ကြက်တောင်အားကစားရုံ အဆင့်မြှင့် ပြန်ဆောက်မည်

0
434

ကော့သောင်းမြို့တွင် ကြက်တောင် အားကစားရုံးအား အဆင့်မြှင့်ပြီး ပြန် လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း ကော့သောင်းခရိုင်အားကစားနှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။


လက်ရှိ အဏ္ဏဝါရပ်ကွက်တွင် ရှိ သည့် ကြက်တောင်ကွင်းနေရာတွင် ခေတ်မီအားကစားကွင်း တည်ဆောက် ရန်နေရာ မလုံလောက်သည့် အတွက် နေရာပြောင်းရွှေ့ တည်ဆောက်မည်ဟု ကော့သောင်းခရိုင် အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးခင်မောင်ဦးက ဆိုသည်။
လက်ရှိ ကြက်တောင်ရိုက်နေသည့် ကွင်းသည် ပေ ၅၀၊ ပေ ၈၀ သာရှိပြီး အေးရိပ်ငြိမ်ရပ်ကွက် မြို့မအားကစား ကွင်းထဲတွင် ပြောင်းရွှေ့တည်ဆောက် မည့် ကွင်းသစ်မှာ ပေ ၇၀ ၊ ပေ ၁၀၀ အကျယ်ရှိသည်ဟု သိရသည်။
“အသစ်ဆောက်မယ့် ကြက်တောင် ကွင်းရုံမှာ ပွဲကြည့်စင်၊ အားကစားသမား တွေအတွက် အဝတ်လဲခန်း၊ ရေချိုးခန်း ၊အိမ်သာတို့ပါမှာ ဖြစ်တယ်၊ ချစ်ကြည် ရေးပွဲတွေအတွက် အဆင့်မီရုံဖြစ်သွား မှာပါ” ဟု ခရိုင်လက်ထောက်ညွှန်မှူး ဦးခင်မောင်ဦးက ထပ်မံရှင်းပြသည်။
အဆိုပါ အားကစားရုံအား ၂၀၁၆ -၂၀၁၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် ဆောက်မည်ဖြစ်ပြီး၊ ကျပ် သိန်း ၂၆၀၀ ကျော်သုံးသွားမည်ဟု သိရသည်။