ဖဆပလ၏ ဗထူးချီးကျူးပွဲနှင့် ဗထူးဝါးဂျောတိုင်

0
3235

လွန်ခဲ့သည့် နှစ် ၆၀ ခန့်က ဗထူး ကျောက်တိုင် စိုက်ထူမည်ဟု လူတစ်စု ကြုံးဝါးခဲ့ဖူးပါသည်။သူတို့ ရည်ရွယ်ခဲ့သည့်နေရာမှာ လောင်းလုံးမြို့နှင့် ၃ မိုင်ခန့် ဝေးသော လေး သွန်းခံ တောင်ထိပ်ပေါ်တွင် ဖြစ်ပါသည်။

ယင်း တောင်ထိပ်တွင် ယခု ရှည်မျောမျော ကွင်းပြင်တစ်ခု ရှိနေသည်။ ကွင်းပြင်တစ် ဖက်တစ်ချက်တွင် စေတီငယ်နှစ်ဆူ ဖူးတွေ့ ရပါသည်။ တောင်၏ အရှေ့ဘက်ခြမ်းကို မျှော်ကြည့်က လယ်ကွင်းပြင်များ အလွန် တွင် ထားဝယ်မြစ်နှင့် တနင်္သာရီရိုးမကို မှုန်ပြပြ တွေ့ရ၏။

 
တောင်၏ အနောက်ဘက်ခြေရင်းတွင် ကား ဗိုလ်မှူးကြီးဗထူးမွေးရပ် လေးသွန်း ခံရွာ..။
ဦးတင်ဝင်း(ဗိုလ်မှူးကြီး ဗထူး၏ အကြီးဆုံး အစ်ကို ဦးလူဟန်၏သားထွေး)က တောင်ထိပ်ကွင်း အလယ်တည့်တည့် တွင် ရပ်ပြီး “ဖဆပလ ခေတ်က ဗထူး ကျောက်တိုင်ထူမယ်ဆိုပြီး ကျောက်တိုင်ပုံတူ ဝါးဂျောတိုင် ထူခဲ့တာ ဒီနေရာပေါ့” ဟု ဆို လေသည်။
ယင်း ဝါးဂျောတိုင်သည် လွန်ခဲ့သည့် နှစ် ၆၀ ခန့်က ကျင်းပခဲ့သည့် ဗထူးချီးကျူးပွဲ အပြီးတွင်ပင် ဆွေးမြေ့ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ ကျောက်တိုင်ကား ပေါ်ပေါက် မလာခဲ့။

 
ဗထူးမိသားစုဝင် အားလုံး ရင်နာခဲ့ရ သည်။ ဒေသခံများ ရင်နင့်ခဲ့ရသည်။ သမိုင်းလေ့လာသူများ တက်ခေါက်ခဲ့နေရ ဆဲ..။
၁၉၅၄ ခုနှစ် ဝန်းကျင်တွင် ဗိုလ်မှူးကြီး ဗထူးညီမ ဒေါ်ခင်ကြည်ထံ ဖဆပလပါတီ ခေါင်းဆောင်များ ရောက်လာပြီး ဗထူး ကျောက်တိုင်ကို လေးသွန်းခံ တောင်ပေါ်တွင် စိုက်ထူမည်။ ကျောက်တိုင် မပြုလုပ်မီ ဗထူး ချီးကျူးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်း ပမည်။ အကျွေးအမွေး ကိစ္စအဝ၀ ဒေါ်ခင် ကြည်နှင့် ဗထူးမိသားစုမှ တာဝန်ယူရမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ဒေါ်ခင်ကြည်၏ သား ကြီး ဦးမောင်သန်း (ယင်းအချိန် ၁၅နှစ် အရွယ်၊ ယခု ၇၇ နှစ်) က ဆိုသည်။

