ဘောလုံးကွင်း ရှာပုံတော်

0
465

ထားဝယ်တွင် ညနေဘက် ကျန်း မာရေးအတွက် ဘောလုံးကစားသူများ ညည်းတွားလာကြသည်။ ဘောလုံးကွင်း တစ်ကွင်းတည်းတွင် လူတိုးဝှေ့ကန် နေရခြင်းကြောင့် ဖြစ်သည်။ထားဝယ်တွင် ဘောလုံးကွင်း မရှိ ၍မဟုတ်။ သို့သော် ကန်ရန် အဆင်မပြေ ဟု ထားဝယ်မြို့ခံ ဘောလုံးကစားသမား များက ဆိုသည်။


အဓိကအားဖြင့် ညောင်ရမ်းတောင် ရပ်ကွက်ရှိ ရွှေဝယ်သီရိအားကစားကွင်း တွင်ညနေဘက်ကွင်းအတွင်း ဘောလုံး သမားများပြည့်လျှံနေသည်။ ဘောလုံး ကွင်းအတွင်း၌ သာမက ဘောလုံးကွင်း ပတ်လမ်းတွင်ပါ ဂိုးငယ်များထားကာ ကစားကြရသည်။
“ရင်ပြင်ကွင်းမှာကန်တဲ့သူ ၁၀၀ လောက်ရှိတယ်။ တစ်သင်းကို ၁၁ ယောက်ရှိရမယ့်အစား အခုလိုလူအများ ကြီးနဲ့ ကန်ရတော့ စိတ်ပျက်လာတယ်။ ကစားတဲ့ နည်းစနစ်ပိုင်းလည်း ထိခိုက် လာနိုင်တယ်” ဟု ကညုံရပ်ကွက်မှ အသက် ၂၀ အရွယ် ဘောလုံးကစားသူ တစ်ဦးက ပြောသည်။

football_field
ထားဝယ်တွင် တိုင်းအားကစား ကွင်း၊ ရွှေဝယ်သီရိကွင်း၊ အ.ထ.က ၂ ကွင်း၊ ပညာရေး ကောလိပ်ကွင်း၊ အ.ထ.က ၄ ကွင်း၊ ဘုန်းကြီးပျံကုန်း စသဖြင့် ဘောလုံးကွင်းများရှိသော်လည်း အများစုမှာကန်ရန်အဆင်မပြေဟု ကစားသမားများက ဆိုသည်။
တိုင်းအားကစားကွင်းကို ၂၀၁၅ ခုနှစ် ဇွန်လမှ စတင်ကာ အပျော်တမ်း ကစားသမားများကို ကစားခွင့်မပြု တော့ဘဲ ပြိုင်ပွဲအတွက်သာ အသုံးပြုရန် သတ်မှတ်ခဲ့သည်။
ကစားသမားအချို့ ကစားကြသည့် ဘုန်းကြီးပျံကုန်းကွင်းကိုမူ ယခုနှစ် အတွင်း ခြံစည်းရိုးကာရံလိုက်သည့် အ တွက် ကစားခွင့်မရတော့ကြောင်း ကစား သမားများထံမှ သိရသည်။” ကွင်းထဲမှာ သဲခုံကြီးတွေရှိတယ်။ မြက်ကကွင်း နံဘေးကဘေးစပ်မှာပဲရှိ တော့ လဲကျရင် မြက်မရှိလို့ ပိုနာတယ်။ မိုးရွာရင်လည်းလယ်ကွင်းထဲမှာ ကန်နေ ရသလိုခံစားရတယ်။ မြေလည်းမညီဘူး” ဟုအ.ထ.က (၂) ထားဝယ်ကျောင်း အတွင်းရှိ ဘောလုံးကွင်းတွင် ကစားနေ သူတစ်ဦးက ပြောသည်။
ပညာရေးကောလိပ်ကွင်းသည်လည်း ထိုနည်းလည်းကောင်းပင်ဖြစ်ပြီး ကလေး ငယ်များမှလွဲ၍ ကစားသူမရှိဟု ဆိုသည်။
အ.ထ.က ၄ ကျောင်းရှိ ဘောလုံး ကွင်းတွင်မူ ကစားသူအချို့ရှိသည်ဟု ကစားသမားများက ပြောသည်။
“တခြားနေရာတွေမှာလိုမျိုး ဖူ ဆယ် ကစားကွင်း ငယ်လေးတွေလုပ် ပေးရင်ကောင်းမယ်” ဟု ရွှေဝယ်သီရိအား ကစားကွင်းတွင် နေ့စဉ်ပုံမှန်ကစားသည့် အသက် ၂၅ နှစ်အရွယ် လူငယ်တစ်ဦးက ပြောသည်။
အဓိက အားဖြင့် ဘောလုံးကစားရန် အဆင်ပြေသည့် ရွှေဝယ်သီရိအားကစား ကွင်းတစ်ခုသာ ကစားသမားများ စုပုံနေ သည့်အတွက် အားကစားလောက အတွက် မျိုးဆက်သစ် ဘောလုံးသမား ရှားလာနိုင်သည်ဟု ဝေဖန်ပြောဆိုသူများ လည်းရှိသည်။