မြိတ်တွင် ဘောင်ချာအတုဖြင့် ရွှေပေါင်

0
455

မြိတ်တွင် ဘောင်ချာအတုဖြင့် ရွှေ ပေါင်မှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြိတ် တောင်နယ် အမှတ် (၄) နယ်မြေရဲကင်း မှူးထံမှ သိရသည်။
အတုလုပ်ထားသည့် ရွှေဝယ် ဘောင်ချာဖြတ်ပိုင်းပေါ်တွင် ဈေးနှုန်း များ ပိုရေးကာ ရွှေထည်များကို လိုက် လံပေါင်နှံခြင်းဖြစ်ကြောင်း နယ်မြေ ရဲကင်းမှူး ဒုရဲအုပ် လှမျိုးဝေက ပြော သည်။


ယင်းသို့ လိုက်လံပေါင်နှံသူသည် အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ဖြစ်ပြီး ဘောင်ချာအတု ပြုလုပ်ခံရသည့် ဆိုင်ပိုင်ရှင်က ခေါ်ယူသတိပေးရန် လာ ရောက် အကြောင်းကြားသည့် အတွက် အဆိုပါ အမျိုးသမီးအား ခေါ်ယူသတိ ပေးပြီးဖြစ်ကြောင်း သိရသည်။
” ဒီအတိုင်း လွှတ်ထားရင် ထပ် လုပ်နေမှာ စိုးလို့ နယ်မြေရဲကင်းလာပြီး ခေါ်ယူ သတိပေးခိုင်းတာပါ။ ပြစ်မှုကျူး လွန်သူကို ခေါ်ယူ စစ်ဆေးပြီးပါပြီ၊ ကာ ယကံရှင်တွေဘက်က အမှုမလုပ်တော့ ကျွန်တော်တို့ကလည်း အမှုဖွင့်တာမျိုး မရှိဘူး” ဟု ဒုရဲအုပ် လှမျိုးဝေက ပြော သည်။
အပေါင်ဆုံးသည့်အချိန်တွင် ဘောင်ချာ၌ နာမည်ပါသည့် ရွှေဆိုင် တွင် အပေါင်ဆိုင်က သွားရောင်းမှ ဈေး နှုန်း ကွာဟပြီး ရေးထားသည့် ဘောင် ချာအတု ဖြစ်သည်ကို သိရခြင်းဖြစ် ကြောင်း သိရသည်။
မြိတ်တောင်နယ်မြေ တိုးချဲ့ရပ် ကွက် ခေမာလမ်းနေတွင် နေထိုင်သူ လိမ်လည်သည့် အဆိုပါ အမျိုးသမီးအား ဇူလိုင်လ ၃ ရက်တွင် မြိတ်တောင်နယ်မြေ၊ နယ်မြေရဲကင်းတွင်ခေါ်ယူစစ်ဆေး သတိပေးကာ ခံဝန်ကတိဖြင့်ပြန် လွှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
ထပ်မံကျူးလွန်ပါက ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၄၂၀၊ လိမ်လည်မှုဖြင့် တရားစွဲဆိုမည်ဟု နယ်မြေရဲကင်းမှူးထံမှ သိရသည်။