နောက်ဆုံးပေါ် ဆိုင်ကယ်စီးသူက ထီးပြင်သူတွင် ရွှေဆွဲကြိုးလု

0
408

မြိတ်မြို့၊ မြို့သစ်ရပ်တွင် ဇွန်လ ၂၁ ရက်က နောက်ဆုံးပေါ် ဆိုင်ကယ် စီးသူက ထီးပြင်သူထံမှ ရွှေဆွဲကြိုး လုယက်မှု တစ်ခု ဖြစ်ပွားခဲ့သည်။
၂၀၁၆ ခုနှစ်ထုတ် နောက်ဆုံးပေါ် Click-I အမျိုးအစား အဖြူရောင် မော်တော်ဆိုင်ကယ်စီးထားသူမှာ ဆိုင် ကယ်စီးသူ အမျိုးသားတစ်ဦးက လု ယက်သွားခြင်းဖြစ်ပြီး လုယူသွားသူမှာ ခပ်၀၀ အရပ်ပုပုဖြစ်ကြောင်း ကာယကံ ရှင် ဦးမြင့်စန်းက ပြောသည်။


“မိန်းမဖြစ်သူက လမ်းဘက်ကျော ပေးထားပြီး ထီးပြင်ပြီးအထတွင် ဆိုင် ကယ်စီးလာသူက နောက်ကနေ  ဆွဲကြိုး ကို လုယူထွက်ပြေးသွားပါတယ်” ဟု အလုခံရသူ၏ ခင်ပွန်းဖြစ်သူ ဦးမြင့်စန်း က ပြောသည်။
ရွှေဆွဲကြိုး တစ်ကျပ်သား(ငါးရိုး) ထိုင်းရွှေ ၉၆၅ အမျိုးအစား ကာလ ပေါက်ဈေး ခုနစ်သိန်းခွဲကျော် ပါသွားခဲ့ ကြောင်း ကာယကံရှင် ဇနီးမောင်နှံထံမှ သိရသည်။
“ရွှေတစ်ကျပ်သားရဖို့အတွက် တစ်မူးကနေစပြီးတဖြည်းဖြည်းစု ဆောင်းပြီး ဝယ်ထားတာပါ လက်တွန်း လှည်းနဲ့လုပ်ကိုင်လာတာ ၅ နှစ်ခန့်ရှိ နေပါပြီ ဆိုင်ခန်းလေး ငှားရမ်းနိုင်ဖို့ အတွက် ရွှေဆွဲကြိုးကို အသုံးပြုဖို့ လင်း မယားနှစ်ယောက် တိုင်ပင်ထားကြတာပါ အခုတော့ ဆိုင်ခန်းမငှားနိုင်တော့ပါဘူး”  ဟု ဦးမြင့်စန်းက ပြောပြသည်။ယင်းကိစ္စနှင့် ပတ်သက်ပြီး သက် ဆိုင်ရာရဲစခန်းသို့ အမှုဖွင့်ဆောင်ရွက် ထားခြင်းမရှိဘဲ မြို့ပေါ်ဈေးများရှိ ရွှေ အရောင်းဆိုင်များကို ယင်းရွှေဆွဲကြိုးလာရောက်ရောင်းချပါက ကာယကံရှင် သို့ အကြောင်းကြားပေးပါရန် စာရွက် များကို ဖြန့်ဝေထားပြီး ဖြစ်ကြောင်း ကာယကံရှင်ထံမှ သိရသည်။
မြိတ်မြို့ပေါ်တွင် ယင်းကဲ့သို့ ရွှေဆွဲကြိုး၊ ပိုက်ဆံအိတ်များနှင့် ဖုန်း များကိုမကြာခဏ လုယက်မှုများ ရှိနေ သော်လည်း ကာယကံရှင်များမှ ကိုယ် တိုင်ဖွင့်ဟ ပြောဆိုမှုနည်းပါးကြောင်း မြို့ခံတချို့က ဆိုသည်။