ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်ရေး တနင်္သာရီတွင် ကွင်းဆင်း

0
406

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဇုန်အဖြစ် သတ်မှတ်နိုင်ရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(နေပြည်တော်)မှ ဇူလိုင်လ ၁ ရက်တွင် ကွင်းဆင်းလေ့ လာခဲ့ကြောင်း ယင်းမြို့နယ် ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးဝင်းထံမှ သိရသည်။


၃ ရက်တာပြုလုပ်သည့် ကွင်းဆင်း လေ့လာမှုတွင် မြို့ရှိ ရှေးဟောင်း မြို့ရိုး များနှင့် ရှေးဟောင်းအုတ်ကုန်းများကို အထက်ပါအဖွဲ့မှ tanintharyi-old-city-2တိုင်းတာသွားခဲ့ သည်ဟု ယဉ်ကျေးမှုအမွေအနှစ် ထိန်း သိမ်းမြှင့်တင်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းစိုးဝင်းက ပြောသည်။
လာမည့် ပွင့်လင်းရာသီတွင် တူး ဖော်ရေးလုပ်ငန်းများ လုပ်ကိုင်မည်ဖြစ်ပြီး ထိန်းသိမ်းရေး ဇုန်အဖြစ် သတ်မှတ် နိုင်ရန် အတွက် တစ်ဆင့်ချင်းသွားရ မည်ဖြစ်ကြောင်း ဦးသန်းစိုးဝင်းက ပြော သည်။
ဇုန်သတ်မှတ်ရန် နည်းလမ်းများ တွင် အုတ်ကုန်း အရေအတွက် သတ် မှတ်ခြင်း၊ တစ်မြို့လုံးရှိ ရှေးဟောင်း အုတ်မြို့ရိုးအနီး ကျူးကျော် နေထိုင် သူများ မပါပဲ ကျန်မြို့ရိုးများကို ဆက်လက်ထိန်းသိမ်းရန် သတ်မှတ်ခြင်း နှင့် မြို့၏ နှစ်မိုင်ပတ်လည်ကို ခြုံ သတ်မှတ်ခြင်း စသည့် နည်းလမ်းများ အနက် အဆင်ပြေသည့် နည်းတစ်နည်းဖြင့် ပြုလုပ်သွားမည်ဟု သိရသည်။
တနင်္သာရီမြို့သည် ရှေးဟောင်းမြို့ တစ်မြို့ဖြစ်ပြီး ရှေးဟောင်း လူ့အသုံး ဆောင်ပစ္စည်းများ၊ ရွှေထည်ငွေထည် ဘုရားဆင်း ထုတော်များ၊ ရှေးဟောင်း အုတ်ချပ်များနှင့် ရှေးဟောင်းဒင်္ဂါပြား များကို မကြာခဏ တွေ့ရှိနေရကြောင်း ယင်းမြို့ခံတစ်ချို့က ဆိုသည်။
ထို့ပြင် ပျူခေတ် အထောက်အထား များနှင့် ပုဂံခေတ် အထောက်အထား များကိုလည်းတွေ့ရှိနေရကြောင်း ယင်း မြို့နယ် ယဉ်ကျေးမှု အမွှေအနှစ် ထိန်း ထိမ်းမြှင့်တင်ရေးကော်မတီမှ သိရသည်။