ထားဝယ်မြို့မှ အင်္ဂလိပ်တို့ သိမ်းယူသွားသော ရတနာစီခြယ် တော်ဝင်ရထား

512
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

၁၈၂၄ ခုနှစ်မှာ ထားဝယ်မြို့က သိမ်းယူရရှိတယ်ဆိုတဲ့ ရတနာစီခြယ် တော်ဝင်ရထားကြီးအကြောင်း ဆောင်းပါး ကို တနင်္သာရီ ဂျာနယ်မှာ ကျွန်တော် ရေး ခဲ့ဖူးပါတယ်။” ထားဝယ်မြို့မှာ တွေ့ရှိရတဲ့ ဘုရင့် နောင် ရထားကြီး”  ဆိုတဲ့ နာမည်နဲ့ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၂၃ ရက်ထုတ် တနင်္သာရီ အပတ်စဉ် အတွဲ ၂ အမှတ် ၁ မှာ ထည့် သွင်း ဖော်ပြခဲ့တာပါ။
အဲဒီ ဆောင်ပါးကို ရေးခဲ့တုန်းက တော်ဝင်ရထားနဲ့ ပတ်သက်ပြီး ဆရာ ကြီးမောင်သန်းဆွေ(ထားဝယ်) ရေးတဲ့ ဆောင်းပါးပါ အချက်အလက်နဲ့ အမျိုး သားပြတိုက် (ရန်ကုန်)နဲ့ ကမ္ဘောဇသာဒီ နန်းတော်ပြခန်း (ပဲခူး) တို့မှာ ခင်းကျင်း ပြသထားတာတွေကို နှိုင်းယှဉ်စံထိုးပြီး ထွက်ပေါ်လာတဲ့ ပဟေဠိတစ်ခုကို အခြေ ခံလို့ ကျွန်တော်နားလည်သလို ရေးသား ထားခဲ့တာ ဖြစ်ပါတယ်။
ဆရာ မောင်သန်းဆွေ (ထားဝယ်) ရဲ့ဆောင်းပါးမှာ ထားဝယ်မြို့မှ အင်္ဂလိပ် တို့ သိမ်းဆည်းရမိတယ်ဆိုတဲ့  ရတနာ စီခြယ် ရထားကြီးကို ၁၈၂၄ ခုနှစ် ဩ ဂုတ်လတွင်းမှာ ထားဝယ်မြို့ဝန် ဦးရွှေ တုတ်(၁၈၂၁-၁၈၂၄)ထံမှ ကာနယ် မိုင်းလ်စ်က သိမ်းယူခဲ့တယ်လို့ ဖော်ပြ သည်။
အဲဒီ ရထားကြီးကို စစ်ဘုရင် နပို လီယံရဲ့ ရထားကြီးနဲ့ အတူယှဉ်တွဲပြီး ပစ်ကာတလီပြပွဲ အီဂျစ်ခန်းမမှာ ပြသ ထားရာမှာ လူအများ အထူးစိတ်ဝင် တစားနဲ့ ကြည့်ရှုကြတယ်။ ရထားကြီးရဲ့ အတိုင်းအတာနဲ့တကွ ဘယ်လိုဘယ်ပုံ တည်ဆောက်ပြီး အဖိုးတန် ကျောက်မျက် ရတနာ အလုံးရေ ၂၀၀၀၀နဲ့ ဆင်မြန်း ထားတယ်လို့ သိရတယ်။

