လှိုင်းလေကြမ်း၍ ငါးဖမ်းလှေတစ်စီး နစ်မြုပ်

0
385

ကော့သောင်းမြို့နယ်တွင် ဇွန်လ ၂၈ ရက်ညက လှိုင်းလေကြမ်းချိန်တွင် ငါးဖမ်းလှေတစ်စီး ကျောက်တန်းဖြင့် တိုက်မိပြီး နစ်မြုပ်ခဲ့ကြောင်း မြို့မ ရဲစခန်းမှ သိရသည်။


နစ်မြုပ်သည့်လှေမှာ အော်ကြီး ကျေးရွာနှင့်ခိုကျွန်းကြားတွင် ငါးဖမ်းနေ သည့် ပလာတူးငါးဖမ်းပိုက်လှေဖြစ်ပြီး လှိုင်းလေကြီးသဖြင့် ချမ်းဖန်းကျေးရွာသို့မောင်းနှင်လာစဉ် ရွာသို့မရောက်မီ ရေမိုင် ၁ မိုင်ခွဲခန့်အလိုတွင် ရေအောက် ကျောက်တန်းနှင့် ဝင်တိုက်မိ၍ ရေဝင် နစ်မြုပ်ခဲ့ကြောင်း အဆိုပါရဲစခန်း မှတ် တမ်းအရ သိရှိရသည်။
လှေပေါ်ပါ ရေလုပ်သား ၃ ဦး သည် လီတာ ၃၀၀ ဆံ့ ရေခဲပုံးဖြင့် ရေကူး လာခဲ့ရာ ဇွန်လ ၂၉ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် ချမ်းဖမ်းကျေးရွာသို့ အသက် ရှင်လျက် ပြန်လည်ရောက်ရှိလာခဲ့သည်။ကော့သောင်းမြို့တွင် ဇွန်လ ၂၆ ရက်မှစပြီး နေ့စဉ် လေပြင်းတိုက်၍ မိုးရွာသွန်းလျက်ရှိပြီး၊ ပင်လယ်ပြင်တွင် လည်းလှိုင်းလေကြမ်းလျက်ရှိသည်။