မြို့ထွက်ပေါက်များတွင် လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ရန် အကြံပြု

0
471

ထားဝယ်မြို့မှ အခြားမြို့ကြီးများ သို့သွားရာ ထွက်ပေါက်များတွင် လမ်းညွှန် ဆိုင်းဘုတ်များ တပ်ဆင်သင့် ကြောင်း ထားဝယ်မြို့ခံအချို့က အကြံပြု ပြောဆို သည်။
အခြားဒေသမှ လာရောက်သည့် ဘုရားဖူးကားများ၊ လာရောက်လည်ပတ် သူများသည် မြို့ပြင် ဝင်ထွက်လမ်းများကို မသိဘဲ မြို့ထဲတွင် တဝဲလည်လည်ဖြစ် လေ့ရှိသည်။

” ကမ်းနားဈေးနားမှာ ရန်ကုန် ဘယ်လမ်းသွားရမယ်လို့ မှန်လုံကား ကြီးတစ်စီး လာမေးဖူးတယ်။ လမ်းမှား လို့ ပြန်ကွေ့လို့ရှိရင်လည်း မြို့တွင်းမှာ ယာဉ်ကြောပိတ်ဆို့မှုတွေလည်း ဖြစ်နိုင် တယ်” ဟု ထားဝယ်မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
အခြားဒေသမှ ခရီးသွားများ ဝင်ရောက်မှု အဆမတန် များပြားလာ သည့်အတွက် လမ်းညွှန် ဆိုင်းဘုတ်များ စိုက်ထူသင့်သည်ဟု ထားဝယ်မြို့ခံ ကိုဟိန်းအာကာ က ပြောသည်။

ထားဝယ်မှ အခြားမြို့များသို့ သွားရာ မြို့အထွက်နေရာများတွင် လမ်း ညွှန်ဆိုင်းဘုတ်များအား ဇွန်လကုန် ခန့်တွင် စိုက်ထူပေးသွားမည်ဖြစ်ကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။အခြားဒေသမှ ပြည်တွင်း ဘုရား ဖူးဧည့်သည်များအပါအဝင် နိုင်ငံခြား သားများ ထားဝယ်ဒေသသို့ ဝင်ရောက်မှု မှာ နှစ်စဉ်တိုးမြင့်လျက် ရှိသည်။