ဗိုလ်မှူးကြီးဗထူး နှစ်တစ်ရာပြည့် တိုင်းအစိုးရ ဦးဆောင်ရန် ကြိုးပမ်း

0
397

လာမည့် ဇူလိုင်လ ၁၂ ရက်တွင် ကျရောက်မည့် ဗိုလ်မှူးကြီးဗထူး၏ နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပပြုလုပ်ရန် တနင်္သာရီ တိုင်းအစိုးရ၏ ရာပြည့် ကော်မတီဖွဲ့ စည်းသွားမည်ဖြစ်ကြောင်း စီစဉ်သူများ ထံမှ သိရသည်။


ပြီးခဲ့သည့် ၂ နှစ်က ထားဝယ်တိုင်း ရင်းသားများ ပါတီနှင့် အရပ်ဘက်အဖွဲ့ များကသာ ကျင်းပခဲ့သော ဗိုလ်မှူးကြီး ဗထူးပွဲကို တိုင်းအစိုးရက ယခုနှစ်တွင် ကျင်းပရန် ခြေလှမ်းစလာခြင်းဖြစ်ပြီး ဇွန်လ ၂၅ ရက် ရာပြည့်ကော်မတီ၏ နာယကအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
နာယကအဖွဲ့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌ၊ ထားဝယ် ခရိုင်အတွင်းရှိ လွှတ်တော် ကိုယ်စား လှယ်များ၊ နိုင်ငံရေးပါတီ ဥက္ကဋ္ဌများနှင့် မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းခဲ့သည်။
” လာမယ့်အပတ်ထဲမှာ အလုပ် အမှုဆောင်ကော်မတီနဲ့ ဆပ်ကော်မတီကို ဖွဲ့စည်းမယ်” ဟု ရာပြည့် ကော်မတီဖြစ် မြောက်ရေး စီစဉ်နေသူ တစ်ဦးက ပြော သည်။ရာပြည့်ကော်မတီက ဗိုလ်မှူးကြီး ဗထူး၏ မွေးနေ့ပွဲအခမ်းအနားကို ကျင်း ပမည်ဖြစ်ပြီး အစီအစဉ်များကို ထပ်မံ ပြုလုပ်သည့်အစည်းအဝေးတွင်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရသည်။တစ်ဖက်တွင်လည်း ထားဝယ်တိုင်း ရင်းသားများပါတီနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများ ပူးပေါင်းကာ နှစ် တစ်ရာပြည့်အထိမ်းအမှတ်အခမ်းအနား များကို ကျင်းပရန် စီစဉ်လျက်ရှိသည်။
အစီအစဉ်များကို ကြိုတင်စီစဉ် ထားသည့်အတိုင်း ကျင်းပသွားမည် ဖြစ်သကဲ့သို့ တိုင်းအစိုးရ၏ ရာပြည့် ကော်မတီမှ လိုအပ်သည့် အကူအညီ များကို အစွမ်းကုန် ကူညီပေးသွားမည် ဖြစ်ကြောင်း ထားဝယ်တိုင်းရင်းသားများ ပါတီထံမှ သိရသည်။
ယင်းအပြင် နှစ် ၁၀၀ ပြည့်မွေး နေ့ပွဲကျင်းပပြီး ဇူလိုင်လ ၂၀ ရက် နေ့ခန့်တွင် လူဦးရေ ၁၀၀ ခန့်မှ ထားဝယ် ဆေးရုံကြီးတွင် သွေးလှူဒါန်း သွားမည်ဖြစ်ပြီးလာမည့်ပွင့်လင်းရာသီ (နိုဝင် ဘာလခန့်)တွင် နှစ် ၁၀၀ ပြည့် အခမ်းအနားအားခမ်းနားစွာလုပ်သွား ရန် မျှော်မှန်းထားကြောင်း ပါတီဥက္ကဋ္ဌ ဦးအေးမင်းက ပြောသည်။
ဇူလိုင်လ၁၂ရက်တွင် ကမြောကင်း တံတားထပ်ရှိ ရေဆိပ်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း ထားဝယ်ရိုးရာယဉ် ကျေးမှုပြခန်းပြသခြင်း၊ ထားဝယ်ရိုးရာ မုန့်မျိုးစုံကျွေးမွေးခြင်း၊ ထားဝယ်ရိုးရာ အိုးစည်နှင့်ထားဝယ် ရိုးရာအက၊ ကဗျာ ရွတ်ခြင်းနှင့် စာတမ်းဖတ်ခြင်းအစရှိ သည့် အစီအစဉ်များဖြင့် ကျင်းပသွား မည်ဖြစ်ကြောင်း ထားဝယ်တိုင်းရင်း သားများပါတီမှ သိရသည်။ဗိုလ်မှူးကြီးဗထူးကို  ၁၉၁၆ ခုနှစ် တွင် လောင်းလုံးမြို့နယ်လေး သွန်းခံ ကျေးရွာ၌ အဘဦးဘကွန်း၊အမိဒေါ်စိန်မြ တို့က မွေးဖွားခဲ့ပြီး ၁၉၄၅ ခုနှစ် ဇွန်လ ၂ ရက်တွင် ဖက်ဆစ် ဂျပန်များအား တော်လှန်ရင်း ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့အနီး တယ်လူးစခန်း (ယခုဗထူးတပ်မြို့)တွင် ငှက်ဖျားရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။