ခရီးလွန်ယာဉ် စစ်ဆေးရန် ညွှန်ကြားချက် မရောက်သေး

0
456

မော်တော်ယာဉ်များ သက်တမ်းတိုး ရာတွင် ခရီးလွန်ယာဉ်စစ်ဆေးခြင်းကို တိုင်းရုံး၊ ခရိုင်ရုံးများတွင် စစ်ဆေးခွင့် ပြုကြောင်း သတင်းထွက်နေသော်လည်း ဌာနကိုမူ ညွှန်ကြားချက် မရောက် သေးကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန တနင်္သာရီတိုင်း ဒေသကြီး ဦးစီးမှူးရုံးမှ သိရသည်။


ပြီးခဲ့သည့် ဇွန်လ ၂၈ ရက်စွဲဖြင့် ဌာနဆိုင်ရာယာဉ်များမှအပ ယာဉ်များ ရောက်ရှိရာ ဒေသတွင် ခရီးလွန်စစ် ဆေးနိုင်ကြောင်းညွှန်ကြားစာများ အပြင် တွင် ပျံ့နှံ့နေသော်လည်း တိုင်းဒေသကြီး ရုံးကိုမူ ဇူလိုင်လ ၄ ရက်အထိ တရားဝင် ညွှန်ကြားလာခြင်း မရှိသေးကြောင်း ကညန တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခင်က (ရန်ကုန့် YGN၊ မန္တ လေး MDY )အစရှိသည့် သက်တမ်း တိုးမည့် ကားများကို မှတ်ပုံတင်ထား သည့် သက်ဆိုင်ရာ ရုံးများသို့ သွား      ရောက်အစစ်ဆေးခံရပြီး သက်တမ်းတိုး ဆောင်ရွက်ရသည်။
ကားများရောက်ရှိရာ ဒေသတွင် ယာဉ်စစ်ခွင့် ပြုမည်ဆိုပါက ချိတ်ပိတ် ထားသော ယာဉ်စစ်ဆေးသည့် စာရွက် စာတမ်းများကို ယာဉ်ပိုင်ရှင်မှ မိမိအစီ အစဉ်ဖြင့် သက်ဆိုင်ရာ မှတ်ပုံတင်ထား သည့် ရုံးသို့ ကားယူသွားစရာမလိုဘဲ သက်တမ်းတိုး ဆောင်ရွက်နိုင်မည် ဖြစ် ကြောင်း အဆိုပါတာဝန်ရှိသူက ဆိုသည်။”လောလောဆယ်တော့ စာမရောက် သေးဘူး၊ ဒီလိုခွင့်ပြုမယ်ဆိုတော့ ကား ယူသွားစရာ မလိုတော့ဘူးပေါ့”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။ယခင်က ရန်ကုန်လိုင်စင်ပေါက် သည့် ကားအား သက်တမ်းတိုးဆောင် ရွက်ရာတွင် ကားယူသွားပြီး သွားရောက် အစစ်ဆေးခံရသည့်အတွက် စရိတ်ကုန် ကျမှုများခြင်း၊ ခရီးဝေးမောင်းနှင်ရခြင်း နှင့် ရန်ကုန်မြို့အတွင်း မောင်းနှင်ရာတွင် လမ်းကြောင်းမကျွမ်းကျင်သဖြင့် ယာဉ် မောင်းငှားရခြင်း စသည့် အခက်အခဲများ ကြုံတွေ့နေရကြောင်း ထားဝယ်မြို့ အနောက်ရပ်မှ ဦးမောင်မောင်ခိုင်က ဆိုသည်။
” ဒီလိုလုပ်ပေးမယ်ဆိုတော့ ကား ပိုင်ရှင်တွေအတွက် အများကြီး ကောင်း သွားမှာပေါ့” ဟု ဦးမောင်မောင်ခိုင်က ပြောသည်။
ယင်း အခက်အခဲများကြောင့် (ရန်ကုန်) လိုင်စင်များကို နယ်လိုင်စင် မပြောင်း ချင်ဘဲ ပြောင်းနေကြရကြောင်း ၎င်းက ဆိုသည်။ လက်ရှိတွင် Honda Fit   ကဲ့သို့ သော အိမ်စီးကားများကို လိုင်စင်သက် တမ်း ၂ နှစ်သတ်မှတ်ပေးထားပြီး Hi Jet နှင့် နံပါတ်အနီ(လုပ်ငန်းသုံး) ကဲ့သို့ နောက်ဖွင့်ကားများကိုမူ လိုင်စင်သက် တမ်း ၁ နှစ်သတ်မှတ် ပေးထားကြောင်း သိရသည်။