ရှင်မုတ္ထီး ဘုရားနှင့်နာကူရုံး ဖောက်ထွင်းခံရ

0
439

ရှင်မုတ္ထီးဘုရား အလှူခံပုံးနှင့်ထား ဝယ်မြို့ပေါ်ရှိ နာရေးကူညီမှုအသင်းရုံး ခန်းဖောက်ထွင်းမှုနှစ်ခု ငါးရက်အတွင်း ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက် ညနေပိုင်းတွင်ရှင်မုတ္ထီးဘုရားရှိ အလှူခံ ပုံးအတွင်းရှိ ငွေများအား အမည်မသိလူသုံးဦးကခိုးယူသွားခဲ့ကြောင်း လုံခြုံ ရေးကင်မရာ ဃဃွှဠ မှတ်တမ်းအရ သိရကြောင်း ထားဝယ်မြို့မရဲစခန်း မှတ် တမ်းတွင် ဖော်ပြထား သည်။


အဆိုပါ အလှူခံပုံးအတွင်းမှ အလှူငွေ ခြောက်သောင်းခန့် ခိုးယူခံခဲ့ ရပြီးတရားခံအားဖမ်းဆီး ရမိခြင်းမရှိ သေးကြောင်း ထားဝယ် ရဲစခန်းထံမှ သိရသည်။ယင်းအပြင် ဇူလိုင်လ၁၂ ရက် ညတွင် လည်းကရပ်ပြင်လမ်းဆုံအနီးရှိ ထားဝယ်နာရေးကူညီမှု ရုံးခန်း ဖောက် ထွင်း ခံရသည်။ ထိုရုံးခန်း စားပွဲ အံဆွဲအတွင်း ထည့်ထားသည့် နာရေး အဖွဲ့ပိုင် အလှူခံရရှိငွေ၂၈၁၀၀၀ကျပ် ဖောက်ထွင်း ခိုးယူခံရကြောင်း ထားဝယ် မြို့မ ရဲစခန်းမှတ်တမ်းအရ သိရသည်။
ယင်း ဖောက်ထွင်းမှုတွင် လည်း တရားခံ အားဖမ်းမိခြင်း မရှိသေးပေ။ရှင်မုတ္ထီးဘုရား အလှူခံပုံးအတွင်း မှငွေခိုးယူသူများကို (ပ)၄၃၇^၂၀၁၆၊ ရာ ဇသတ်ကြီး ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့် ထားပြီး ထားဝယ်နာရေးရုံးခန်း ဖောက် ထွင်းခံရသည့်ဖြစ်စဉ်အား (ပ)၄၃၈၊ ၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ၃၈၀တို့ဖြင့် ထားဝယ်မြို့မ ရဲစခန်းတွင်အမှုဖွင့်အရေး ယူထားကြောင်း ရဲမှတ်တမ်းအရ သိရ သည်။
ထားဝယ် ဒေသတွင် ယခုဇူလိုင်လ အတွင်း ဖောက်ထွင်းမှုများ၊ ဆွဲကြိုးဖြတ် လုယက်မှုနှင့်ပိုက်ဆံအိတ် လုယက်မှုများ ခပ်စိပ်စိပ်ဖြစ်ပွားလျက်ရှိကြောင်း ထားဝယ်မြို့ခံများထံမှ သိရသည်။ရှင်မုတ္ထီး ဘုရားနှင့်နာကူရုံး ဖောက်ထွင်းခံရ