ယင်းဝါ ရေလှောင်တမံ ရေဝေ ရေလဲ ဧရိယာ ဧက ၁၅၀ သတ်မှတ်မည်

0
771

ကော့သောင်းမြို့၊ ရွှေဇင်ယော် ရပ်ကွက်ရှိ ယင်းဝါရေလှောင်တမံ၏ ရေဝေရေလဲ ဧရိယာကို ဧက ၁၅၀ သတ် မှတ်မည်ဖြစ်ကြောင်း ကော့သောင်းမြို့ နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ သိရသည်။


yin_war_ktသတ်မှတ်မည့် ရေဝေရေလဲ ဧရိ ယာအတွင်း မြေယာပိုင်ရှင်များ ရှိမရှိ သိနိုင်ရန်မြေယာတိုင်းတာမှုကို ဇူလိုင် လအတွင်း အဖွဲ့စုံ အစည်းအဝေး ပြုလုပ် သွားမည်ဟု အထက်ပါ ရုံးမှ သိရသည်။”ရေဝေရေလဲ ဧရိယာအတွင်းမှာ ပိုင်ရှင်တွေ ရှိမရှိဆိုတာ မြေစာရင်းက မြေမတိုင်သေးတော့ မသိရသေးဘူး ။ မြေတိုင်းပြီး ထွက်လာတဲ့ ရလဒ်တွေ အပေါ် တိုင်းဒေသကြီး အစိုးရထံ အဆင့် ဆင့်တင်ပြပေးသွားမည်”  ဟု မြို့နယ် အထွေအထွေ အုပ်ချုပ်ရေးမှူးရုံး ဦးစီး အရာရှိက ဆိုသည်။
ကန်အနီးဝန်းကျင်ရှိ ဥယျာဉ်ခြံများ မှ သုံးမည် ဓာတ်မြေဩဇာ၊ ပိုးသတ် ဆေးများကို သုံးသည့်အခါ ကန်အတွင်း စိမ့်ဝင်နိုင်ပြီး သောက်သုံးသူများကို အန္တရာယ်ဖြစ်စေနိုင်သောကြောင့် ယင်းသို့ ရေဝေရေလဲ ဧရိယာ သတ်မှတ် ခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင်ယင်းဝါကန်မှ မြို့တွင်း တိုးချဲ့ ရေပေးဝေနိုင်ရန် ရေလှောင်တမံ ဘေး ကျောက်တန်းစီခြင်း၊ ကန်ချဲ့ခြင်း၊ ဂါလံ တစ်သောင်းဆံ့ ရေစုကန် ၃ကန် တူးဖော်ပြီးစီးနေပြီဖြစ်ကာ ရေပိုက်လိုင်း များ စတင်သွယ်တန်းနေပြီဖြစ်ကြောင်း ကော့သောင်း မြို့နယ်စည်ပင်သာယာ ရေ အဖွဲ့ထံမှ သိရသည်။