ပွင့်သောပန်းတိုင်း လန်းစေသော်

0
513

“သံပါတ်ရုပ်ကလေးမောင်နီ” ကိုရေး စဉ်က ကလေးတစ်ယောက်ရဲ့ မျှော်လင့် ချက်တွေ၊ လွပ်လပ်ခွင့်တွေ၊ လူ့အသိုင်း အဝိုင်းကနေ ဆွဲထုတ် ခံလိုက်ရတာတွေ ကို ဇောင်းပေးပြီး ရေးဖြစ်ခဲ့တယ်။ ဒီ အကြောင်းကို ဆရာမတစ်ယောက်က “ခုခေတ်ကလေး တော်တော်များများက မောင်နီ့နီးနီး မိဘတွေက ကြပ်မတ်ထား တာတောင်မှ စည်းမဲ့ကမ်းမဲ့၊ ဗရမ်းဗတာ လေးတွေဖြစ်ကုန်ကြတာ” လို့ ဆိုလာပါ တယ်။

တစ်ဖက်က ပြန်စဉ်းစားကြည့်ပြန် တော့လည်း ဆရာမစကားက အတိုင်း အတာတစ်ခုအထိတော့ မှန်နေသား။ ဒါကို အရင်က တည်းကလည်း တွေး ကြည့်ဖူးပါတယ်။ ဟုတ်တယ်။ ခုခေတ် ကလေးတွေက ပရမ်းပတာလေးတွေ ပိုဖြစ်လာကြတယ်။ သူတို့ကို ဒီလိုဖြစ် အောင် ဖန်တီးပေးနေတဲ့ ပတ်ဝန်းကျင် ကလည်း ရှိနေတယ်။ ကျောင်းချိန်၊ ကျူရှင်ချိန်တွေမှာ ကလေးတွေ ဂိမ်းဆိုင် ရောက် နေကြတယ်။ မုန့်ဖိုး၊ ကျူရှင် လခတွေဟာ ဂိမ်းဆော့ဖို့နဲ့ ကွမ်းယာဖိုး တွေ ဖြစ်ကုန်ကြတယ်။
future_flowers
ကလေးအများစုဟာ သူတို့ရတဲ့ ကိုယ်ပိုင်အချိန်တွေကို သူတို့ပတ်ဝန်း ကျင်မှာ လက်လှမ်းမီသမျှ မကောင်းမှုတွေ လုပ်ပြီး ကုန်လွန်နေကြတယ်။ ဒီ အ ကြောင်းနဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့နှစ်တော် သလင်းလဆန်း ၁၄ ရက်ညက အဖြစ် အပျက် တစ်ခုကို သတိရမိသေးတယ်။ ည ၈ နာရီခွဲလောက် ကံပေါက်ရွာ အ ထက်တန်းကျောင်းနားက လက်ဖက်ရည် ဆိုင်တစ်ဆိုင်မှာ ကျွန်တော်တို့ သူငယ် ချင်းတစ်စု လက်ဖက်ရည်သောက်နေချိန် ပေါ့။ လက်ဖက်ရည်ဆိုင် ရှေ့တည့်တည့် မှာက ဘုန်းတော်ကြီး ကျောင်း။ ဘုန်း တော်ကြီးကျောင်းရဲ့ ရှေ့ဘက်က စေတီရင်ပြင်ကို လှမ်းကြည့်လိုက်တော့ ပြည့်လုပြည့်ခင် တော်သလင်းလမင်းရဲ့ အလင်းအောက်မှာ ဆေးလိပ်မီးတစ်စုက ရဲခနဲ ပေါ်လာလိုက်၊ မှိန်သွားလိုက်။ သေ ချာကြည့်မိတော့ ၁၁ နှစ် ၁၂ နှစ် အရွယ် ကလေး တစ်အုပ်စု။ အုပ်စုမှ အုပ်စုကြီး။ ခန့်မှန်းခြေအယောက် ၂၀ ထက်တော့ မနည်းနိုင်။ နောက်တစ်နေ့ လပြည့်နေ့ မနက်မှာ ဒေသအခေါ် ဥပသကာလို့ခေါ်တဲ့ တစ်ရွာလုံးပတ်ပြီး အလှူခံထွက်ကြမလို့ ဘုန်းကြီးကျောင်းမှာ လာအိပ်တဲ့ ကလေး တွေပေါ့။

