ဆယ်ကျော်သက် လူငယ်နှစ်ဦးထံမှ မူးယစ်ဆေး ဖမ်းမိ

0
423

ကော့သောင်းမြို့တွင် ဆယ်ကျော် သက် လူငယ် ၂ ဦးအား ဘိန်းစာမှုန့်၊ စိတ်ကြွ ဆေးပြား ၂၀၀ ကျော်နှင့်အတူ ဇွန်လ ၂၉ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု ကော့သောင်း မြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။


မြို့တွင်း မှောင်ရိပ်ခိုကာ ညအချိန် မတော် သွားလာနေသည့် လူငယ်များကို ရဲတပ်ဖွဲ့မှ တားဆီးစစ်ဆေးခဲ့ရာမှ အသက် ၁၈ နှစ်နှင့် ၂၀ နှစ်အရွယ် အထက်ပါ လူငယ် ၂ ဦးအား ဖမ်းမိ ခဲ့ခြင်းဖြစ်သည် ဟု အထက်ပါ ရဲတပ်ဖွဲ့ ထံမှ သိရသည်။
ဇွန်လ ၂၁ ရက်ကလည်း အုပ်စု လိုက် ဘိန်းစာမှုန့် ဖျော်သောက်နေသည့် ဆယ်ကျော်သက် လူငယ် ၄ ဦးကို ဖမ်း ဆီးခဲ့သေးကြောင်း ရဲအုပ်အောင်ဇော်မင်း ထွန်းက ပြောသည်။