 
လာကမ်းလှမ်းသူများက ဝန်ကြီးချုပ် ဦးနု၊ ထားဝယ်သား ဦးဗဆွေတို့ ဦးဆောင် သည့် အာဏာရပါတီ ဖဆပလမှ ခေါင်း ဆောင်ကြီးများ။
ဒေါ်ခင်ကြည်က ကမ်းလှမ်းလာသူ လူကြီးလူကောင်းများကို ယုံကြည်ကိုး စားကာ သူ့အစ်ကို သူရဲကောင်းကြီးအတွက် ရည်ရွယ် တည်ဆောက်မည့် ခမ်းနားထည် ဝါသည့် ကျောက်တိုင်ကို မြင်ယောင်ပြီး လှိုက်လှိုက်လှဲလှဲ လက်ခံခဲ့သည်။

 
ဖဆပလ လက်ကိုင်တုတ် ပျူစော ထီး(နောင်တွင် ပြည်သူ့ရဲ)တပ်ဖွဲ့မှ ဦး ဆောင်ကာ လေးသွန်းခံ တောင်ထိပ်တွင် ဝါးနှီးဖြင့် ယက်လုပ်ပြီး စက္ကူထူထူကပ် ကျောက်တိုင်ပုံစံတူ ၁၅ ပေခန့်မြင့်သည့် ဂျောတိုင်ကြီးတစ်ခု စိုက်ထူလိုက်ကြသည်။ ယင်းတိုင်နဘေးတွင် ဗထူးချီးကျူးပွဲစင်မြင့်။ ယင်းစင်မြင့်အား ကြီးမားထည်ဝါသည့် ပန်းချီကားကြီးဖြင့် တန်ဆာဆင်ထားသည် ဟု ဆိုကြ၏။ ပန်းချီကားတွင် မြင်းကြီးကို စီးကာ အမြောက်တပ်ကို ဦးဆောင်လာသည့် ဗိုလ်မှူးကြီးဗထူးပုံကို ခြယ်သထားကြောင်း ဦးတင်ဝင်းက ပြောပြပါသည်။

