မလေးရှားသွားပြိုင်မဲ့ ထားဝယ်မယ် စန္ဒီအေးလွင်

0
759

မလေးရှားနိုင်ငံမှာကျင်းပမယ့် Miss Scuba International 2016 ၂၀၁၆ အလှမယ်ပြိုင်ပွဲကိုသွားယှဉ် ပြိုင်ဖို့ရှိတယ်လို့ထားဝယ်သူလေး စန္ဒီအေးလွင်က ပြောပါတယ်။

sandi_aye_lwin

ရေအောက် အဏ္ဏဝါထိန်းသိမ်း စောင့်ရှောက် ရေးဆိုင်ရာ အလှမယ်ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ် စားပြုအလှမယ် တစ်ယောက်အနေနဲ့ လာမယ့်နိုဝင် ဘာ လမှာသွားရောက်ယှဉ်ပြိုင်ရမယ်လို့ စန္ဒီအေး လွင်က ဆိုပါတယ်။”မြန်မာဆိုတဲ့ စလွယ်ကိုလွယ်ပြီးဝင်ရောက်ယှဉ်ပြိုင်တာ ဖြစ်တဲ့အတွက် အကောင်းဆုံးဆိုတာ ထက် ပိုပြီးကြိုးစား နေပါတယ်” လို့အသက် ၁၉ နှစ်ရှိပြီဖြစ်တဲ့သူက ဆိုပါတယ်။

ပြိုင်ပွဲဝင်ဖို့ ရေကူး၊ ရေငုပ် ကျွမ်းကျင်ဖို့နဲ့ ခန္ဓာကိုယ်ပိုင်းကျန်းမာကြံ့ခိုင်အောင်လေကျင့်နေ ပြီး ပင်လယ်သမုဒ္ဒရာနဲ့ဆိုင်တဲ့ စာတမ်းတွေကိုလည်း လေ့လာနေတယ်လို့ဆိုပါတယ်။စန္ဒီအေးလွင်ဟာ ၂၀၁၄ ခုနစ်မှာထားဝယ် တက္ကသိုလ်ရဲ့အလှမယ်အဖြစ် အရွေးခံခဲ့ရသူဖြစ်ပြီး ထိုင်း-မြန်မာ ချစ်ကြည်ရေးအလှမယ်ပြိုင်ပွဲ၊ Miss Golden Land Myanmar(2015) နဲ့ Miss Universe Dawei (2015) ပြိုင်ပွဲတွေမှာ စကာ တင်ရွေးချယ်ခံရဖူးတဲ့ အလှမယ်တစ်ယောက်လည်း ဖြစ်ပါတယ်။