တစ်နှစ်လျှင် ရက်သုံးဆယ် ခံစားခွင့်ရှိသည့် ကျန်းမာရေးအာမခံထားနိုင်

0
494

တနင်္သာရီတိုင်းအတွင်းရှိ ပြည်သူ များအနေဖြင့် ဆေးရုံတက်နေစဉ် တစ်ရက် တစ်သောင်းခွဲကျပ်နှုန်းဖြင့် တစ်နှစ်လျှင် ရက် ၃၀ ခံစားခွင့်ရှိသည့် ကျန်းမာရေး အာမခံကို ဧရာဝတီဘဏ်ခွဲများတွင် ထားနိုင်ကြောင်း ဧရာမြန်မာအာမခံ လုပ်ငန်းမှ သိရသည်။


တစ်ယူနစ်လျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် တစ်ဦးလျှင် ၅ယူနစ်အထိ ဝယ်ယူနိုင်ပြီး အသက် ၆ နှစ်မှ ၆၅နှစ် အသက်အရွယ်ရှိသည့် မြန်မာနိုင်ငံသား များအပြင် နိုင်ငံခြားသားများပါ ဝယ်ယူ နိုင်ကြောင်း ဧရာမြန်မာအာမခံလုပ်ငန်းမှ ဒုမန်နေဂျာ ဒေါ်မြတ်အိမွန်က ပြောသည်။”ဆေးရုံတက်စရိတ်ကို အတိုင်း အတာတစ်ခုထိ တာဝန်ယူပေးတဲ့ အာမခံ အမျိုးအစားပါ”ဟု ဒေါ်မြတ်အိမွန်က ပြောသည်။
အသက် ၁၈နှစ်မပြည့်သေးသည့် သူများကို မိဘအုပ်ထိန်းသူမှ အာမခံ ထားပေး နိုင်ကြောင်း ၎င်းက ဆိုသည်။
ကျန်းမာရေး အာမခံ ဝယ်ယူထား သူသည် ဆေးရုံတွင် အနည်းဆုံး ၃ ရက် တက်ရောက်ကုသရမည်ဖြစ်ပြီး ၄ ရက် မြောက်သည့်နေ့မှစပြီး (အရှေ့ ၃ ရက် အပါအဝင်) တစ်ရက်လျှင် ၁၅၀၀၀ ကျပ် နှုန်းဖြင့် ရက်ပေါင်း ၃၀ ခံစားခွင့်ရမည် ဖြစ်ကြောင်း သိရသည်။
အာမခံလုပ်ငန်းများကို တိုင်း အတွင်းရှိ မြိတ်မြို့နှင့် ကော့သောင်း မြို့များတွင် ပြီးခဲ့သည့် ဇွန်လ ၁ ရက် နေ့မှစတင် လက်ခံနေပြီဖြစ်ကြောင်း ဧရာမြန်မာအာမခံလုပ်ငန်းမှ မန်းနေး ဂျင်းဒါရိုက်တာ ဦးမျိုးမင်းသူက ဆိုသည်။
ထားဝယ်မြို့ရှိ ဧရာဝတီဘဏ်ခွဲ တွင်မူလာမည့် ဩဂုတ်လတွင်မှ ဝန်ထမ်း များ စတင်ခန့်ထားမည်ဖြစ်ပြီး လက်ရှိ အချိန်တွင် ဘဏ်ခွဲမှတစ်ဆင့် ဆက် သွယ်ကာ ရန်ကုန်ရုံးချုပ်တွင် လက်ခံ ဆောင်ရွက်ပေးနေကြောင်း ၎င်းက ပြော သည်။
“ကျန်းမာရေးဝန်ကြီးဌာနက အသိ အမှတ်ပြုတဲ့ ဆေးရုံတွေမှာ တက်ရောက် ကုသသူတိုင်း အကျုံးဝင်ပါတယ်” ဟု ဦးမျိုးမင်းသူက ဆိုသည်။
ဧရာမြန်မာအာမခံလုပ်ငန်းမှ ကျန်းမာရေးအာမခံ၊ မီးအာမခံနှင့် အထူး ခရီးသွားအာမခံ အစရှိသည့် အာမခံ လုပ်ငန်းအမျိုးအစား ၁၂ မျိုးအား ဆောင် ရွက်ပေးနေပြီး ကျန်းမာရေးအာမခံ၏ သက်တမ်းမှာ တစ်နှစ်ဖြစ်ကြောင်း ဧရာ မြန်မာအာမခံလုပ်ငန်းမှ သိရသည်။