မြန်မာ ငါးလှေများကို ထိုင်းဘက်မှ စတင်ကြပ်မတ်

0
484

ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ဂိုဒေါင် များတွင်  ငါးလာရောင်းချမည့် မြန်မာ ငါးလှေများကို ဇွန်လလယ်မှစပြီး ထိုင်းဘက်မှ  စစ်ဆေးလျက်ရှိကြောင်း ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ထံမှ သိရသည်။


ရနောင်းမြို့ ပေါက်ခေါင်း ရပ် ကွက်ရှိ Thon Thai Dee  ဂိုဒေါင်တွင် ငါးလုပ်ငန်း၊ အကောက်ခွန်၊ လ၀ကနှင့် ဆိပ်ကမ်းတာဝန်ရှိသူ ပါဝင်သည့် အဖွဲ့ စုံက Foreign Fishing Vessel Inspection Center (FFVIC)  ဖွင့် လှစ်ကာ ငါးလှေများကို စတင်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်ဟု အထက်ပါ အဖွဲ့က ပြောသည်။

boat
မြန်မာ ငါးလှေအပြင် ထိုင်းငါးလှေ အားလုံးသည် ယင်းစစ်ဆေးရေးဂိတ်တွင် တရားဝင် ငါးဖမ်းခြင်းဖြစ်ကြောင်း    ထောက်ခံစာအပြင် လှေဂရမ်၊ လုပ်ငန်း လိုင်စင် ရေလုပ်သားမှတ်ပုံတင် စသည့် စာရွက်စာတမ်းများနှင့်အတူ အစစ်ဆေး ခံရသည်ဟု သိရသည်။ ” အခုလို စစ်ဆေးရေး လုပ်နေတော့ မြန်မာငါးလှေတွေအနေနဲ့ အထောက်အ ထား ပြည့်စုံနေရင် အခက်အခဲမရှိဘူး။  ထိုင်းမှာကတော့  တရားမဝင် ငါးဖမ်းဆီး တာ ရေလုပ်သားတွေအပေါ် ကျွန်ပြု ခိုင်းစေတာတွေ လျော့နည်းသွားနိုင် တယ်”  ကော့သောင်း ကမ်းနီးငါး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ယင်း စစ်ဆေးရေး စခန်းကို ၂၄ နာရီ ဖွင့်လှစ်ထားသော်လည်း ရနောင်း သို့ ငါးလာရောက် ရောင်းချရန်အတွက် ၁၈နာရီမှ ၂၄ နာရီ အတွင်း ကြိုတင် သတင်း ပို့ထားရသည်ဟု ကော့သောင်း ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမင်းလွင်က ဆိုသည်။
စစ်ဆေးရေး စခန်း အပါအဝင် ဂိုဒေါင် ၆ ခုတွင်သာ ငါးအတင်အချ ပြုလုပ်ရမည်ဖြစ်ပြီးဂိုဒေါင် ၆ ခု စလုံး တွင် FFVIC အဖွဲ့က စစ်ဆေးသည်ဟု ဦးမင်းလွင်က ပြောသည်။ ယခင်က စာရွက်စာတမ်း အထောက်အထား တင်ပြ စရာမလိုဘဲ ငါးလှေများက ထိုင်းဝယ် လက်ထံ တိုက်ရိုက်ရောင်းချသည်။
ယခုအခါ  ရေထွက်ကုန်များ အား လုံးသည် ကုန်ကြမ်းမှ အစ  ကုန်ချော ဖြစ်သည်အထိ တရားဝင်ကြောင်း အ ထောက်အထား တင်ပြရမည် ဖြစ်ပြီး အထောက်အထားမရှိက ဥရောပသမဂ္ဂ က လက်ခံဝယ်ယူမည်မဟုတ်ဟု ထိုင်း အစိုးရကို သတိပေးခဲ့ပြီးနောက် ယခု ကဲ့သို့ စစ်ဆေးကြပ်မတ်မူများ စတင် ပြုလုပ်လာကြောင်း ကော့သောင်းကမ်းနီး ရေလုပ်ငန်းလုပ်ကိုင်သူ အသိုင်းအဝိုင်း ထံမှ သိရသည်။