ရွာဈေးကော်မတီသစ်ရွေးရေး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ကိုယ်တိုင်ပါ

0
550

မြိတ်မြို့နယ် မြိတ်တောင်ကျေးရွာ အုပ်စု အောင်မင်္ဂလာဈေးကော်မတီ အသစ် ရွေးချယ်ပွဲကို ဇွန်လ ၁၉ ရက်က ယင်းဈေးရှိ ဈေးတာဝန်ခံရုံး တွင်ပြုလုပ် ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်း ကိုယ်တိုင်လာရောက် ရွေးချယ်ပေးခဲ့ ကြောင်း ယင်းဈေးသူ^သားများထံမှ သိရသည်။


ကော်မတီအသစ်ရွေးချယ်ရာတွင် စည်ပင်မှရွေးချယ်ပေးမည်ဆိုပါက ပွင့်လင်းမြင်သာမှုမရှိဘဲ စည်ပင်နှင့် ရင်း ရာနှီးရာလူများကို သာခေါ်ယူပြီး ရွေး ချယ်ပေးမည်ကို စိုးရိမ်မှုများရှိခဲ့ကြောင်း  ဈေးသူ/သားတချို့က ပြောသည်။
“သံသယတွေများနေတော့ ယုံ ကြည် မှုရှိသွားအောင် ဈေးသူ/သားတွေရဲ့ ဆန္ဒအရ မဲစနစ် ရွေးချယ်ပေးခဲ့တာပါ” ဟု  ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြော သည်။
ဝန်ကြီးကိုယ်တိုင်ရွေးပေးသည့် အတွက်ရလဒ်ကိုကျေနပ်ပြီး ပျံကျဈေး သည်များလည်း ပါဝင်ခွင့်ရသည့်အတွက် မျှမျှတတဖြစ်သွားသည်ဟု ထင်မြင် ကြောင်း ကုန်စိမ်း^ခြောက် ရောင်းချနေသူ ဈေးသည် ဒေါ်မဉ္ဇူသောင်းက ပြောပြ သည်။
အဆိုပါ အောင်မင်္ဂလာဈေးတွင် ယခင်ဈေးကော်မတီဝင်ဟောင်းများက ဈေးသူ^သားများအပေါ်တွင် ဈေးနှင့် ပတ်သက်သည့် စာရင်းရှင်းတမ်းများကို ချမပြခြင်းနှင့် ဆိုင်ခန်းအသစ် ၁၂ ခန်း တည်ဆောက်ရန်အတွက် ဈေးသူ^သား များကို ညှိနှိုင်းဆွေးနွေး အသိပေး အကြောင်းကြားခြင်းမရှိဘဲ ပြင်ပမှ လူများကို လက်သိပ်ထိုးရောင်းချခဲ့မှုများ ရှိနေသည်ဟု ဈေးသူ^သားတချို့က ပြောပြသည်။
ယင်းကဲ့သို့ ဈေးကော်မတီဟောင်း ၏ လုပ်ရပ်များကို မကျေနပ်ကြသည့်အတွက် ပြေလည်အောင် ဖြေရှင်းပေး နိုင်ရန်ဈေးသူ။သားတစ်ချို့မှ လက်မှတ် ရေးထိုးပြီး တနင်္သာရီတိုင်းဝန်ကြီးချုပ်ထံ ပြီးခဲ့သည့် မေလအတွင်းက တင်ပြ တောင်းဆိုထားခဲ့ကြောင်း ဈေးသည် တစ်ဦးဖြစ်သူ ဒေါ်သန်းနုက ပြောသည်။
ဆိုင်ခန်းအသစ် ၁၂ ခန်းဆောက် လုပ်ရေးအတွက် ဈေးကော်မတီဟောင်း က မြို့နယ်စည်ပင်သာယာရေးသို့ အ ကြောင်း ကြားခဲ့ခြင်းမရှိသည့်အတွက် ဆောက်လုပ်ခွင့် ရပ်နားထားခဲ့ပြီးဖြစ်ကာ တိုင်းဒေသကြီးစည်ပင်မှ ညွှန်ကြားချက် အရ ဈေးကော်မတီအသစ်ကို ပြန်လည် ရွေးချယ်ပေးခြင်းဖြစ်ကြောင်း မြို့နယ် စည်ပင် တာဝန်ရှိသူတစ်ဦးက ပြောပြ သည်။
ဈေးကော်မတီအသစ်တွင် ဆိုင်ခန်း ပိုင်ရှင်များကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ စာရင်းစစ်၊ အဖွဲ့ ဝင်များ နှင့် ပျံကျဈေးသည်များမှ ကော်မတီ အရံအဖွဲ့ဝင်အဖြစ် ၅ ဦး စုစုပေါင်း ၁၃ ဦးဖြင့် ပါဝင်ဖွဲ့စည်းခဲ့ကြောင်း သိရ သည်။
အဆိုပါ အောင်မင်္ဂလာဈေးတွင် မြို့နယ်စည်ပင်ပိုင် ဆိုင်ခန်း ၁၂၆ ခန်း နှင့် ပျံကျဈေးဆိုင်ခန်း ၃၄၆ ခန်းရှိ ကြောင်း မြို့နယ်စည်ပင်သာယာရေးရုံးမှ သိရသည်။