gold_cart
နောက်ပြီး ရထား တန်ဖိုးကို အဲဒီ ခေတ်ကာလ တန်ဖိုးနဲ့ သတ်မှတ်ရာမှာ ရူပီးငွေ ၂၅၀၀၀၀ (၃၁၂၅ပေါင်) တန် ကြောင်း ၁၈၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ထုတ် The Mirror စာစောင်မှာ ဖော်ပြထားတဲ့ မူရင်းသတင်းဆောင်းပါးကို တိုက်ရိုက် ဘာသာပြန်ပြီး ဖော်ပြထား ပါတယ်။နောက်ပြီး ဆရာကြီးရဲ့ ဆောင်းပါး မှာ မူရင်းစာစောင်မှာ ဖော်ပြထားတဲ့ ပုံ အတိုင်း ရထားကြီးကို ဆင်နဲ့ဆွဲနေတဲ့ ပန်းချီပုံကိုပါ ထည့်သွင်း ဖော်ပြထားပြီး ဆောင်းပါးနာမည်ကိုလည်း ” ထားဝယ်မြို့ ဝန်ထံမှ ဆင်ဆွဲရထား” လို့ ပေးထားပါ တယ်။ကျွန်တော် မျက်စိလည်သွားရတဲ့ အချက်က The Mirror စာစောင်မှာ ဖော်ပြထားတဲ့ မြန်မာမင်းပိုင် ရထားကို ဆင်ဆွဲရထား ဖြစ်တယ်လို့ ပုံနဲ့ဖော်ပြတာ အပြင် ဆောင်းပါးခေါင်းစဉ်ကိုလည်း  ဆင်ဆွဲရထားအဖြစ်နဲ့ပဲ ဖော်ပြထားခဲ့လို့ ဖြစ်ပါတယ်။

 
နောက်တစ်ချက်က The Mirror  စာစောင်မှာ ဖော်ပြထားတဲ့အချက်အလက် တွေကို ကိုးကားပြီး ရထားပုံစံငယ်တွေ လုပ်ပြီးတော့ အမျိုးသားပြတိုက်(ရန်ကုန်)နဲ့  ကမ္ဘောဇသာဒီနန်းတော်(ပဲခူး) တို့မှာ ခင်းကျင်းပြသထားပြီး The Mirror  စာစောင်မှာ ဖော်ပြ ထားတဲ့ ရထားဟာ ဘုရင့်နောင်ရထားဖြစ်ကြောင်း ထင်ထင် ရှားရှားကြီး ဖော်ပြထားတာကို လေ့လာခဲ့ ရဖူးလို့ပါပဲ။ပြောရရင် စာစောင်မှာ ဖော်ပြ ထားတဲ့ အတိုင်းတာတွေနဲ့ ပြုလုပ်ထားတဲ့ ရထားတစ်စီးဟာ ဆင်ဆွဲတဲ့ ရထား မဖြစ် နိုင်ဘူးလို့ သံသယဝင်မိခဲ့တယ်။ အဲဒီ ရထားနဲ့ ပတ်သက်ပြီး ပြတိုက်များမှာ ဖော်ပြထားချက်အရဘုရင့်နောင် မင်း တရားကြီးရဲ့ စီးတော်ရထားလို့ သိခဲ့ရပြီး ဘာဖြစ်လို့များ နောင်နှစ်ပေါင်း ၂၅၀ ဝန်းကျင်လောက်ကြာမှ ထားဝယ်မြို့မှာမှ သွားပြီး တွေ့ရှိခဲ့ရတာလဲ ဆိုတာကို စိတ်ထဲမှာမရှင်းမလင်း ဖြစ်နေခဲ့ပါတယ်။

 
ပြီးခဲ့တဲ့ တစ်ပတ်အတွင်းက ကျွန် တော်ဟာ လက်ရှိစစ်ကိုင်းမြို့မှာ နေထိုင် တဲ့ ဆရာကြီး တပ္ပ၀တီ ဦးဝင်းမောင်ဆီကို သွားရောက် ဂါရ၀ပြုရင်း သမိုင်းဆိုင်ရာ အချက်လက်လေးတွေကို မေးမြန်းဖြစ် ပါတယ်။ ဆရာကြီးနဲ့တွေ့ဆုံခိုက် ထား ဝယ်မြို့မှာ တွေ့ခဲ့ရ တယ်ဆိုတဲ့ ရတနာ စီခြယ် ရထားကြီးအကြောင်းကိုလည်း မေးမြန်းဖြစ်ခဲ့သေးတာပါ။ဆရာကြီးက အမျိုးသားပြတိုက် ရန်ကုန်နဲ့ ကမ္ဘောဇသာဒီနန်းတော်(ပဲခူး)မှာ ပြသထားတဲ့ ရထားပုံစံငယ်တွေကို သူကိုယ်တိုင် ဦးစီး ကြီးကြပ်ပြီး လုပ် ပေးခဲ့ရကြောင်း ပြောပြတယ်။

