ရေတံခွန် ရာသီ

0
445

မိုးကျဆိုလျှင် အပန်းဖြေ အပျော် ထွက်သူများ မျက်စိကျလာသည်မှာ ရေတံခွန်များ ဖြစ်သည်။
လှိုင်းသံ တဝုန်းဝုန်းဖြစ်လာသည့် ကမ်းခြေများ၏အလှသည် ညင်သာ ညက်ညောမှု မရှိတော့။
မိုးဦးရာသီသာ ရှိသေးသော်လည်း ရေတံခွန် ၆ ခုကို သွားပြီးသည့်သူများ ပင်ရှိသည်။


သင်္ကန်းတုံး၊ မောင်မယ်၊ ပခပ်ရေ၊ ၂၅ မိုင်တွင်ရှိသည့် ဟမ်းအိုးရေတံခွန်၊ ဆင်အိုင်နှင့် တောကျဲရေတံခွန်တို့ကို သွားပြီးပြီ ဟု ထားဝယ်နည်းပညာတက္က သိုလ်မှ လျှပ်စစ်အဓိက ဒုတိယနှစ် တက္ကသိုလ်ကျောင်းသား တစ်ဦးက ပြောသည်။
” သူငယ်ချင်းတွေနဲ့ သွားဖြစ်တာ များတယ်။ ဟိုရောက်လို့ လူတွေများ လွန်းရင်လည်း ရေကူးလို့သိပ်မကောင်း တော့ဘူး။ လူတွေများရင်အမှိုက်တွေ များတယ်။ အမှိုက်များရင်ရေမကူးချင် တော့ဘူး။ နောက်တစ်ခါမသွားဖြစ် လောက်အောင်ဖြစ်တယ် ” ဟု သူကဆို သည်။

waterfall_season
ရေတံခွန်သည် ရာသီစာဖြစ်သည်။မိုးရာသီမှသာ သွားလာကောင်းသည့်သွားနိုင်သည့်အတွက် မိုးတွင်းတွင် ရေတံခွန်များကိုသာ ဦးစားပေးသွားဖြစ် သည်ဟု ကံပေါက် ဓာတ်အားပေးစက် ရုံတွင် အလုပ်လုပ်နေသူ အသက် ၂၂ အရွယ်အမျိုးသားက ပြောသည်။
“တောလမ်းခရီးတွေ သွားရတော့ စိတ်ထဲ ပေါ့ပါးသလိုလွတ်လွတ်လပ် စိတ်လွတ် ကိုယ်လွတ်ပျော်လို့ရ တဲ့ အတွက် စိတ်ထွက်ပေါက်လို ဖြစ်သွား တယ်။ အိမ်ပြန်ရောက်ရင်လည်းရိုက် လာတဲ့ ဓါတ်ပုံတွေ ပြန်ကြည့်ပြီးသွားခဲ့ တဲ့ခရီးကို အမှတ်တရ ဖြစ်စေတယ် ” ဟု အဆို ပါအမျိုးသားက ပြောသည်။
ယခင်က ရေတံခွန်တွင် အမှိုက်ပစ် သည့်ကိစ္စကို အလေးမထားခဲ့သော် လည်း အခုနောက် ပိုင်းတွင် မပစ်ဖြစ် တော့ပေ။
အခြားသူများ ပစ်ထားသည်ကို တွေ့လျှင်လည်း စုသိမ်းကောက်ခဲ့သည် ဟု ၎င်းက ဆိုသည်။
“ရေတံခွန်တွေမှာ အဓိက ပြဿနာက အမှိုက်ပဲ။ သာသာယာယာ ရှိတဲ့နေရာတွေကိုအမှိုက်တွေဖွပြီးထားခဲ့တော့ တချို့နေရာတွေဆိုရေကူးလို့ အဆင်မပြေတော့ဘူး” ဟုအသက်၂၁နှစ် အရွယ်အမျိုးသမီးငယ်က ပြောသည်။
အမှိုက်ပြဿနာအပြင် ရေတံခွန် များကို သွားလည်ရာတွင်ကြုံရသည့် နောက် ထပ်ပြဿနာတစ်ခုမှလမ်းပန်းဆက်သွယ်ရေးဖြစ်သည်။
” ထပ်သွားချင်တဲ့ ရေတံခွန်တွေ လည်း ရှိသလို တချို့ရေတံခွန်တွေကြတော့လမ်းကြမ်းလို့မသွား ဖြစ်တာများ တယ်” ဟု အသက် ၂၁ နှစ်အရွယ် အမျိုးသမီးက ပြောသည်။
သူမအနေဖြင့် အေးအေးဆေးဆေး ထိုင်နိုင်သည့်နေရာများ၊ ဈေးဆိုင်များ ရှိသည့် ရေတံခွန်များကိုသွားဖြစ်သည် က များသည်ဟု ဆိုသည်။
အချို့ရေတံခွန်များတွင် သောက် စားမူးယစ်သူများသောကြောင့်အမျိုး သမီးငယ်များ ရေကူးရန်အဆင်မပြေ။
ရေတံခွန်ရာသီနှင့်အတူ ထပ်ကြပ် မကွာကြားရလေ့ရှိသည့်အသံမှာ “လူ စား” သည်ဟု အရပ်ခေါ်ခေါ်သည့်ရေ တံခွန်တွင် ရေကူးရင်းရေနစ်ခြင်း၊ မတော်တဆဖြစ်ခြင်းကြောင့် သေဆုံး မှုများ ဖြစ်သည်။
“ရှေ့အပါတ်ကသင်္ကန်းတုံးနဲ့ ဟမ်း အိုးလို့ခေါ်တဲ့ ၂၅ မိုင်ရေတံခွန်မှာ လူသေတယ်ကြားလို့ မသွားရဲတော့ဘူး” ဟုဖုန်းအရောင်းဆိုင်မှ အသက် ၂၁ နှစ် အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။

.
အချို့ကလည်း ရေတံခွန်သွားပါက ကလေးများအတွက် အန္တရာယ်များသည့် အတွက် မသွားဖြစ်။
အားလုံး တစ်သံတည်းထွက်သည် မှာ ရေတံခွန်များသည် လန်းဆန်းမှု၊ သစ်လွင်မှုနှင့် တောတောင်သဘာဝများ ကိုခံစားနိုင်သည်။ သို့သော် စည်းကမ်းမဲ့ အမှိုက်ပြဿနာကို ရင်ဆိုင်နေရသည်။