လုပ်ဖို့စီစဉ်နေပါ တယ်” ဟု နိုင်ဝင်းလှက ပြောသည်။
ညီလာခံတွင် ၂၁ ရာစုပင်လုံညီလာ ခံတက်မည့်အကြောင်းနှင့် အမျိုးသား စည်းလုံးညီညွတ်ရေးအတွက် ရှေ့ဆက် မည်သို့ အကောင်အထည်ဖော်မည်ကို အဓိကဆွေးနွေး ကြမည်ဖြစ်သည်။ ယင်းအပြင် မွန်အမျိုးသားများရေး ဆွဲထားသည့် ရာမညမွန်ပြည်နယ်ဖွဲ့စည်း ပုံအခြေခံ ဥပဒေကို ဖက်ဒရယ်ပြည် ထောင်စုနှင့် ကိုက်ညီအောင် ပြန်လည် ပြင်ဆင်ဆွေးနွေးရန် ရှိကြောင်း နိုင်ဝင်း လှက ပြောသည်။