ဆဲဗင်န်းဇူလိုင် အခမ်းအနား မြို့တော်ခန်းမတွင် ပထမဆုံး ကျင်းပခွင့်ရ

0
424

၅၄ နှစ်မြောက် ဆဲဗင်န်း ဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကို ထားဝယ်မြို့တော်ခန်းမတွင် ပထမဆုံး အကြိမ် ကျင်းပခွင့်ရမည်ဖြစ်ကြောင်း အခမ်းအနား စီစဉ်သူများထံမှ သိရ သည်။

7_july_ceremony
ယခင်အစိုးရ လက်ထက်က နှစ်စဉ် ဇူလိုင်လ ၇ ရက်တွင်  မောင်းမကန်ကမ်း ခြေ၌ အောက်မေ့ဖွယ် အခမ်းအနားကို ပြုလုပ်လေ့ရှိပြီး ယခုနှစ်တွင်မူ ထားဝယ် မြို့တော်ခန်းမတွင် ကျင်းပမည်ဖြစ် ကြောင်း ဦးဆောင်စီစဉ်သူတစ်ဦးဖြစ် သည့် ကိုမင်းလွင်ဦးက ပြောသည်။
“နှစ်တိုင်း မောင်းမကန်ကမ်းခြေမှာ ပြုလုပ်ပေမယ့် မိုးရာသီလည်းဖြစ်၊  ကျောင်းသားတွေ အနေနဲ့ အလှမ်းဝေးလို့ တက်ရောက် လာတဲ့သူတွေ နည်းတဲ့ အတွက် ဒီနှစ်မှာ မြို့တော်ခန်းမမှာလုပ် ဖို့စီစဉ်ဖြစ်တာပါ”  ဟု ကိုမင်းလွင်ဦးက ပြောသည်။
နှစ်စဉ် ဆဲဗင်န်း ဇူလိုင်အခမ်းအနား တွင် ဓာတ်ပုံပြပွဲပြုလုပ်ခြင်း ၊ ကဗျာ ရွတ်ခြင်းများ၊ ယခင် ကျောင်းသား ဟောင်းများက ရဲကူပ နှင့်ပတ်သက်၍ သမိုင်းကြောင်းများနှင့် အတွေ့အကြုံများ အားဖလှယ်ခြင်း၊ ပြောပြခြင်းများပြု လုပ်ကြပြီး ယခုနှစ်တွင် ပို၍ကျယ်ကျယ် ပြန့်ပြန့် ပြုလုပ်သွားရန် ရှိကြောင်း ၎င်းက ဆိုသည်။
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်တွင် ရန်ကုန်တက္ကသိုလ်၌ ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ကျောင်းသားများကို တော်လှန်ရေးကောင်စီအစိုးရက အကြမ်း ဖက်နှိမ်နင်းခဲ့ပြီး တက္ကသိုလ်ကျောင်း သားသမဂ္ဂ အဆောက်အအုံကို ဗုံးထောင် ဖျက်ဆီးခဲ့သည်။