တိုင်စာ

0
433

တိုင်စာဆိုတာ အရင်အစိုးရ လက်ထက်က ခေါင်းထောင်ထလာတဲ့ စာတစ်မျိုးပါ။ တိုင်တဲ့စာက များသ လောက် ဖြေရှင်းပေးနိုင်တာက အလွန် နည်းမယ်ထင်ပါတယ်။ ပြည်သူ့မျက်နှာ မကြည့်တဲ့ အစိုးရ၊ ပြည်သူ့အသံကို နားမထောင်တဲ့အစိုးရ၊ ပြည်သူ့ခံစား ချက်ကို မျက်နှာလွှဲခဲပစ် လုပ်တတ်တဲ့ အစိုးရမျိုးမို့ ပြည်သူတွေရဲ့အခက်အခဲ၊ ပြည်သူတွေရဲ့ပြဿနာကို လစ်လျူရှု မဖြေရှင်းပေးတာလို့ ဝေဖန်ကြပါတယ်။

အခုချိန်မှာတော့ ပြည်သူတွေရွေးကောက် တင်မြှောက်လို့ ပြည်သူ့အစိုးရတစ်ရပ် မြန်မာနိုင်ငံမှာ ရှိနေပါပြီ။ သို့သော်လည်း ပြည်သူတွေကိုမျက်နှာမူ၊ ပြည်သူ့အသံ ကိုနားထောင်ပြီး ပြည်သူ့လိုအပ်ချက် တွေကို ပြည့်ပြည့်၀၀ဖြည့်ဆည်း ဆောင် ရွက်ပေးနိုင်မလားဆိုတာကတော့ စောင့် ကြည့်ရဦးမှာပါ။ ပြည်သူ့အစိုးရ ဖြစ်နေပြီ မို့ ပြည်သူတွေကလည်း သူတို့ရဲ့အခက် အခဲပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင် မယ်လို့ ထင်တဲ့သူတွေဆီကိုဦးတည် ပြီးတော့ တိုင်စာတွေပို့ကြပါတယ်။ အခု အစိုးရသက်တမ်းက ရက်တစ်ရာတောင် မပြည့်သေးပေမယ့် တိုင်စာတွေကတော့ ထောင်ချီရှိနေလိမ့်မယ် ထင်ရပါတယ်။ တိုင်စာတွေကို ကူညီဖြေရှင်းပေးနိုင်ဖို့ သီးသန့်ဝန်ကြီးဌာနတစ်ခုတောင် လိုနေ ပြီလားမသိ။ ဒါပေမယ့် သက်ဆိုင်ရာ လွှတ်တော်အမတ်တွေ အလုပ်ကြိုးစား နိုင်မယ်ဆိုရင်တော့ ဒီပြဿနာတွေကို ကူညီပေးနိုင်မယ်လို့ ထင်ပါတယ်။

letter_tzo_yaline
ဒီမိုကရေစီနိုင်ငံတော်တစ်ခု ဖြစ်နေ ပြီဆိုတော့ တိုင်ကြားတဲ့သူတွေရော လက် ခံဖြေရှင်းပေးမယ့် သက်ဆိုင်ရာတာဝန် ရှိသူတွေမှာပါ ပွင့်လင်းမြင်သာမှု၊ တာဝန် ယူမှု၊ တာဝန်ခံမှုတွေတော့ ရှိဖို့လိုအပ် မှာပါ။ တိုင်တဲ့သူတွေအနေနဲ့ ကိုယ်တိုင် လိုက်လို့ တစ်စုံတစ်ဦးရဲ့ဘ၀မှာ ပျက်စီး သွားနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင် မယ်ဆိုရင်တော့ သေသေချာချာစဉ်းစား ပြီးမှ တိုင်စေချင်ပါတယ်။ ကိုယ့်ဘက်မှာ တကယ်ကို ထိခိုက်နစ်နာမှုတွေရှိမှ တိုင် စေချင်ပါတယ်။