ခဏနေတော့ ဆေးလိပ်ဖွာရင်း တန်းလန်းနဲ့ ဘုန်းကြီးကျောင်းဝင်းထဲ ကနေ လက်ဖက်ရည်ဆိုင်ရှိတဲ့ လမ်းမ ဘက်ကို အုပ်စုလိုက်ကြီး ထွက်လာကြ တယ်။ သူတို့ကို စပ်စုချင်တာနဲ့ “ကောင် လေးတွေ၊ ငါတို့လည်း တစ်လိပ်လောက် မျှပါဦးကွ” ဆိုတော့ ခပ်တည်တည်နဲ့ လက်ဖက်ရည်ဆိုင် တံစက်မြိတ်နားကပ် လာပြီး “ရော့ အစ်ကိုကြီး ၃ လိပ်ပဲ ကျန် တော့တယ်၊ အကုန်သာ ယူလိုက်တော့ “ဆိုပြီး လက်ထဲက ဆေးလိပ်ဗူးကို ကမ်း ပေးတယ်။ “မင်းတို့ဘယ်နှစ်တန်းလဲကွ ဆိုတော့ ပထမတော့ ကျောင်းမနေဘူးလို့ ဖြေတယ်။ နောက်မှ အဖွဲ့ထဲက တစ် ယောက်က အသံကျယ်ကြီးနဲ့ “အဲဒီ ကောင်တွေ လိမ်နေတာဗျို့၊ ၄ တန်းပါ၊ ၄ တန်းပါ” လို့ အော်ပြီး အားလုံးထွက် ပြေးကုန်ကြတယ်။

ဆေးလိပ်ဗူးခွံပေါ်မှာ ရေးထားတဲ့ ” အသက် ၁၈ နှစ် မပြည့်သေးသူများကို မရောင်းရ” ဆိုတဲ့ စာတန်းကို ဆေးလိပ် ရောင်းသူတွေ မဖတ်မိကြတာလား။ ကလေးတွေကပဲ “ဖေဖေဝယ်ခိုင်းတာ” လို့ပြောပြီး မနက်ကတည်းက ကြိုဝယ် ထားကြတာလား။ လူကြီးတွေက ကလေး တွေကို ဆေးလိပ်မဝယ်ခိုင်းသင့်ဘူး၊ ဆေးလိပ် မီးမတို့ခိုင်းသင့်ဘူး ဆိုတာတွေ တကယ်ပဲ မသိကြတာလား။ ဒါမှမဟုတ် ဆေးလိပ်သောက်တာ ကောင်းတယ်လို့ များ ထင်နေကြလေရော့သလား။ လား ပေါင်းများစွာ။

ကျွန်တော်တို့ ငယ်ငယ်က လပြည့် လကွယ် ဥပသကာထွက်ရင် ဘုန်းကြီး ကျောင်းကို ည ၇း၃၀ အတိမှာ ရောက် အောင် သွားရတယ်။ ရောက်ရင် ဆရာ တော်က သီလပေး၊ ဘုရားရှိခိုးကြ။ ပြီးရင် ဗုဒ္ဓဝင်အစရှိတဲ့ မှတ်ဖွယ်မှတ်ရာ အထွေထွေတွေကို ဆရာတော်က မိန့် တယ်။ ပြီးရင် အိပ်ကြပေါ့။ တချို့ ကလေးတွေကတော့ ညည့်နက်တဲ့အထိ ဗွီဒီယိုရုံမှာ ဗွီဒီယိုကြည့်၊ အနီးအနား ခြံတွေက သီးနှံတွေကို ကလေးသဘာဝ အပျော် ဆွတ်ခူးစားကြတာတော့ ရှိပါရဲ့။ ဒီဘက်ခေတ်ကတော့ အကွာကြီးကွာ သွားခဲ့လေပြီ။ အဲဒီကလေးတွေကတော့ ဆရာတော်သိရင် ကြိမ်နဲ့ ဆော်ပလော် အတီးခံရတော့တာပေါ့။

