သထုံတွင် ထိုင်းမှ တရားမဝင် တင်သွင်းလာသည့် ကွမ်းသီးပိဿာ ခုနှစ်သောင်းကျော် ဖမ်းမိ

0
457

မွန်ပြည်နယ်၊ သထုံမြို့နယ် ဒူးရင်း ဆိပ်ကျေးရွာအုပ်စု၊ ဒုံသမိတံတား အနီးတွင် ထိုင်းမှ တရားမဝင် တင်သွင်း လာသည့် ကွမ်းသီး ပိဿာချိန် ၇၄၀၀၀ ခန့် ဖမ်းဆီးရမိထားသည်ဟု သထုံမြို့ နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


သထုံခရိုင်ရဲတပ်ဖွဲ့ဝင်များက ဇွန်လ ၂၈ ရက်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေစဉ် ဘားအံဘက်မှ ရန် ကုန်ဘက်သို့ မောင်းနှင်လာသော ၂၂ ဘီးတပ် မော်တော်ယာဉ် ၄ စီးကို တားဆီးစစ်ဆေးရာမှ ကွမ်းသီးများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့သယ်လာတဲ့ ကွမ်းသီးတွေ နဲ့ပတ်သက်ပြီး တရားဝင်စာရွက်စာတမ်း အထောက်အထားတွေ မပါလာလို့ အကောက်ခွန်မဲ့ ပစ္စည်းလို့ သတ်မှတ်ပြီး ဖမ်းဆီးထားတာပါ”ဟု သုဓမ္မ၀တီနယ် မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဝင်းမင်း သန့်က ပြောသည်။
ထိုင်းနိုင်ငံမှ တင်သွင်းလာကြောင်း သိရသည် ဟုရဲအုပ်ဝင်းမင်းသန့်က ပြော သည်။ ပြည်ပနိုင်ငံထွက် ကွမ်းသီးများကို မော်တော်ယာဉ်ဖြင့် သယ်ဆောင် တင် သွင်းလာသူ ၈ ဦးအား ပို့ကုန်သွင်းကုန် ပုဒ်မ ၈ ^၁၀ ဖြင့် သထုံမြို့ သုဓမ္မ၀တီ နယ်မြေရဲစခန်းတွင် အသီးသီး အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ထိုင်းကွမ်းသီးသည် ထိုင်း-မြန်မာ နယ်စပ် မြ၀တီလမ်းကြောင်းမှ တစ်ဆင့် မွန်ပြည်နယ်အပြင် ရန်ကုန်၊ မန္တလေး အစရှိသည့် မြန်မာပြည်ဒေသအနှံ့သို့ တင်သွင်းဖြန့်ဖြူးရောင်းချနေပြီး ပြည် တွင်းထွက် ကွမ်းသီးနှင့်ရောပြီး ပြည်ပ သို့ တင်ပို့မှုများ လည်းရှိသည်ဟု မွန် ပြည်နယ်မှ ကွမ်းသီးအဝယ်ဒိုင်များထံမှ သိရသည်။