မြိတ်တွင် ရွှေဝယ်ဟန်ဆောင်ကာ ရွှေထည်များ အလစ်သုတ်

0
422

မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက် ဆိပ် ငယ်ဈေးကြီးရှိ ရွှေဆိုင်တစ်ဆိုင်တွင် ဇူလိုင်လ ၅ ရက်က ရွှေဝယ်ဟန်ဆောင်ကာ ရွှေထည်များကို အလစ်သုတ်သွားခဲ့ ကြောင်း ရွှေယမင်းရွှေဆိုင်ပိုင်ရှင် ဒေါ် အေးအေးနွယ်ထံမှ သိရသည်။


ယင်းနေ့ နံနက် ၈ နာရီခန့်တွင် အမျိုးသမီး ၂ ဦးအား ရွှေဝယ်ရန်အတွက် ရွှေကြိုးများကို ထုတ်ပြခဲ့ပြီး ဝတ်စမ်းခဲ့ ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး ၂ ဦးက မဝယ်ဖြစ်ဘဲ ပြန်ထွက်သွားပြီးနောက် တခြား ဝယ်သူလာ၍ ပစ္စည်း ပြန်စစ် ချိန်တွင် ရွှေဆွဲကြိုး ၂ ကုံးမရှိတော့ သည်ကို သိရကြောင်း ဒေါ်အေးအေးနွယ် က ပြောသည်။
” ဝတ်စမ်းနေတုန်းမှာ ဖုန်းလာ နေလို့ (ဆိုင်အတွင်းဘက်ရှိ) စားပွဲ ပေါ်က ဖုန်းကို လှမ်းယူ လိုက်နေတုန်းမှာ ရွှေထည်ကို ယူထားတာ ဖြစ်မယ်” ဟု ၎င်းက ပြောသည်။ ရွှေ ၁ ကျပ်သား ဆွဲကြိုး ၂ ကုံး (ကာလတန်ဖိုး ကျပ် ၁၆ သိန်းကျော်) ပါသွားကြောင်း သိရသည်။
အမျိုးသမီး ၂ ဦးမှာ အသက် ၄၀ နှစ်ကျော်နှင့် ၅၀ နှစ်ကျော်များဖြစ်ပြီး မြိတ်မြို့ခံမဟုတ်ဟု ရွှေယမင်းရွှေဆိုင်မှ သိရသည်။
အလစ်သုတ်ခံရမှုတွင် အမှုမဖွင့် သော်လည်း ဆိုင်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာမှ ရထားသည့် အဆို ပါ အမျိုးသမီး ၂ ဦး၏ ဓာတ်ပုံ ဖြင့် တွေ့ရှိပါက အသိပေးအကြောင်းရန် ကားဂိတ်များတွင် ကြော်ငြာစာရွက်များ ဖြန့်ဝေသွားမည်ဟု သိရသည်။
မြိတ်တွင် ရွှေဘောင်ချာအတုဖြင့် ရွှေပေါင်မှုလည်း ဖြစ်ပွားခဲ့ဖူးသည်။