ကျွန်တော့်အသိ မိတ်ဆွေလင်မယား ရဲ့ တစ်ဦးတည်းသော သားလေးဟာ ၆ တန်းရောက်နေပြီ။ စာအတော်ကြီးထဲက မဟုတ်ပေမယ့် သိပ်မဆိုး။ မိဘတွေ ကလည်း အလိုလိုက်ပါတယ်။ အလိုလိုက် မှန်းသိတော့ နောက်ပိုင်း သူ နည်းနည်း ဆိုးလာတယ်။ စက်ဘီးဝယ်ခိုင်းတယ်။ အဲဒါမရရင် ကျောင်းမသွားဘူး၊ ကျူရှင် မသွားဘူးပေါ့။ နောက်ဆုံးတော့ ဝယ်ပေး လိုက်တယ်။ စက်ဘီးလည်း ရရော၊ သူ အိမ်မကပ်တော့ဘူး။ ကျောင်းသွား ဖို့လည်း အတော်ပြောယူနေရတယ်။ ကျူရှင်ချိန်တွေမှာ ရပ်ကွက်ထဲက ကျောင်းမနေတဲ့ ကလေးတချို့နဲ့ စက်ဘီး ပြိုင်စီးရင်း အချိန်ကုန်တယ်။ အဖေအမေ ပြောလည်း မရတော့။ အားရင် စက်ဘီး ကိုတသသ။ ကြာတော့ သားကိုချစ်ပြီး အလိုလိုက်ပါတယ်ဆိုတဲ့ မိဘတွေဆက် ပြီး စိတ်မရှည်နိုင်ကြတော့။ ရိုက်တာ၊ နှက်တာတွေ လုပ်ကုန်ပါလေရော။ ဒီတော့ကလေးက ပိုဆိုးလာတယ်။ ထစ်ကနဲရှိ အိမ်ကထွက်ပြေးတယ်။ မိဘ ပိုက်ဆံ ခိုးတယ်။ ကြာတော့ သူများ ဆိုင်က ပစ္စည်းတစ်ချို့လိုချင်မျက်စိ ဖြစ်ရာက လုတဲ့အဆင့်အထိ ရောက် တယ်။ ရုံးပြင်ကနားရောက်တော့ မိဘ တွေနောက်က လိုက်ရှင်းရတယ်။ အမေ လုပ်သူက မျက်ရည်လေး တစမ်းစမ်း။ ကျောင်းက ဆရာမတွေကလည်း ခဏ ခဏတိုင်လို့ ရုံးခန်းသွားပြီး ခံဝန်ကတိ ထိုးရလည်း အကြိမ်ကြိမ်။ မိတ်ဆွေမိဘ နှစ်ပါးမှာ သူတို့ကလေးကို ဘယ်လို ဆက်ပြီး ကိုင်တွယ်ရမှန်း မသိတော့။ နောက်ဆုံးတော့ ကံကိုပဲယိုးမယ်ဖွဲ့ပြီး နေကြရတော့တယ်။

