ယာဉ်တိုက်မှုတွင် တစ်ဖက်သတ် မေးမြန်းပြီး အမှုဖွင့်သည်ဟု ဆိုကာ တိုင်းဝန်ကြီးချုပ်ထံ စာတင်

0
392

ထားဝယ်-မောင်းမကန်လမ်းတွင် ဖြစ်ပွားခဲ့သည့် ကားနှင့်ဆိုင်ကယ်တိုက် မှုတွင် မောင်းမကန် နယ်မြေရဲစခန်းက  ကားမောင်းသူဘက်ကိုသာ တစ်ဖတ် သတ်မေးမြန်းပြီး အမှုဖွင့်ခဲ့သည်ဟု ဆို ကာ တိုင်းဝန်ကြီးချုပ်ထံ ဇွန်လ  ၂၁ ရက်တွင် အသနားခံစာတင်ပြထား ကြောင်း ဆိုင်ကယ်မောင်းသူ ကိုနိုင်ကိုဦး ၏ မိသားစုဝင်ထံမှ သိရသည်။


ပြီးခဲ့သည့် ဇွန်လ ၅ ရက် ည ၈ နာရီခွဲခန့်တွင် ထားဝယ်-မောင်းမကန် သွား ကားလမ်းမပေါ် (တောရှည်ရွာ ဆိုင်းဘုတ်အနီး) ထားဝယ်ဖက်မှ မောင်း မကန်ဖက်သို့ လူနှစ်ဦးစီးနင်းလာသည့် ဆိုင်ကယ်နှင့် မောင်းမကန်ဖက်မှ လာ သည့်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိ ခဲ့ကြောင်း ယင်းအသနားခံစာအရ သိရ သည်။အဆိုပါ ယာဉ်တိုက်မှုအား မောင်း မကန်ရဲစခန်းမှ ဆိုင်ကယ်မောင်းသူအား ယာဉ်(ပ) ၁၂/၂၀၁၆၊ ပြစ်မှုပုဒ်မ  ၃၃၈ (ယာဉ်အား မဆင်မခြင် မောင်းနှင်၍ လူအား အပြင်းအထန်ဒဏ်ရာရစေမှု) ဖြင့် အမှုဖွင့် ထားကြောင်း ယင်းစာတွင် ဖော်ပြ သည်။
“တစ်ဖက်သတ် စွပ်စွဲလို့ ဒီအသ နားခံစာနဲ့ တင်ပြလိုက်တာပါ”  ဟု အသနားခံစာတင်ထားသည့် ကိုနိုင်ဦး၏ အမဖြစ်သူ မအေးမိုးသက်က ပြောသည်။
မောင်းမကန်နယ်မြေရဲစခန်းမှ စခန်းမှူးကမူ ရဲတပ်ဖွဲ့၏ လုပ်ထုံး လုပ်နည်းများအရသာ အမှုဖွင့်ခြင်းဖြစ် ကြောင်း တုံ့ပြန်ပြောဆိုသည်။
အခင်းဖြစ်ပြီးချိန်တွင် ရှိနေသည့် ကားဆိုင်ကယ်အနေ အထား၊ သွေးကွက် အနေအထား၊ သက်သေခံပစ္စည်းများ လမ်းမပေါ်ကျနေသည့် အနေအထားနှင့် မျက်မြင်သက်သေများ၏ ပြောဆိုချက် အစရှိသည့်  အချက်များအရ အမှုဖွင့် ခြင်းဖြစ်ကြောင်း စခန်းမှူး ရဲအုပ်သက်ဦး က ဆိုသည်။
ဆိုင်ကယ်စီးသူဘက်မှ မှန်သည်ဟု ယူဆပါက ကားမောင်းသူကို လာရောက် အမှုဖွင့်နိုင်သည်ဟု ၎င်းက ပြောသည်။
ယာဉ်တိုက်မှုကြောင့် လောင်းလုံး မြို့နယ် ပန်းတင်အင်းရွာ နေ ဆိုင်ကယ် စီးနင်းလာသူ နှစ်ဦးအနက်  မောင်းနှင်သူ အသက် ၂၇ နှစ်အရွယ် ကိုနိုင်ကိုဦး မှာ ယာပေါင်ရိုးနှင့် ဘယ်ညို့သဂျီးရိုးကျိုး ကာ ဆိုင်ကယ်နောက်မှ ထိုင်လိုက်လာ သူ ပန်းတင်အင်းရွာနေ အသက် ၂၁ နှစ်အရွယ်  ကိုကိုလွင်မှာ ဦးနှောက် ထိခိုက်ခဲ့ပြီး ယာပေါင်ရိုးနှင့် ဘယ်လက် ကောက်ဝတ်အဆစ်ကျိုး သွားသည့် အတွက် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ ထားရကြောင်း ကိုနိုင်ကိုဦး၏ အစ်မ ဖြစ်သူ မအေးမိုးသက် ထံမှသိရသည်။