ba_htoo
ဗထူးချီးကျူးပွဲ မတိုင်မီ တစ်လခန့်မှ စပြီး  ယင်းနယ်တစ်ဝိုက်၏ ကြီးမားအစည် ကားဆုံး လောင်းကစားဝိုင်းကြီး စတင် သည်။ ဂျောက်ဂျက်၊ ခေါင်းပန်းဝိုင်း (ထား ဝယ်အခေါ် မျောက်ပန်းလှန်)၊ ဖဲဝိုင်း၊ အနီ ထောင်မှအစ နွားတိုက်ပွဲ အဆုံး..။ လောင်း လုံးမြို့တစ်ဝိုက်ရှိ အသက် ၇၀ ဝန်းကျင် တမ်းလူကြီး မှန်သမျှ ယင်းလောင်းကစား ဝိုင်းနှင့် ဗထူးချီးကျူးပွဲကို မမှတ်မိသူ မရှိ။
ချီးကျူးပွဲနေ့တွင် စစ်ဘက်အရပ်ဘက် အရာရှိကြီးများ တစ်ဦးပြီးတစ်ဦး စင်ပေါ် တက်ကာ ဗိုလ်မှူးကြီးဗထူး၏ ဂုဏ်ကျေးဇူး ကို ချီးကျူးကြ၊ နယ်စုံရွာစုံမှ ကွင်းပြည့် ကွင်းလျှံ လာရောက်ကြသည့် ဧည့်ပရိ သတ်ကြီးကလည်း ဗထူး၏ သူရသတ္တိကို ထောပနာ ပြုကြ။ ဘင်ခရာ တီးဝိုင်းကလည်း စစ်ချီ၊ စစ်သည်သီချင်းများကို ခြိမ့်ခြိမ့်သဲ တီးကြမှုတ်ကြ။ နိုင်ငံပိုင် မီဒီယာကြီး (မြန်မာ့အလင်းဟုဆိုကြ)မှ သတင်းသမား တွေကလည်း ဓာတ်ပုံ တဖျပ်ဖျပ်ရိုက်ကာ မှတ်တမ်းတင်ကြ။ ဒေါ်ခင်ကြည်နှင့် ဗထူး ဆွေမျိုးတစ်စု အပါအဝင် နယ်ခံရွာသား များက လာသမျှ အရာရှိအရာခံနှင့် ဧည့် ပရိသတ်အားလုံးကို ပီတိတစ်ပွေ့ တစ်ပိုက် ဖြင့် မမောနိုင်မပန်းနိုင် ကျွေးမွေး ဧည့်ခံကြ။
ချီးကျူးပွဲလည်းပြီး လူတွေအားလုံး ပြန်၊ ကစားဝိုင်းကြီးလည်း ပျောက် ဂျောတိုင်ကြီးလည်း ဆွေး။ နောင်နှစ်များတွင် နယ်ဝေးမှ အရာရှိများ၊ ခရီးသွားဧည့် သည် များက ဗထူးကျောက်တိုင်ကို လာ ကြည့်ကြ သောအခါ လိုက်ပြစရာ မရှိ။နောက်ဆုံးတွင် ဗထူးဆွေမျိုးတစ်စုနှင့် လေးသွန်းခံ ဒေသခံတို့ရင်ထဲ မြှားတစ် စင်းသာ စိုက်ဝင် နစ်ကျန်ခဲ့လေသည်။
” အဖွဲ့အစည်းတစ်ခုက ဗထူးကို လုပ်စားသွားလေပြီ.”
ယခုနှစ် ဗိုလ်မှူးကြီးဗထူး နှစ်တစ် ရာပြည့်ပါသည်။
သံဃာတော်၊ အစိုးရအဖွဲ့၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီခေါင်း ဆောင်များနှင့် ရပ်မိရပ်ဖများ၊ အရပ်ဘက် နယ်ဘက် အဖွဲ့အစည်းများ စုပေါင်းပါဝင် သော ဗိုလ်မှူးဗထူးရာပြည့်ကော်မတီတစ်ရပ် တနင်္သာရီတိုင်းတွင် ပေါ်ပေါက်နေပါပြီ။
ယင်းသည် တိုင်းတွင်းသားအားလုံး ဗိုလ်မှူးကြီးဗထူးကို အကြောင်းပြု ပေါင်းစုနိုင်ခဲ့သော တိုင်းတွင်းသမိုင်းသစ် တစ်ရပ်လည်း ဖြစ်နေသည်။
ဗထူးမိသားစုနှင့် ဒေသခံများက ယခု ကော်မတီအား လှိုက်လှဲစွာ ကြိုဆိုလိုက်ပြီး အစွမ်းရှိသမျှ ပံ့ပိုး ပူးပေါင်းသွားမည်ဟု ဖွင့်ဟလာပါပြီ။
ယင်းကော်မတီမှ ရာပြည့်အခမ်းအနား များအပြင် ဗိုလ်မှူးကြီးဗထူးရုပ်တု၊ ဗထူး ပန်းခြံသစ်၊ ရာပြည့်မော်ကွန်းမဂ္ဂဇင်းတို့ကို ယခုနှစ်အတွင်း အကောင်အထည် ဖော် ဆောင်ကြမည်ဖြစ်သည်။ ရေရှည်အဖြစ် ဗိုလ်မှူးကြီးဗထူးဖောင်ဒေးရှင်း ထူထောင်ပြီး ဗထူးဆုများပင် ချီးမြင့်သွားမည်ဟု ဆို သည်။ လေးစားရပါသည်။

ba_htoo_bioba_htoo_family
ဗိုလ်မှူးကြီးဗထူးအတွက် ဂုဏ်ယူရပါ သည်။
လေးသွန်းခံတောင်ထိပ်ပေါ်က ဗထူး ဝါးဂျောတိုင်ကဲ့သို့ ဖြစ်မသွားရန်သာ ဆော် ဩလိုပါသည်။