 

အဲဒီရထား ပုံစံငယ်ရအောင်ွှ့န ငြမမသမ စာစောင် မှာ ဖော်ပြထားတဲ့ အချက်အလက်တွေကို အခြေခံပြီးတော့ပဲ လုပ်ပေးခဲ့ရတာ ဖြစ် ကြောင်း ပြောပြပါတယ်။ တကယ်တော့ The Mirror  စာစောင်မှာ ဖော်ပြထားတဲ့ ရထားဟာ ကုန်းဘောင်ခေတ်မှာ ပြု လုပ်တဲ့ (ဘကြီးတော် စစ်ကိုင်းမင်းကို ဆက်သဖို့အတွက် ဖြစ်နိုင်ပါတယ်) ရ ထားသာဖြစ်ပေမယ့်လည်း အဲဒီအချိန်မှာ တာဝန်ထမ်းဆောင်နေတဲ့ ယဉ်ကျေးမှုဝန် ကြီးဌာန ဝန်ကြီးက သူ့သဘောနဲ့သူ အဲဒီရထားပုံစံငယ်တွေကို ဘုရင့်နောင်ရဲ့ ရထားအဖြစ်နဲ့ အမျိုးသားပြတိုက် (ရန် ကုန်)နဲ့ ကမ္ဘောဇသာဒီနန်းတော်(ပဲခူး) တို့မှာ ပြသခိုင်းခဲ့တာ ဖြစ်ကြောင်း ဆရာကြီး တပ္ပ၀တီ ဦးဝင်းမောင်က ကျွန်တော့်ကို ပြောပြပါတယ်။

 
ယဉ်ကျေးမှုဝန်ကြီးဌာနဝန်ကြီးက ကုန်းဘောင်ခေတ်မှာ ရှိခဲ့ဖူးတဲ့ ရတနာ စီခြယ် ရထားရဲ့ ပုံစံငယ်ကို ဟံသာဝတီ ခေတ် ဆင်ဖြူရှင် ဘုရင့်နောင်(အေဒီ ၁၅၅၁ – ၁၅၈၁) ရဲ့ ရထားအဖြစ် သတ် မှတ်ပြီး ပြတိုက်တွေမှာ ပြသစေခဲ့တာကို သက်ဆိုင်ရာ ပညာရှင်များကလည်း ဘာမှ မပြောသာဘူးလို့ ဆိုပါတယ်။

