၂၁ ရာစု ပင်လုံညီလာခံတွင် မွန်လူထုအသံတင်ပြရေး ကြိုပြင်

0
449

၂၁ရာစု ပင်လုံညီလာခံ ကျင်းပ သည့်အခါတွင် မွန်ပြည်သူလူထု တစ် ရပ်လုံးကို ကိုယ်စားပြုသည့် အသံ၊ သဘောထားများ တင်ပြနိုင်ရန်အတွက် မွန်ဒေသအတွင်းရှိ မွန်လူမှုအဖွဲ့ အစည်း များက ကြိုတင်ပြင်ဆင်လျက် ရှိသည်။


ယင်းအတွက် မွန်လူမှုအဖွဲ့အစည်း များ ပူးပေါင်းပြီး လာမည့် ဇူလိုင်လ ၂ ရက်နှင့် ၃ ရက်တို့တွင် “၂၁ ရာစုပင် လုံညီလာခံအကြို မွန်-လူမှုအဖွဲ့အစည်း များတွေ့ဆုံဆွေးနွေးပွဲ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတစ်ရပ်ကို ကျင်းပသွားမည်ဟု ပွဲကျင်းပရေးကော်မတီက ပြောသည်။”၂၁ ရာစုပင်လုံနဲ့ အခြားသော ငြိမ်းချမ်းရေးညီလာခံအဆင့်ဆင့် ပြည် ထောင်စုအဆင့် ငြိမ်းချမ်းရေး ညီလာခံ မှာရော ပြည်နယ်အဆင့် အမျိုးသား အဆင့် ညီလာခံတွေမှာရော မွန်ပြည် သူတွေရဲ့ အသံနဲ့သဘောထားတွေကို စုစည်းပြီးတော့ တင်ပြနိုင်ဖို့ အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်တာ ဖြစ်တယ်” ဟု တွေ့ဆုံဆွေးနွေးပွဲ ကျင်း ပရေးကော်မတီ ပြန်ကြားရေး တာဝန်ခံ ဦးမင်းမင်းနွယ်က ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲ၌ မွန်ပြည်သစ် ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီနှင့် မွန်အမျိုးသားပါတီတို့ကလည်း ၎င်းတို့ပါတီ၏ ၂၁ ရာစု ပင်လုံညီ လာခံအပေါ် ထားရှိသည့် သဘောထား နှင့် ဖက်ဒရယ်မူအပေါ် ရပ်တည်ချက် များကို လာရောက်မျှဝေ သွားမည်ဟု လည်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ပါတီဒု-ဥက္ကဋ္ဌ နိုင်ချမ်းတွဲ့က ပြောသည်။
တွေ့ဆုံပွဲသို့ မွန်လူမှုအဖွဲ့အစည်း ပေါင်း ၁၂၀ ခန့်နှင့် မွန်နိုင်ငံရေးပါ တီများ မွန်ဝန်ကြီးနှင့် မွန်လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ဆွေး နွေးရန် ဖိတ်ကြားထားသည်ဟု ကျင်း ပရေးကော်မတီထံမှ သိရသည်။ဇွန်လ ၂၈ ရက်နေ့ကကျင်းပခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင် သည့် အစိုးရကိုယ်စားလှယ်အဖွဲ့နှင့် PPST-Peace Process Steering Team  ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံကို ဩဂုတ်လနောက်ဆုံး အပတ်ထက် နောက်မကျဘဲ စတင်နိုင်ရန်  သဘောတူထားကြသည်ဟု သိရသည်။