လူတစ်ယောက်အတွက် အောင်မြင်တဲ့ဘ၀တစ်ခု တည်ဆောက်ဖို့၊ မြင့်မားတဲ့ရာထူးတွေရဖို့ဆိုရင် သူ့အနေနဲ့ အချိန်တွေ အများကြီး ပေးဆပ်ပြီးတော့ ကြိုးစားခဲ့ရမှာပါ။ ကိုယ်တိုင်လိုက်လို့ အ ရေးယူအပြစ်ပေးတာခံရတာကို ကြည့်ပြီး တော့ တစ်ခဏတော့ ပြုံးပျော်နိုင်မှာ ဖြစ် ပေမယ့် သူဒုက္ခရောက်နေတာကို တသက် လုံးတော့ ကြည့်ပြီးပျော်နေနိုင်မှာ မဟုတ်ပါဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ကိုယ်လည်းသူ့ကိုကြည့်ပြီး စိတ်မကောင်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သေသေ ချာချာ စဉ်းစားပြီးမှ လုပ်စေချင်ပါတယ်။
ဒါပေမယ့် တိုင်ကြားဖို့လိုအပ်တဲ့ ကိစ္စတွေ တိုင်ကြားသင့်တဲ့သူတွေလည်း ရှိကောင်းရှိလာမှာပါ။ အများအကျိုးကို လျစ်လျူရှုပြီးတော့ ကိုယ်ကျိုးရှာလွန်းတဲ့ သူတွေ၊ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ ပျက်ကွက်တဲ့သူတွေ၊ မိမိရဲ့လုပ်ပိုင်ခွင့်ကို အလွဲသုံးတဲ့သူတွေ အစရှိတဲ့သူတွေကိုတော့ တိုင်သင့်ရင် တိုင်ရပါမယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ ဗုဒ္ဓဘာသာဝင်အများစု ဖြစ်ကြတာနဲ့အညီ အရာရာကို သည်းခံ ခွင့်လွှတ်ပေးတတ်တဲ့ သူတွေဖြစ်ပါတယ်။ သူလုပ်တဲ့အပြစ် သူခံဆိုပြီးတော့ ပစ်ထား တတ်ကြပါတယ်။ တကယ်လို့ တိုင်တန်း တာတွေ လုပ်လာပြီဆိုရင်တော့ အတိုင်ခံ ရသူဟာ အတော်လေးကို လွန်နေလို့ ဖြစ် မှာပါ။ တာဝန်ရှိသူတွေအနေနဲ့ အလေး အနက်ထားပြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုအပ်ပါမယ်။
မိသားစုထဲမှာသော်လည်းကောင်း အတန်းထဲမှာ သော်လည်းကောင်း နားပူ နားဆာလုပ်လွန်းတဲ့ကလေး၊ အတိုင် အတောထူတဲ့ကလေးတွေကို တွေ့ဖူး ကြမှာပါ။ ဘာမဟုတ်တဲ့ ပြဿနာလေး တွေကအစ တိုင်တန်းတတ်ကြပါတယ်။ အဲဒီကလေးတွေလိုမျိုးပဲ ရပ်ထဲရွာထဲမှာ လည်း အားအားရှိတိုင်ဖို့တောဖို့ပဲ ကြံ စည်နေတတ်တဲ့ သူမျိုးတွေလည်း ကြုံဖူး ကြမှာပါ။ ဒါကြောင့် တိုင်စာပို့တဲ့သူဟာ အဲဒီလိုလူမျိုးတွေဆီကလားဆိုတာ စိစစ်ဖို့ တော့လိုမှာပါ။ ဒါမှမဟုတ်ရင်တော့ အကျိုးမဲ့တာတွေ ဖြစ်လာနိုင်ပါတယ်။
နောက်တစ်ချက်က တိုင်စာတစ်ခုမှာ တစ်ဖက်တည်းကိုပဲ ကြည့်ပြီးတော့ ဆုံးဖြတ်မယ်ဆိုရင် အမှန်နဲ့နီးစပ်နိုင်မယ် မထင်ပါဘူး။ ပြဿနာတိုင်းမှာ နှစ်ဦး နှစ်ဖက်စလုံးမှာ အားနည်းချက်တွေ အ နည်းနဲ့အများတော့ ရှိနေနိုင်ပါတယ်။ ဒါ ကြောင့် နှစ်ဖက်စလုံးရဲ့ ဖြေရှင်းချက်တွေ ကို နားထောင်ပြီးမှ အမှန်နဲ့အမှားကို အဂတိတရားကင်းကင်းနဲ့  အသင့်တော် ဆုံးဖြစ်အောင် ဆုံးဖြတ်ပေးရမှာပါ။ ငါ့မှာအာဏာ၊ ပါဝါတွေ လုပ်ပိုင်ခွင့်တွေ ရှိတယ်ဆိုပြီး တော့ အာဏာရှင်ဆန်တဲ့ အမိန့်တွေ ဆုံး ဖြတ်ချက်တွေ ချမယ်ဆိုရင် ဒီမိုကရေ စီစံညွှန်းနဲ့ ကိုက်ညီမှာ မဟုတ် ပါဘူး။
ပြဿနာတစ်ရပ်ကို ချဉ်းကပ်တဲ့ နေရာမှာ Yes or No, Do and Don’t, Win or Lose ဆိုတဲ့ အဖြေနှစ်ခုတည်း နဲ့တော့ လုံလောက်မှ မဟုတ်ပါဘူး။ တတိ ယနည်းလမ်း တစ်ခုကိုစဉ်းစားရမှာပါ။ နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်ဖြေရှင်းနည်း Win – Win ပုံစံနဲ့ ဖြေရှင်းနိုင်မယ်ဆိုရင် တော့ အကောင်းဆုံး ဖြစ်မှာပါ။ ဒါပေမယ့် ပြတ်ပြတ်သားသား Dသ ညေိ Dသညဒအ ဆုံးဖြတ်ရမယ့် ကိစ္စတွေလည်း ရှိနိုင်ပါ တယ်။
ကျွန်မမှာလည်း တိုင်စာပေါင်းများစွာ အစိုးရအဖွဲ့ကို ရောက်နေမှာပါ။ လယ်ယာ မြေပြဿနာ၊ လျှပ်စစ်မီးပြဿနာ၊ အမှိုက် ပြဿနာ၊ သတ္တုတူးဖော်ရေး၊ သဘာဝပတ် ဝန်းကျင်အရေးနဲ့ ပတ်သက်တဲ့ပြဿနာ အစရှိသဖြင့် တိုင်ကြားစာပို့ထားတဲ့ ပြဿ နာပေါင်းများစွာ ရှိနေနိုင်ပါတယ်။ တိုင်စာ ဘယ်လောက်ရောက်နေပြီး ဘယ်လောက် ကိုတော့ ထိထိရောက်ရောက်ဖြေရှင်းပေး ထားပြီးပြီဆိုတာကို ထုတ်ပြန်ပေးတာမရှိ တော့ ပြည်သူတွေလည်း မသိရပါဘူး။ ရက်ပေါင်းတစ်ရာလည်း ပြည့်ပါတော့မယ်။

တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ပြည်သူ တွေကို ဟတ်ထိစေမယ့် ထိရောက်တဲ့ ဖြေရှင်းဆောင်ရွက်ပေးမှုမျိုး အခုထိ သိပ်မတွေ့ရ သေးပါဘူး။ ပြည်ထောင်စု အစိုးရ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရဖွဲ့တွေရဲ့ လုပ်ဆောင်ချက်တွေကို ကြည့်ပြီးတော့ ကျွန်တော်တို့ တနင်္သာရီတိုင်းသားတွေဟာ မိမိစိတ်ကိုမိမိ ဖြေသိမ့်နေကြရတာပါ။
မိမိမဲဆန္ဒရှင်တွေရဲ့ ဆန္ဒတွေကို ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင် ခြင်း၊ ဖြည့်ဆည်းပေးနိုင်ခြင်း မရှိရင်တော့ ပြည်သူတွေဆီက အသံတွေပိုပြီးတော့ ဆူဆူညံညံနဲ့ ထွက်လာမှာပါ။ ဒါတွေကို မသိကျိုးကျွံပြုပြီးတော့ဒီအတိုင်းပဲ ရှေ့ ဆက်သွားနေရင်တော့ တိုင်စာတွေကို ဖြေ ရှင်းပေးရတဲ့သူဘ၀ကနေ အတိုင်ခံ ရတဲ့ သူဘ၀ ရောက်သွားနိုင်ပါတယ်။

 

လာဘ် မစားတာတစ်ခုတည်းနဲ့တော့ ခေါင်း ဆောင်လုပ်ဖို့၊ အရေးကြီးတဲ့တာဝန်တွေကို ထမ်းဆောင်ဖို့ အရည်အချင်းပြည့်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ်တာဝန် ယူရတဲ့အချိန် ဘယ်လောက်ပဲရှိပါစေ ပြည်သူတွေရဲ့ဘ၀ တိုးတက်မြင့်မားအောင်၊ ပြည်သူတွေရဲ့အခက်အခဲကို ကူညီဖြေရှင်း ပေးနိုင်အောင် ကြိုးစားဆောင်ရွက်နိုင်ဖို့ လိုပါမယ်။ စွမ်းဆောင်ရည်ပြည့်ဝမှုမရှိ ရင်တော့ တိုင်စာတွေဟာ မိမိဘက်ကို မြားဦးလှည့်လာနိုင်ပါတယ်။
တိုင်စာတွေဟာ တာဝန်ယူမှု တာဝန် ခံမှုရှိတဲ့တိုင်စာတွေ၊ တစ်ဦးတစ်ယောက် အကျိုးထက် အများအကျိုးကို ဦးတည်တဲ့ တိုင်စာတွေ ဖြစ်အောင်တော့ ကြိုးစားကြရ မှာပါ။ တိုင်စာတွေကို ကိုင်တွယ်ဖြေရှင်း ပေးကြရသူတွေ အနေနဲ့လည်း အဂတိ တရားကင်းကင်းနဲ့ မေတ္တာနဲ့ယှဉ်ပြီးတော့ ဆုံးဖြတ်ပေးကြရမှာပါ။ နောက်ပြီးတော့ တိုင်စာကို လက်နက်သဖွယ် အသုံးချ ပြီးတော့ ခြိမ်းခြောက်မှုတွေလည်း ကင်း ဝေးဖို့လိုပါမယ်။