ရေးတွင် တရားခံပြေး ၁၆၀ ကျော် ရှိ

0
459

မွန်ပြည်နယ် တောင်ပိုင်း ရေးမြို့ နယ်အတွင်း တရားခံပြေး ၁၆၂ ဦး ရှိကြောင်းရေးမြို့နယ် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
တရားခံပြေး ၊ စစ်ပြေး၊ ရဲပြေးနှင့် ရဲဘက်ပြေးဟူ၍ ပြေး ၄ ပြေး ရှိသည်။

အဆိုပါ ပြေး ၄ ပြေးနှင့် ပတ်သက်ပြီး ရပ်မိရပ်ဖများနှင့် အုပ်ချုပ် ရေးမှူးများအား သတင်းပေးပို့ရန် အကူ အညီတောင်းထားကြောင်း ရေးမြို့နယ် ရဲမှူးမြင့်သော်က ပြောသည်။ ” ကိုယ့်ရပ်ရွာထဲမှာ အနေအထား အမှုအယာပျက်နေတဲ့သူတွေ သတင်းပေး ဖို့အကူအညီတောင်းထားပါတယ်၊ အဲဒီ လူတွေကို မှတ်တမ်းမှတ်ရာတွေနဲ့တိုက် ဆိုင်စစ်ဆေးပြီးတော့ ဖမ်းဆီးအရေးယူ မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ရဲမှူးက ဆိုသည်။
တရားခံပြေးများ၏ ပုံစံများ ကိုလည်းရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေး မှူးများထံ ပေးပို့ထားကြောင်း သိရ သည်။

ရေးမြို့နယ်အတွင်းရှိ ရေးမြို့မ ရဲစခန်း၊ လမိုင်းနယ်မြေ ရဲစခန်းနှင့် ခေါစာနယ်မြေ ရဲစခန်းတို့၏ စာရင်းအရ တရားခံပြေး ၁၄၁ ဦး၊ စစ်ပြေး ၃ ဦး၊ ရဲပြေး ၁၁ ဦးနှင့် ရဲဘက်ပြေး ၈ ဦးရှိရာ တရားခံပြေး ၁ ဦးနှင့် စာရင်းမဲ့ တရား ခံပြေး ၂ ဦးတို့အား ဖမ်းဆီးရမိထား ကြောင်း အထက်ပါရုံးမှ သိရသည်။
တရားခံပြေးများအား ဖမ်းဆီး ရမိရေး ကြိုးပမ်းလျက်ရှိပြီး လက်သင့် ခံထားခြင်း၊ ခိုလှုံခွင့် ပေးထားခြင်း၊ အစားအသောက်ကျွေးမွေးခြင်း၊ ဘ၀ ရပ်တည်မှုအတွက် နည်းမျိုးစုံဖြင့် ထောက်ပံ့ပေးထားခြင်း၊ သက်ဆိုင်ရာသို့ သတင်းပေးအကြောင်းကြားမှုမရှိခြင်း ပြုလုပ်ပါကလည်း ဥပဒေအရ အရေးယူ ခြင်းခံရမည်ဟုလည်း ရဲမှူးက ပြော သည်။