ပုလော စာပေဟောပြောပွဲ ဦးကျော်သူနှင့် ဗေလုဝ လာမည်

0
496

ပုလောမြို့နယ်တွင် ဇူလိုင်လ နောက်ဆုံးအပတ်တွင် ကျင်းပမည့် စာပေဟောပြောပွဲတွင် ဦးကျော်သူနှင့် ဗေလုဝတို့ ဟောပြောရန် စီစဉ်ထား ကြောင်း ပွဲစီစဉ်သူ ဦးဘုန်းထိုက်ထံမှ သိရသည်။


အကယ်ဒမီ ဗေလုဝနှင့် စာရေး ဆရာ ညီမင်းညို ၊ အကယ်ဒမီ ကျော်သူ နှင့် စာရေးဆရာ ဦးဘုန်း(ဓာတု)တို့က ဇူလိုင်လ ၂၆ ရက်၊ ဇူလိုင်လ ၂၇ ရက်တို့ တွင် ပုလောနှင့် ပလောက်မြို့နယ်တို့တွင် နေရာခွဲပြီး ဟောပြောမည် ဖြစ်သည်။ယင်းစာပေ ဟောပြောပွဲကို စာပေ ချစ်သူများနှင့် ပုလောမြို့နယ်လုံးဆိုင်ရာ ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ ပထမဆုံးအကြိမ် စုပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။