မိတ်ဆွေတစ်ယောက်က သူတို့ရွာ မှာ ဂိမ်းဆိုင်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ ပြောတယ်။ သူတို့ရွာမှာက ဂိမ်းဆိုင်မရှိ။ သူ့စိတ်ကူးက ကွန်ပြူတာ စာစီစာရိုက် ဆိုင်လေးနဲ့ တွဲဖွင့်မယ်ပေါ့။ သူ့အပြောအ ရ ရွာမှာ ၁၀ တန်းဖြေထားတဲ့ ကလေး တွေ၊ ကျောင်းတစ်ပိုင်း တစ်စနဲ့ထွက် လိုက်တဲ့ ကလေးတွေ၊ အလုပ်မရှိတဲ့ လူ ငယ်တွေ အတော်များဆိုပဲ။ ဒါက သူ ဖောက်သည်ဖြစ်ဖို့ စာရင်းတို့ထားတဲ့ လူစာရင်းပေါ့။ မိတ်ဆွေဆိုပေမယ့် သူငယ်ချင်းတစ်ပိုင်းလည်းဖြစ်၊ အားနာ ရမယ့်သူလည်းမဟုတ်တော့ ပွင့်ပွင့် လင်းလင်းပဲ အကြံပေးဖြစ်ခဲ့တယ်။ “ကျောင်းသားများ ဂိမ်းမဆော့ရ “ဆိုတဲ့ စာတန်းလေး မင်းဆိုင်ပေါက်ဝမှာ ချိတ် ထားစေချင်တယ်လို့ပါ။ ခေတ်ပညာတတ် သူငယ်ချင်းကလည်း အဲဒီအကြံကို လုံးဝ သဘောတူပါတယ်။ ကျောင်းသားတွေ လာဆော့ရင် သူကိုယ်တိုင် ပြန်လွှတ်မယ် လို့လည်း ကတိပေးတယ်။

“အိုးကောင်းလို ချင်နာနာရိုက်” ဆိုတာ အိုးလုပ်ငန်းအတွက်တော့ အရေး ကြီးတဲ့ မှတ်သားစရာ ဖြစ်မယ်ထင် ပါတယ်။ ကျွန်တော်တို့ ကလေးတွေဟာ မီးဖိုထဲထည့်ဖုတ်မယ့်အိုးတွေ မဟုတ် ပါဘူး။ ဒီတော့ နာနာလည်း ရိုက်ဖို့ မလို သလို၊ ဖြည်းဖြည်းလည်း ရိုက်ဖို့ လိုမယ် မထင်ပါဘူး။ ကလေးတွေကို လူကောင်း လေးတွေဖြစ်အောင် ကိုင်တွယ်ရတာဟာ အခက်ခဲဆုံး အနုပညာတစ်ရပ် ဖြစ်မယ် ထင်ပါတယ်။ အလိုလိုက်လွန်း ရင်လည်း စက်ဘီးလိုချင်တဲ့ကလေးလို ဖြစ်သွားနိုင် သလို အလျှော့ပေးလွန်းရင်လည်း ဘုန်းကြီးကျောင်းထဲက ကလေးတွေလို ဖြစ်သွားနိုင်ပါတယ်။
တစ်ချိန်တည်းမှာ ကလေးတွေ ရဲ့ပတ်ဝန်းကျင်မှာ အကျင့်ဆိုးတွေကို လက်လှမ်းမမီအောင် ပြုလုပ်ထားရပါ မယ်။
ကွမ်းယာ ဆိုင်တွေဟာ ကလေး တွေကို ကွမ်းယာတွေ ဆေးလိပ်တွေ ရောင်းဖို့ မငြင်းပယ်နိုင်လောက်အောင် ဘယ်လို အရေးတကြီး အကြောင်းပြ ချက်တွေ ရှိနေပါသလဲ။

ဒီလိုပါပဲ ဂိမ်းဆိုင်တွေ၊ အရက်ဆိုင် တွေကလည်း ကလေးတွေကို ငြင်းပယ်ဖို့ သတ္တိမရှိ ကြဘူးလား။
အနာဂတ်ပန်းကလေးတွေ လန်း လန်းဆန်းဆန်းပွင့်လန်းနိုင်ဖို့ ရေလောင်း ပေါင်းသင်မလုပ်နိုင်ရင်တောင် အဆိပ် တွေနဲ့ မလိမ်းကျံပေးမိကြဖို့ လိုမယ်လို့ တွေးမိရင်း။