 
အဲလို အများပြည်သူ လေ့လာဖို့ အတွက် ပြတိုက်တွေမှာ သမိုင်းအချက် အလက်တွေ လွဲမှားပြီး ပြသထားခဲ့တော့ ကျွန်တော်တို့လို သာမန်ဝါသနာရှင်တွေ က အမှတ်မှားပြီး မျက်စိတွေလည်ကုန် ရတော့တာပါ။ဒီနေရာမှာ ရထားကြီးနဲ့ ပတ် သက်လို့ The Mirror စာစောင်မှာ ဖော်ပြချက်ကလည်း ပြောစရာရှိလာပါ တယ်။  အင်္ဂလိပ်တို့ဟာ ထားဝယ်မြို့ ကနေ သူတို့ သိမ်းယူသွားတဲ့ ရတစ်နာစီ ခြယ်ရထားကို မြင်းနဲ့ဆွဲတဲ့ရထားလား၊ ဆင်နဲ့ဆွဲတဲ့ ရထားလားဆိုတာကို အတိ အကျ သိခဲ့ဟန် မတူပါဘူး။ မြန်မာ ဘုရင်ရဲ့ ရထားတော်ကို ပစ်ကာတလီပြပွဲ အီဂျစ်ခန်းမမှာ ပြသခဲ့တော့ လူလုပ်တဲ့ ဆင်ရုပ်ငယ် နှစ်ကောင်နဲ့ ဆင်နဲ့ဆွဲရတဲ့ ရထားလို ပြသထားခဲ့တယ်လို့ ဆိုပါ တယ်။ အဲဒီလို ပြသထားတဲ့အတိုင်း ရထားကြီးကို ဆင်နှစ်ကောင်ဆွဲတဲ့ ပန်းချီ ပုံနဲ့ The Mirror စာစောင်မှာ သတင်း အဖြစ် ဖော်ပြထားခဲ့တာပါ။
အဲဒီပုံကို မြင်တော့လည်း ကျွန် တော်တို့မှာ မျက်စိလည်ရ ပြန်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ မြန်မာဘုရင် တွေ စီးတဲ့ ရထားတွေကို ဆင်နဲ့ဆွဲလေ့ မရှိဘဲ မြင်းတွေနဲ့သာ ဆွဲလေ့ရှိတယ် ဆိုပြီး မှတ်သားရလို့ပါ။ ဆရာကြီး တပ္ပ ၀တီ ဦးဝင်းမောင်ကလည်း မြန်မာ ဘုရင်တွေရဲ့ ရထားတော်တွေဟာ မြင်းနဲ့ ဆွဲရတဲ့ ရထားတွေသာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီရထားနဲ့ ပတ်သက်ပြီး ရေးသား ခဲ့တဲ့ မြန်မာနိုင်ငံက စာရေးဆရာကြီးတွေ ကလည်း The Mirror  စာစောင်မှာ ဖော်ပြထားတဲ့ ဆင်ဆွဲနေတဲ့ ရထားပုံကို အခြေခံလို့ ” ထားဝယ်မြို့ဝန်ထံမှ ဆင်ဆွဲ ရထား”  ၊  ” အင်္ဂလိပ်လက်ရောက် မြန်မာ ဘုရင်၏ ဆင်ဆွဲရထားတော်”  ဆိုပြီး ခေါင်းစဉ်တပ်လေ့ရှိတော့ သာမန်စာဖတ် သူတွေအနေနဲ့က အဲဒီရထားကြီးကို ဆင်ဆွဲရထားလို့ပဲ ထင်မှတ်ကြတော့ တာပါ။ ဆင်နဲ့တောင် ဆွဲရတဲ့ ခမ်းနား လွန်းလှတဲ့ ရထားတော်ကြီးအဖြစ် ဂုဏ် ယူချင်လို့ ရေးသားခဲ့တာများလား လို့လည်း တွေးမိပါတယ်။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု လက်ရာတွေနဲ့ ပတ်သက်ပြီး ဂုဏ်ယူချင်တာမှန်ပေမယ့်အချက် အလက်တွေ လွဲမှားနေတော့လည်း သမိုင်းအမှန်လေ့လာသူများမှာ မျက်စိ လည်ရပြန်တာပါ။
အခုတော့ ဆရာကြီး တပ္ပ၀တီ ဦးဝင်းမောင် ပြောပြချက်များကြောင့် ကျွန်တော့စိတ်ထဲ မရှင်းမလင်းဖြစ်နေတဲ့ အချက်နှစ်ချက်ကို ရှင်းရှင်းလင်းလင်း သိခဲ့ရပါပြီ ။
ကျွန်တော်တို့ မျက်စိလည်နေတဲ့ ရထားတော်ကြီးနဲ့ ပတ်သက်တဲ့ ဖြစ်စဉ် တစ်ခုလုံးကို ပြန်ကြည့်ရရင်….
၁။ မြန်မာအင်္ဂလိပ် ပထမစစ်ပွဲ အတွင်းဖြစ်တဲ့ ၁၈၂၄ ခုနှစ်မှာ အင်္ဂလိပ် တို့က မြန်မာဘုရင်ရဲ့ ရတနာစီခြယ် ရထားတော်ကြီးတစ်စီးကို ထားဝယ်မြို့ ကနေ သိမ်းယူသွားခဲ့တယ်။၂။ အဲဒီရထားကို ၁၈၂၅ ခုနှစ်မှာပဲ စစ်ဘုရင်ကြီး နပိုလီယံရဲ့ ရထားကြီးနဲ့ အတူယှဉ်တွဲပြီး ပစ်ကာတလီပြပွဲ အီဂျစ် ခန်းမမှာ ပြသထားခဲ့တယ် ။
