ကော့သောင်း ဆိပ်ကမ်းသာပန်းခြံ အဆင့်မြှင့်စေလို

0
470

ထိုင်း – မြန်မာ နယ်စပ်မြို့ဖြစ်ပြီး နိုင်ငံခြား ခရီးသွားများ အဝင်အထွက် များသည့် ကော့သောင်းမြို့၏ တစ်ခု တည်းသော ပန်းခြံအား အဆင့်မြှင့် တင်ပေးသင့်ကြောင်း ကော့သောင်းမြို့ခံ များနှင့် ပရဟိတ အဖွဲ့များက ပြော သည်။

ဆိပ်ကမ်းသာပန်းခြံသည် အဏ္ဏဝါ ရပ်ကွက် ကမ်းနာလမ်းတွင် ရှိပြီး ပန်းခြံ အတွင်း အရိပ်ရ ပြီး ကောင်းမွန်သော အပင်များ စိုက်ပျိုးပေးခြင်း၊ လေ့ကျင့်ရေး ပစ္စည်းများ ထည့်ပေးခြင်းနှင့် ကလေးများ ကစားနိုင်သည့် ပစ္စည်းများ ဖြည့်ပေးရန် လိုအပ်ကြောင်း ဒေသခံများက အကြံပြု ပြောသည်။” ဆိုင်းဘုတ်ကလည်း စာလုံးတွေ ပျက်နေပြီ ၊ လက်ရန်း သံလုံးတွေကလည်း ဆွေးပြီး ပြုတ်နေတာတွေ ပန်းခြံထဲ အရိပ်မရှိလို့ နေ့ခင်းဘက် မသွားနိုင်ဘူး၊ အားကစား ပစ္စည်းကလည်း နည်းတော့ လုနေရတယ်၊ ကလေးတွေ ကစားဖို့ လည်း ဘာမှမရှိဘူး အမှိုက်တွေလည်း ပန်းခြံထဲမရှိအောင် ဆောင်ရွက်ပေး စေချင်တယ်” ဟု ပန်းခြံအတွင်း လာ ရောက်အပန်းဖြေသူ ဦးစိုးဝင်းက ဆို သည်။

လက်ရှိတွင် စည်ပင်သာယာ ရေးမှ ပန်းခြံသာယာ လှပရေး ဆောင်ရွက် လျက်ရှိပြီး ဘတ်ဂျတ် အနေအထားရ ပျက်စီးနေသည့် နေရာများကို ပြုပြင် သွားရန်အစီအစဉ်ရှိကြောင်း ကော့သောင်း စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ကော့သောင်းဆိပ်ကမ်းသာ ပန်းခြံ သို့ နိုင်ငံခြားသား ခရီးသွားများ ထိုင်း ခရီးသွားဧည့်သည်များ နေ့စဉ်လာ ရောက်လည်ပတ်မူရှိသည်ဟု ခရီးသွား လုပ်ငန်းလုပ်ကိုင်နေသည့် အဖွဲ့များထံမှ သိရသည်။