လယ်သမားများ တွက်ချေမကိုက်

0
394

စပါးဈေးနည်း အမြတ်မကျန် သောကြောင့် လယ်သမားများ တွက်ချေ မကိုက်ဟု ထားဝယ်ဒေသရှိ လယ်သမား အချို့က ဆိုသည်။
လယ်တစ်ဧကလျှင် စပါးတင်း ၅၀ ခန့် ထွက်သော်လည်း စပါးဈေးမှာ တစ် တင်းလျှင် ကျပ် ၅၀၀၀ သာ ရသဖြင့် လယ်တစ်ဧကမှ ပြန်ရငွေကျပ် နှစ်သိန်းခွဲ ခန့်သာ ရကြောင်း လောင်းလုံးမြို့နယ် ပြင်ကြီးကျွန်းရှိ လယ်မြေဧက ၃၅၀ ပိုင်ဆိုင်သော ဦးကိုလေးက ပြောသည်။


လယ်တစ်ဧကအတွက် ကုန်ကျ စရိတ်မှာ ကျပ် ၂ သိန်းနီးပါးရှိသော ကြောင့် အမြတ်မကျန်ဟု ဦးကိုလေးက ဆိုသည်။
“စပါးဈေး နည်းတဲ့အပြင် စပါး ထွက်အားကလည်း လျော့လာတော့ ကုန် ကျစရိတ်နဲ့ တွက်ရင် အမြတ်သိပ်မကျန် တော့ဘူး။ ဒီနှစ်ရွာမှာ လယ်စိုက်တာ ရပ်နားလိုက်တဲ့ လယ်သမား ၁၅ ဦး လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

farmers_field
စပါးမျိုးကောင်းမျိုးသန့်များ မရှိ ခြင်း၊ အလုပ်သမား ရှားပါးခြင်း၊ ခေတ် မီ နည်းပညာထောက်ပံ့မှု မရှိခြင်း၊ သဘာဝ ဘေးအန္တရာယ်အတွက် ကြို တင်ပြင်ဆင်မှုများ မရှိခြင်း တို့ကြောင့် အရည်အသွေး နိမ့်ပြီး အခြားဒေသမှ ဆန်များအား မယှဉ်နိုင် ဖြစ်နေသဖြင့်    ဒေသဆန် ဈေးကွက်မှာ အောက်ဆုံးတွင် ရှိနေကြောင်း ထားဝယ်ခရိုင် ဆန်ကုန် သည် အသင်း ဥက္ကဋ္ဌ ဦးနိုင်လွင်လတ်က ပြော သည်။
ရွှေဘိုနှင့်ဧရာဝတီတိုင်းတို့တွင်ရှိသော ဆန်စက်များနှင့် နှိုင်းယှဉ်ပါက ထားဝယ်မြို့ရှိ ဆန်စက်များမှာ ခေတ် နောက်ကျ နေသည်ဟု လယ်ယာ စိုက် ပျိုးရေးဌာနမှ ဒုညွန်ကြားရေးမှူးဖြစ်သူ ဦးအောင်ကျော်ငြိမ်းက ပြောသည်။ ယခင်နှစ်က မရိတ်သိမ်းမီကာလ တွင် သင်တန်းများ ပေးသော်လည်း ကျယ်ကျယ်ပြန့်ပြန့် မလုပ်နိုင်ခဲ့သော ကြောင့် ယခုနှစ်တွင်မျိုးစေ့ထုတ်လုပ်ရေး နှင့်ပတ်သက်သော သင်တန်းများ၊ စိုက် စနစ်သင်တန်းများနှင့် အာဟာရပေးနည်း သင်တန်းများအား ကျယ်ကျယ်ပြန့်ပြန် လုပ်ဆောင်ရန်အစီအစဉ်ရှိကြောင်း ဦး အောင်ကျော်ငြိမ်းက ပြောသည်။
ထားဝယ်ခရိုင်တွင် လယ်ဧက နှစ်သိန်းခွဲရှိပြီး ရေလွတ်လယ်ဧက တစ်သိန်းခွဲနီးပါးရှိကြောင်း တိုင်းဒေသကြီး လယ်ယာစိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။