၃။ အဲဒီလိုပြသထားခဲ့ရာမှာ ရထား ကြီးကိုဆင်ကတဲ့ရထားအဖြစ် ဆင်ရုပ် နှစ်ရုပ်နဲ့အတူ တပ်ဆင်ပြီး ပြသတယ်။
၎။ အဲဒီအကြောင်း ၁၈၂၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့ထုတ် The Mirror   စာစောင်မှာ သတင်းဆောင်းပါးနဲ့အတူ ဆင်နှစ်ကောင် ဆွဲနေတဲ့ မြန်မာဘုရင့် ရထားတော်ပုံကို ဖော်ပြတယ်။
၅။ နောက်ပိုင်းမှာ မြန်မာနိုင်ငံက ကမ္ဘောဇသာဒီနန်းတော် (ပဲခူး)နဲ့ အမျိုး သားပြတိုက် (ရန်ကုန်)တို့မှာ The Mirror စာစောင်မှာ ဖော်ပြပါရှိတဲ့ မြန် မာမင်းရထားအတိုင်းအတာ အချက် အလက်တွေကိုမှီးပြီး ရထားပုံစံငယ် လုပ်လို့ ဟံသာဝတီခေတ် ဆင်ဖြူရှင် ဘုရင့်နောင်ရဲ့ ရထားအဖြစ်နဲ့ ခင်ကျင်း ပြသတယ် ။
၆။ တကယ်တော့ The Mirror စာစောင်မှာ ဖော်ပြထားတဲ့ ရထားဟာ ၁၈၂၄ ခုနှစ်မှာ အင်္ဂလိပ်တို့ ထားဝယ်မြို့ ကနေ သိမ်းယူသွားတဲ့ ကုန်းဘောင် ခေတ်ဘကြီးတော် စစ်ကိုင်းမင်းလက် ထက် ရထားတော်သာ ဖြစ်တယ်။ ဆင်ဖြူရှင် ဘုရင်နောင့် မင်းတရားကြီးနဲ့ မသက်ဆိုင်ပါ ။
၇။ မူလက အဲဒီရထားတော်ဟာ ဆင်ဆွဲရထားမဟုတ်ဘဲ မြင်းတွေနဲ့ ဆွဲရတဲ့ရထားတော်သာ ဖြစ်တယ်။
အမျိုးသားပြတိုက်နဲ့ ကမ္ဘောဇသာ ဒီနန်းတော်မှာ ရထားပုံစံငယ်တွေ ပြုလုပ်ပြီး ပြသထားတာဟာ ဘုရင့်နောင် မင်းတရားကြီးရဲ့ နန်းစံနှစ်တွေဖြစ်တဲ့ အေဒီ ၁၅၆၇ ခုနှစ်မှာ ကိုယ်တွေ့ကြုံခဲ့သူ Caesar Frederick  ရဲ့မှတ်တမ်းကြောင့် လည်း ဖြစ်နိုင်မယ် ထင်ပါတယ်။
အဲဒီမှတ်တမ်းမှာ …  ဘုရင် ( ဘု ရင့်နောင်မင်းတရားကြီး )သည် မြင်း ၁၆ ကောင်ဆွဲသော လှည်းကြီးကိုစီး၍ ထွက်တော်မူသည်။ မြင်းလှည်းမှာ တစ်ခုလုံး ရွှေချထားသည်။ မြင်းရထားမှာ ခပ်မြင့်မြင့်စွင့်စွင့်ရှိပြီး တံခွန်များ စိုက် ထူထားသည်။ မြင်းရထားနောက်မှ မှူး ကြီးမတ်ရာ နှစ်ဆယ်ခန့်က ကြိုးစများကို လက်တွင်ကိုင်၍ လိုက်ကြရသည်။ ဘုရင် သည် မြင်းရထား၏ အလယ်ဘက်မှ စီး နင်းသည်။ ဤမြင်းရထားပေါ်မှ အမတ် ကြီး လေးပါးက မတ်တပ်ရပ်စီးနင်းသည် …. ဆိုပြီး ပါရှိတယ်လို့ သိရပါတယ်။
ဒါဆိုရင် ဆင်ဖြူရှင် ဘုရင့်နောင် မင်းတရားကြီးမှာလည်း စီးတော်ရထား ရှိခဲ့တာမို့ ပြတိုက်တွေမှာ အဲဒီခေတ်က ဘုရင့်ရထားပုံစံငယ်ကို ပြုလုပ်ပြီး ပြသ ထားသင့်ပါတယ် ။ အခုက အမျိုးသားပြတိုက်နဲ့ ကမ္ဘောဇသာဒီနန်းတော်မှာ ဆင်ဖြူရှင် ဘုရင့်နောင်ရဲ့ရထားဆိုပြီး ပြသထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ပြသထားတဲ့ ရထားပုံစံက ကုန်းဘောင်ခေတ် ဘုရင့် ရထားပုံစံကို မှီးယူထားတာအပြင် အဲဒီ ရထားအကြောင်းတွေပါတဲ့ The Mirror စာစောင်က ဆင်ဆွဲနေတဲ့ ရထားပုံကိုပါ ပြသထားတယ် ဆိုတော့ လေ့လာတဲ့ သူများအနေနဲ့ မျက်စိလည် သွားတော့ တာပါ။

 
ဆရာကြီး တပ္ပ၀တီဦးဝင်းမောင် ကလည်း ကမ္ဘောဇသာဒီနန်းတော်မှာ လက်ရှိပြသထားတဲ့ ကုန်းဘောင်ခေတ် ရထားပုံစံငယ် နေရာမှာ ဘုရင့်နောင်ခေတ် ရထားပုံစံတစ်ခုကို အစားထိုးပြသ ထားသင့်တယ်လို့ ဆိုပါတယ်။ တကယ် လို့ အမှန်ကို အစားထိုး မပြသနိုင်ခဲ့ရင် နောင်လာနောင်သား သမိုင်းလေ့လာသူ များအနေနဲ့ အမှားကြာလို့ အမှန်ထင် သွားမှာကို စိုးရိမ်မိတယ်လို့ ရထားပြ ခန်းတွေနဲ့ ပတ်သက်ပြီး ကျွန်တော်နဲ့ တွေ့စဉ် ပြောခဲ့ပါတယ်။

 
ပြီးခဲ့တဲ့ တစ်လအတွင်းမှာ ရန်ကုန် မြို့ အမျိုးသားပြတိုက်က ရထားပုံစံ ငယ်ပြကွက်ကိုရောက်တော့ အဲဒီရထား ပုံစံငယ်ကို အရင်ကလို ဘုရင့်နောင်မင်း တရားကြီးရဲ့ ရထားအဖြစ် The Mirror စာစောင်က အထောက်ထားတွေနဲ့ ပူးတွဲ ပြသထားတာ မတွေ့ရတော့ပါဘူး။  ဒါပေမယ့်  အထက်မှာ ဖော်ပြပြီးဖြစ်တဲ့ အေဒီ ၁၅၆၇ ခုနှစ်မှာ ကိုယ်တွေ့ကြုံခဲ့သူ Caesar Frederick  ရဲ့ ဘုရင့်နောင် မင်းတရားကြီး ရထားအကြောင်း မှတ် တမ်းကိုတော့ ရထားပုံစံငယ်နဲ့အတူ ပူးတွဲပြသထားသေးတာပါ။ ပဲခူးမြို့ ကမ္ဘောဇသာဒီနန်းတော်က ရထားပြကွက်မှာတော့ အရင်ကတိုင်းပဲ ခင်းကျင်းပြသထားသေးတယ်လို့ ထင်ပါ တယ်။